Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
ရန်ကုန်မြို့လယ်ခေါင်တွင် ဗုံးပေါက်ကွဲ

21 April 2008
တင်မောင်သန်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
တင်မောင်သန်း - နားဆင်ရန် (MP3) audio clip

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ပေါက်ကွဲမှု နှစ်ရပ် ကို ကြားကြရပေမဲ့၊ အသေအပျောက် ကိုတော့ ချက်ချင်း မသိကြရသေးပါဘူး။  မြို့လယ်ခေါင် လမ်းပေါ် မှာ တနင်္ဂနွေနေ့ က ပထမ ပေါက်ကွဲမှု တစ်ရပ် ဖြစ်ခဲ့ပြီး၊ ကားအောက် က ထွက်ပေါ်လာခဲ့တာ ဖြစ်ဟန်တူတယ်လို့ သက်သေတွေ က ဆိုပါတယ်။  ရဲ က အဲဒီနေရာတွေ ကို ပိတ်လိုက်တဲ့ အချိန်မှာ ရန်ကုန် မြို့လည်ခေါင် ဇိမ်ခံ ဟိုတယ် အနီး မှာ နောက် ပေါက်ကွဲမှုတစ်ရပ် ကြားရပြန်ပါတယ်။  ရန်ကုန်မြို့ က ပုဂ္ဂိုလ်တစ်ဦး က အခုလို ပြောပြပါတယ်။

“၉နာရီ ၁၅လောက်မှာ ဗုံးပေါက်တဲ့အသံ ရတယ်။ တော်တော် ကျယ်ကျယ်လောင်လောင် ကြားရတယ်။ ပထမတခါလဲ ပေါက်တယ်လို့ ပြောတယ်။ ၇နာရီကျော်ကျော်လောက်က ဒါပေမဲ့ အဲဒါကိုတော့ မကြားမိဘူး။ ဗုံးတွေ ပေါက်တယ်ဆိုတော့ လူတွေလည်း ထွက်ပြေးပေါ့။ စစ်ကားတစ်စီးလည်း မြို့ထဲဘက်ကို သွားတာတွေ့လိုက်တယ်။”

ဘာ က ပေါက်ကွဲစေသလဲ ဆိုတာ ချက်ချင်း မရှင်းလှသေးပါဘူး။  ၁၉၆၂ ကတည်း က စစ်တပ်အုပ်ချုပ်ခဲ့တဲ့ မြန်မာပြည်မှာ ဗုံး အသေးစား ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ခဲ့ပါတယ်။ 

ဖွဲ့စည်းအုပ်ချုပ်ပုံ အသစ် အပေါ် လူထု ဆန္ဒခံယူပွဲ မလုပ်မီ သုံးပတ်အကြာမှာ တနင်္ဂနွေနေ့ က ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။  ဖွဲ့စည်းပုံ ဟာ ပါတီစုံ ရွေးကောက်ပွဲ ကို ဦးတည်သွားလိမ့်မယ်လို့ စစ်အစိုးရ က ဆိုပါတယ်။ 

အစိုးရ က ၀ါဒဖြန့်ချိရေး ကို အရှိန်မြှင့် ဆောင်ရွက်နေသလို၊ သူ နဲ့ သဘောထား ကွဲသူတွေ ကိုလည်း ဆန္ဒခံယူပွဲ မတိုင်မီ မှာ နှိမ်နင်းနေတယ်လို့ အတိုက်အခံ က ပြောပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား