Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
စစ်အစိုးရ လူထုဆန္ဒခံယူပွဲ တရားဥပဒေနဲ့ကိုက်ညီမှု မရှိလို့ ဗြိတိန် ဝေဖန်

19 April 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

ရှေ့လ လူထုဆန္ဒခံယူပွဲမှာ တင်ပြမယ့် ဖွဲ့စည်းပုံ မူကြမ်းဟာ တရားဥပဒေနဲ့ ကိုက်ညီပြီး အဖွဲ့အစည်းအားလုံး ပါဝင်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ အထူး သံတမန်က ပြောဆိုပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်လာတဲ့ ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒန်ဘရောင်းရဲ့ မြန်မာပြည် ဆိုင်ရာ အထူး သံတမန် မိုက်ကယ် ၀ီလီယံမ်း(စ်) က မေလ ၁၀ ရက်နေ့ လူထုဆန္ဒခံယူပွဲ ကျင်းပရာကို နိုင်ငံခြား သတင်းထောက်များအား အကဲခတ်လေ့လာခွင့် စစ်အစိုးရဖက်က မပေးလို့ အကောင်းမမြင်နိုင်ဘူးလို့ ဆက်လက် ပြောဆိုပါတယ်။

၂၀၁၀ ခုနှစ်မှာ ပြုလုပ်မယ်လို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ အဲန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘူးလို့ စစ်အစိုးရက တားမြစ်ထားတာကြောင့် အဲဒီ ဖွဲ့စည်းပုံမူကြမ်းကို နိုင်ငံတကာက ပြစ်တင်ဝေဖန်နေပါတယ်။

စစ်အစိုးရ အာဏာမြဲရေးအတွက်သာ ရေးဆွဲထားတာ ဖြစ်တယ်လို့လည်း စမ်းစစ်သူများက ထောက်ပြဝေဖန် ထားပါတယ်။ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူထုဆန္ဒခံယူပွဲ ကန့်ကွက်မဲ ပေးကြဖို့ တိုက်တွန်းနိုးဆော်ထားပြီး “NO” ဆိုတဲ့ ကန့်ကွက်မဲပေးခြင်း စာလုံးပါတဲ့ တီရှပ်
ဝတ်ထားသူ လူငယ် ၂၃ ထက်မနည်း အင်္ဂါနေ့က အဖမ်းခံလိုက်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား