Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
နယူးယောက်တွင် ဆုတောင်းပွဲလုပ်ပြီး ပုပ်ရဟန်းမင်း၏ အမေရိကန်ခရီးစဉ် အဆုံးသတ်

21 April 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

နယူးယောက် မြို့ ဘေ့စ်ဘော ကွင်း မှာ လူ ၆ သောင်း ကို စကားပြောကြားပြီး၊ ပုပ်ရဟန်းမင်းကြီး က သူ့ ရဲ့ အမေရိကန် ခရီးစဉ် ကို အဆုံးသတ်လိုက်ပါတယ်။  

အဲသလို ပြောကြားရာမှာ ဘရင်ဂျီ ဘာသာဝင်တွေ ညီညွတ်ကြဖို့ ပုပ်ရဟန်းမင်းကြီး Benedict က တောင်းဆိုလိုက်ပါတယ်။  ပရိသတ် က ပုပ်ရဟန်း မင်းကြီး ကို Vatican အရောင် လက်ကိုင်ပုဝါတွေ ဝေ့ယမ်း၊ အော်ဟစ် နှုတ်ဆက်ခဲ့ကြပါတယ်။  နယူးယောက် မြို့တော်ဝန် ကလည်း အဲဒီ ဆုတောင်းပွဲ ကို အခြား နိုင်ငံရေး သမားတွေ နဲ့ အတူ တက်ရောက်ခဲ့ပါတယ်။ 

အမေရိကန် နိုင်ငံ ဟာ ဘရင်ဂျီဘာသာဝင်တွေ အတွက် လွတ်လပ်စွာ ယုံကြည်မှု ကို လက်တွေ့ ကျင့်သုံးခွင့်ရရုံမက၊ နိုင်ငံသား တစ်ယောက် အနေနဲ့ နိုင်ငံရဲ့ အရေး မှာ ပါဝင်ဆောင်ရွက်ခွင့် ရရှိတဲ့ တိုင်းပြည်ဖြစ်ပါတယ် လို့ ပုပ်ရဟန်းမင်းကြီး က အမေရိကန် နိုင်ငံ ကို ချီးကျူး ပြောဆိုသွား ခဲ့ပါတယ်။ 

အမေရိကန် ကို အကြမ်းဖက်သမားတွေ က ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် မှာ တိုက်ခိုက်ခဲ့တာ ကို ခံခဲ့ကြရတဲ့ ကယ်ဆယ်ရေး လုပ်သားတွေ နဲ့ ခံခဲ့ရသူတွေ အတွက် ပုပ်ရဟန်းမင်းကြီး က ကနေ့ အစောပိုင်း မှာ ၀တ်ပြုဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ 

တချိန် က World Trade Center အမွှာ အဆောက်အဦ ၂ ခု ရှိခဲ့တဲ့ Manhattan အောက်ပိုင်း မှာ ပုပ်ရဟန်းမင်းကြီး က ၀တ်ပြုဆုတောင်းပွဲ တစ်ပွဲ ကျင်းပခဲ့ပါတယ်။  ခံခဲ့ရတဲ့ မိသားစု တွေရဲ့ ကိုယ်စားလှယ်တွေ နဲ့ အသက်ရှင်ကျန်ခဲ့တဲ့ လူ ၂၄ ယောက် ကို ပုပ်ရဟန်းမင်းကြီး က တစ်ဦးချင်း တွေ့ဆုံခဲ့ပါတယ်။ 

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
အမေရိကန်စစ်သင်္ဘောတွေ ၀င် ရောက်ကူညီခွင့်ပြုရေး သမ္မတကတော် လော်ရာဘုရှ် တောင်းဆို  Audio Clip Available
လေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူ အန်န်အယ်လ်ဒီလူငယ်တချို့ အဖမ်းခံရ  Audio Clip Available
ကယ်ဆယ်ရေးပစ္စည်း ပိတ်ပင်မှု လူသားမဆန်တဲ့ ရာဇ၀တ်မှုဖြစ်  Audio Clip Available
မြန်မာပြည် လေဘေးကယ်ဆယ်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ အာဆီယံဖွဲ့စည်း  Audio Clip Available
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့တွေ့မည်  Audio Clip Available
လေဘေးသင့် ဒေသမိဘမဲ့ ကလေးများ အခြေအနေ ဆိုးရွားနေဆဲ  Audio Clip Available
မြန်မာ့မုန်တိုင်းဘေးကယ်ဆယ်ရေး အမေရိကန်လွှတ်တော်မှာ ကြားနာစစ်ဆေး  Audio Clip Available
လူသားချင်းစာနာမှုဆိုင်ရာ ကုလအကြီးအကဲ မြန်မာစစ်ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံ  Audio Clip Available
ကုလအတွင်းရေးမှူးချုပ် မြန်မာပြည်ခရီးစတင်ထွက်ခွာ  Audio Clip Available
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ခံမဲ အာဏာပိုင်တွေ လဲနေ  Audio Clip Available