Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
မူရှာရက်ဖ်ရဲ့ ရန်ဘက်ဟောင်း ပါကစ္စတန် ၀န်ကြီးချုပ်သစ် ဂီလာနီး ကျမ်းသစ္စာကျိန်ဆို

25 March 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

President Pervez Musharraf greets newly-elected Prime Minister Yousuf Raza Gilani after swearing-in ceremony, 25 Mar 2008
ပါကစ္စတန်သမ္မတ ပါဗက်ဇ်မူရှာရက်ဖ်
(၀ဲ) ၀န်ကြီးချုပ်သစ် ယူးဆုဖ်ရယ်ဇား ဂီလာနီး(ယာ)ကို နှုတ်ဆက်နေစဉ်။
မတ် ၂၅၊ ၂၀၀၈
ပါကစ္စတန်သမ္မတ ပါဗက်ဇ် မူရှာရက်ဖ် (Pervez
Musharraf) က ၀န်ကြီးချုပ်သစ် ယူးဆုဖ်
ရယ်ဇား ဂီလာနီး (Yousuf Raza Gilani) ကို
ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုစေပြီး တာဝန်ပေး
လိုက်ပါတယ်။ အစ္စလမ်မာဘတ်မြို့ သမ္မတ အိမ်တော်မှာပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ
အခမ်းအနားကို သမ္မတ မူရှာရက်ဖ်က
ဦးဆောင်ခဲ့ပါတယ်။

ဝန်ကြီးချုပ်သစ် ဂီလာနီးဟာ သမ္မတ မူရှာရက်ဖ် အစိုးရလက်ထက်မှာ လေးနှစ်ကျော် ထောင်ကျ
ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဘနာဇာဘူတို
(Benazir Bhutto) ရဲ့ ပီပီပီပါတီဝင်တဦးလည်း ဖြစ်ပါတယ်။

မစ္စတာဂီလာနီး ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးပြီးချင်းဆိုသလိုပဲ ပီပီပီပါတီ
ဝင်တွေက (Long Live Bhutto) ဘူတိုအသက်ရှည်ပါစေလို့ ကြွေးကြော်ခဲ့ကြပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
မစ္စတာဂမ်ဘာရီ ခရီးစဉ်ကို အခွင့်အလမ်းတရပ်အဖြစ် အသုံးပြုရန် မြန်မာအစိုးရကို အမေရိကန်တိုက်တွန်း  Audio Clip Available

  More From VOA
မြန်မာ့လေဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ရလဒ်ကောင်းများရှိနေဟု ကုလအကြီးအကဲ ပြောဆို  Audio Clip Available
စစ်အစိုးရ လမ်းပြမြေပုံ ခရီးမပေါက်နိုင်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဝေဖန်  Audio Clip Available
သတင်းသမားများအပေါ် စစ်အစိုးရ ပိုမိုကန့်သတ်  Audio Clip Available
မြန်မာ မိတ်ဆွေနိုင်ငံများ အစည်းအဝေး ကုလ အတွင်းရေးမှုးချုပ် ခေါ်ယူ  Audio Clip Available
ဆိုက်ကလုံးအလှုငွေ မြန်မာစစ်အာဏာရှင်လက်ထဲ မရောက်စေရန် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က သတိပေး  Audio Clip Available
နိုင်ငံရေးအကျဉ်းသားများ အင်းစိန်ထောင်မှာ တိုက်ပိတ်ခံရ  Audio Clip Available
ရာဒိုဗန် ခရာဒစ်ရှ် ပြစ်မှုတရားရုံးတွင် ကိုယ်တိုင် ခုခံလျှောက်လဲမည်  Audio Clip Available
မြန်မာ့အရေး ပိုလုပ်ရန် အာဆီယံကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တိုက်တွန်း  Audio Clip Available
ဖွဲ့စည်းပုံသစ်ကို လက်မခံဖို့ ကုလသမဂ္ဂကို မြန်မာလွှတ်တော်အမတ် ၅ ဦး တိုက်တွန်း  Audio Clip Available