Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
မြောက်ကိုရီးယား ညူကလီးယား အစီအစဉ် ထုတ်ပြန် ကြေညာပေးဖို့ မျှော်လင့်ချက်ရှိနေဆဲ

20 April 2008
Scott Sterns - အစီအစဉ်ကိုရယူရန် (MP3) audio clip
Scott Sterns - နားဆင်ရန် (MP3) audio clip

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ၂၀၀၇ခုနှစ် ခြောက်နိုင်ငံ အစည်းအဝေးပွဲ သဘောတူညီချက်အရ သူ့ရဲ့  ညူကလီးယားလက်နက် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တိတိကျကျ ထုတ်ဖော်ပြောဖို့ အမေရိကန် သမ္မတဘုရှ်နဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့က အခုထိ မျှော်လင့်ချက်တွေ ထားနေတယ်လို့ ပြောကြားလိုက်ပါတယ်။  မြောက်ကိုးရီးယားနိုင်ငံဘက်က ဒါတွေကို ထုတ်ဖော်ပြောဆိုဖို့ အချိန်ဟာ သုံးလကျော် နောက်ကျနေတာပါ။ သမ္မတ နှစ်ဦး Camp David အပန်းဖြေ စခန်းမှာ တွေ့ဆုံ ပြောဆိုကြတာတွေကို ဗွီအိုအေ သတင်းထောက် စကော့ စတန်းက သတင်းပေးပို့ထားတာကို ဒေါ်ညိုညိုလွင်က တင်ပြပေးပါတယ်။

တောင်ကိုရီးယားသမ္မတလီက နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်လို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပြီး၊ နိုင်ငံတခုအနေနဲ့ သူရဲ့ ညူကလီးယားပိုင်ဆိုင်မှုတွေကို လက်လွှတ်ခံဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

သမ္မတ လီ နဲ့ သမ္မတ ဘုရှ်တို့ နှစ်ဦးဟာ ဒေးဗစ် ကမ်ပ့်မှာ သတင်းထောက်တွေ့နဲ့ တွေ့ဆုံပြီး ပြောဆိုရာမှာ မြောက်ကိုရီးယားရဲ့ ညူကလီယား လက်နက်ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး သူတို့ အနေနဲ့ နည်းလမ်းမျိုးစုံနဲ့ ပန်းတိုင်ရောက်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ ပြောဆိုခဲ့ပြီး၊ တောင်ကိုရီးယား သမ္မတလီက စကားပြန်နဲ့ ပြောဆိုရာမှာ

“ကျနော်တို့ နှစ်ဦးလုံး ထပ်လောင်း ပြောဆိုချင်တာကတော့ ဘယ်လို အခြေအနေမျိုး အောက်မှာ ပဲဖြစ်ဖြစ် မြောက်ကိုရီးယားအနေနဲ့ ညူကလီးယား လက်နက်ပိုင်ဆိုင်တာတွေကို ခွင့်မပြုနိုင်ပါဘူး၊ ဒါ့အပြင် ခြောက်ပါတီ ဆွေးနွေးပွဲတွေကို ကျနော်တို့ နီးနီးကပ်ကပ်ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အဲ့ဒီက သဘောတူညီချက်တွေအရ မြောက်ကိုးရီးယားအနေနဲ့ သူရဲ့ ညူကလီးယား လက်နက်ပိုင်ဆိုင်မှု အားလုံးကို အမြန်ဆုံး ပေးအပ်ရမှာ ဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားဘက်က သဘောထား ကြေညာချက် ထွက်ပေါ်လာတာမရှိသေးပဲ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ်အနေနဲ့ အချိန်အတိုင်အတာတခု လိုအပ် နေသေး တယ်လို့ သမ္မတ ဘုရှ်ကဆိုပါတယ်။

“မြောက်ကိုရီးယားလို ပွင့်လင်းမှုမရှိတဲ့ နေရာမျိုးမှာ သတင်းလွတ်လပ်ခွင့် သိပ်မရှိပါဘူး။ အတိုက်အခံတွေ ဘာပြောချင်နေတယ်ဆိုတာကိုလည်း သိပ်မကြားရပါဘူး။ အဲဒီမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ပြောရဖို့က သိပ်ကို ခက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းက ကြေညာချက်တွေ ထုတ်ပြီးတော့ ငါးနိုင်ငံနဲ့ ဆက်ဆံရေးအတွက် စမ်းသပ်နေပါတယ်။ ကျွန်တော်တို့တွေ စည်းစည်းလုံးလုံး ရှိရဲ့လားဆိုတာကို သူတို့ စောင့်ကြည့်နေကြတာပါ။”

သူတို့ပေးခဲ့တဲ့ ဂတိအတိုင်း လုပ်ဆောင်ခဲ့မယ်ဆိုရင် ကျနော်တို့ဘက်ကလည်း ဆုံးဖြတ်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ နိုင်ငံတွေအားလုံး မြောက်ကိုရီးယားဘက်က ပြည့်ဝတဲ့ ထုတ်ဖေါ်ကြေညာချက်တွေ လုပ်ဆောင်လာပြီဆိုရင် ကိုယ့်နိုင်ငံအလိုက် လုပ်ဆောင်ပေးရမဲ့ တာဝန်ဝတ္တရားတွေကို လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်လို့လဲ သမ္မတဘုရှ်က ဆက်လက်ပြောဆိုခဲ့ ပါတယ်။

ဆက်လက်ပြီး သမ္မတဘုရှ်ကပဲ ကျွန်တော်တို့အားလုံး မြောက်ကိုရီးယားကို ညှိနှိုင်း ဆောင်ရွက်မှု တွေနဲ့ အရေးယူမှု ဆုံးဖြတ်မှုတွေ မပြုလုပ်ခင် စောင့်ကြည်ကြပါဦးလို့လဲ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒီနေ့မှာပဲ အမေရိကန်နိုင်ငံက ကိုယ်စားလှယ် အဖွဲတဖွဲ့ကို ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မြောက်ကိုးရီးယားကို စေလွှတ်လိုက်ပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း ဒီနှစ်အတွင်း တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ လွတ်လပ်တဲ့ ကုန်သွယ်မှုတွေ ပြုလုပ်ဖို့ အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အကြောင်းကိုလည်း သမ္မတ ဘုရှ်က ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား