Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
ဆန္ဒပြပွဲတွေ အပြီး နိုင်ငံခြား သတင်းထောက်တွေ တိဘက်ကို ပထမအကြိမ် အကဲခတ်ခွင့်ရ

26 March 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

တိဘက်မြို့တော် လာဆာမြို့မှာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲပြီးတဲ့ နောက်ပိုင်း နိုင်ငံခြား သတင်းထောက်တွေကို ဒီကနေ့ ပထမဆုံးနေ့အဖြစ် ၀င်ခွင့်ပြုလိုက်ပါတယ်၊ တရုတ်တာဝန်ရှိ ပုဂ္ဂိုလ်တွေကနေ ဦးဆောင်ပြီးတော့ နိုင်ငံခြားသတင်းထောက်တွေကို တိဘက်မှာ လေ့လာဖို့ နှစ်ရက်ကြာ ခရီးစီစဉ် ပေးခဲ့တာ ဖြစ်ပါတယ်။ လာဆာမြို့မှာ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲတဲ့ နောက်ပိုင်း နိုင်ငံခြား သတင်းထောက်တွေ အားလုံးကို ၀င်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ မတ်လ(၁၀)ရက်နေ့ကစတင်ခဲ့တဲ့ တိဘက် သံဃာတော်တွေရဲ့ ဆန္ဒပြမှုကို တရုတ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် အနည်းဆုံးလူ(၁၄၀)ခန့်သေဆုံးခဲ့ရတယ်လို့ အဝေးရောက် တိဘက်အစိုးရက ပြောပါတယ်၊ တရုတ်အစိုးရကတော့ လူ(၂၀)ပဲသေဆုံးခဲ့တယ်လို့ပြောပါတယ်။

နှစ်(၅၀)ကျော်ကြာ တရုတ်ရဲ့ အုပ်စိုးမှု အောက်မှာနေခဲ့ကြရတဲ့ ပြည်သူတွေက တိဘက်ရဲ့ နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာတွေမှာ တရုတ်ရဲ့ ဖိနှိပ်ချယ်လှယ် လွှမ်းမိုးတာတွေကြောင့် ဆန္ဒပြခဲ့ ကြတယ်လို့ ဆိုပါတယ်၊ တိဘက်ဆန္ဒပြခဲ့သူတွေထဲက (၆၀၀)ကျော် အညံ့ခံခဲ့တယ်လို့လည်း တရုတ် အာဏာပိုင်တွေက ပြောကြပါတယ်၊

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ဇင်ဘာဘွေသတင်းကို မြန်မာစာပေစိစစ်ရေးက ပိတ်ပင်  Audio Clip Available

  More From VOA
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲမှာ ဖမ်းဆီးခံရ သူတွေကို စတင်ရုံးထုတ်  Audio Clip Available
(၂၃၂) ကြိမ်မြောက် အမေရိကန် လွတ်လပ်ရေးနေ့ ဆင်နွှဲ  Audio Clip Available
တရုတ်နှင့်ထိုင်ဝမ် လေကြောင်း ခရီးစတင်  Audio Clip Available
ဖွဲ့စည်းပုံမူကြမ်း ဆန့်ကျင်သူတွေကို ပြစ်မှုနဲ့ထောင်ချ  Audio Clip Available
ကျန်ဓားစာခံတွေ လွတ်မြောက်ရေး ဆက်ကြိုးပမ်းဖို့ အင်းဂရစ် ဘီတန်ကုတ် တိုက်တွန်း  Audio Clip Available
လေဘေးဒဏ်ခံ မြန်မာလူထုအတွက် ကူညီကယ်ဆယ်ရေး ရန်ပုံငွေ ပြတ်လတ်မှုများရှိနေ
မြန်မာလေဘေးဒုက္ခသည် ၈၀ ကို လူမှောင်ခိုလက်ထဲမှ ထိုင်းရဲတပ်ဖွဲ့ ကယ်တင်  Audio Clip Available
၆နှစ်ကြာ ပြန်ပေးဆွဲခံထားရသည့် Ingrid Bentancourt ကိုလံဘီယာတပ်များ ကယ်ဆယ်  Audio Clip Available
လုံခြုံရေးကောင်စီ၌ မြန်မာ့အရေးဆွေးနွေးရန် ဗြိတိသျှနှင့်အမေရိကန် အဆိုပြု  Audio Clip Available