Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
မလေးရှားအကျဉ်းစခန်းမှာ မြန်မာဒုက္ခသည်တွေ မကျေနပ်လို့ ဆူပူပြီး ရုံးကိုမီးရှို့

21 April 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

မလေးရှားနိုင်ငံမှာ တတိယနိုင်ငံကို သွားရောက်အခြေချနေထိုင်ခွင့် တောင်းခံတာ
ငြင်းပယ်ခံရတဲ့ မြန်မာ ၆၀ လောက် မြို့တော်ကွာလာလမ်ပူ အပြင်ဘက်မှာရှိတဲ့ ထိန်းသိမ်းရေးစခန်းရုံးကို မီးတင်ရှို့တယ်လို့ မလေးရှားရဲက ပြောပါတယ်။

အဲဒီမြန်မာ ၆၀ လောက် ၀င်လာကြပြီး ရုံးပစ္စည်းတွေကိုဖျက်ဆီး၊ အဆောက်အဦးကို
မီးတင်ရှို့လို့ ရဲ ၂၀၀ လောက် ရောက်လာပြီး အခြေအနေကို ထိန်းသိမ်းလိုက်ရတယ်လို့
ပြည်နယ်ရဲမှူး အိုစ်မန် အဗ္ဗဒူလာ (Datuk Osman Abdullah) ကပြောကြောင်း စတား နေ့စဉ်သတင်းစာက ကိုးကားရေးသားပါတယ်။

ယူအန်အိပ်ခ်ျစီအာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက သူတို့ကို တတိယနိုင်ငံမှာ သွားရောက်အခြေချနေထိုင်ဖို့ နေရာမရှိဘူးလို့ ငြင်းပယ်လိုက်ပြီးနောက် အခုလို
ဆူပူကြတာလို့ သတင်းများက ဖော်ပြပါတယ်။

မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် လူ ၄၅,၀၀၀ ကျော်လောက် မှတ်ပုံတင်ထားကြပြီး
အများဆုံးက မြန်မာနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံက ဖြစ်ကြတယ်လို့ ယူအန်အိပ်ခ်ျစီအာရုံး
က ဆိုပါတယ်။

မလေးရှားအစိုးရက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်မှာ ပါဝင် လက်မှတ်ရေးထိုးထားခြင်းမရှိလို့ ဒုက္ခသည်အများစုကို တရားမ၀င် ၀င်ရောက်သူများ
အဖြစ်နဲ့သာ ဆက်ဆံသဘောထားတယ်လို့ ဆိုပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား