Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
ရာသီဥတုအပြောင်းအလဲက စားနပ်ရိက္ခာ အကျပ်အတည်းကို မီးထိုးပေးနေ

23 April 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

Kofi Annan-April 22, 2008.AP
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း
မစ္စတာ ကိုဖီအန်နန်။
ဧပြီ ၂၂၊ ၂၀၀၈
(ဓာတ်ပုံ-အေပီ)
ကမ္ဘာကြီးမှာ ကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာရှားပါးမှု
ပြဿနာဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုဆိုး
စေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုဖြစ်လာအောင် ခြိမ်းခြောက်နေတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန် (Kofi
Annan) က သတိပေးလိုက်ပါတယ်။

ရာသီဥတုပြောင်းလဲမှု အကျိုးဆက်တွေကို အာရုံ
စိုက်တဲ့ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ ဖိုရမ်
အဖွဲ့သစ် (Global Humanitarian Forum) မှာ
မစ္စတာအန်နန်က အင်္ဂါနေ့က ပြောကြားခဲ့တာ
ဖြစ်ပါတယ်။ အစာရေစာရှားပါးမှုနဲ့ ဆက်နွယ်တဲ့
ဆန္ဒပြမှုတွေ ထပ်ပြီးတော့ ဖြစ်လာဖို့ရှိတယ်လို့
လည်း မစ္စတာအန်နန်က ပြောပါတယ်။

ရာသီဥတု ဆိုးဝါးဖောက်ပြန်မှု၊ ခန့်မှန်းရခက်မှု
တွေကြောင့် ကမ္ဘာ့နေရာ တော်တော်များများမှာ အခြေခံစားသောက်ကုန်တွေ
စိုက်ပျိုးလို့မရ ဖြစ်နေသလို ဆင်းရဲတဲ့ လယ်သမားတွေဟာလည်း အချိုးမညီအောင်ကို ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းက
ပြောပါတယ်။

လေထုညစ်ညမ်းမှုဖြစ်အောင် အလုပ်ဆုံးနိုင်ငံတွေအနေနဲ့ လယ်သမားတွေ ရာသီဥတု
ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်အောင်လို့ သေသေချာချာ ကူညီသင့်တယ်လို့
လည်း ကိုဖီအန်နန်က ပြောပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား