Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
အတိုက်အခံနဲ့ အမြန်ဆုံးဆွေးနွေးဘို့ စစ်အစိုးရကို တိုက်တွန်းတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ထပ်မံတင်သွင်း

24 April 2008
ကျော်ကျော်သိန်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
ကျော်ကျော်သိန်း - နားဆင်ရန် (MP3) audio clip

ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်းထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက် မူကြမ်းကို ဗုဒ္ဓဟူးနေ့က အဖွဲ့ဝင်နိုင်ငံတွေကြား ဖြန့်ဝေလိုက်ပါတယ်။ ဒီမူကြမ်းကို ဒီကနေ့ လုံခြုံရေး ကောင်စီမှာ တရားဝင်တင်သွင်းမယ်လို့လည်း ဆိုပါတယ်။ ကိုကျော်ကျော်သိန်း က အပြည့်အစုံ တင်ပြထားပါတယ်။

လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက် ဒီတကြိမ်မှာ တကယ်ထွက်လာမှာလား ဆိုတာကတော့ ခုချိန်မှာ တိတိကျကျ မပြောနိုင်သေးပါဘူး။ အခုဖြန့်ဝေထားတဲ့ မူကြမ်းကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ကမကထပြု ရေးဆွဲထားပါတယ်။ ဧပြီလအစောပိုင်းတုန်းက ဖြန့်ဝေခဲ့တဲ့ ကနဦးမူကြမ်းကို တရုတ်က ကန့်ကွက်ခဲ့ပြီးတဲ့နောက် ပြန်ပြင်ဆင်ထားတဲ့ မူကြမ်းကို အခုတကြိမ် ထပ်ပြီး ဖြန့်ဝေပြန်တာပါ။

မြန်မာနိုင်ငံမှာ အခြေခံဥပဒေမူကြမ်းကို လူထုဆန္ဒခံယူပွဲ လုပ်မယ်ဆိုတာဟာ ယုံကြည်ရလောက်တဲ့ လုပ်ငန်းစဉ်မဟုတ်ဘူး ဆိုတာကိုပြနေတဲ့ စိတ်ပျက်ဖွယ် အခြေအနေတွေကြောင့် အခုလို ထုတ်ပြန်ချက် မူကြမ်းကို ပြန်တင်သွင်းဖို့ လုပ်ရတာဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ် ဇယ်လ်မေး ခါလီဇက်ဒ် (Zalmay Khalilzad) က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲတွေကျင်းပဖို့ ကြေညာထားတာအရ ဒီလုပ်ငန်းစဉ် ဟာ ယုံကြည်ရဖို့၊ အများလက်ခံရှိဖို့ လိုအပ်တယ်ဆိုတာ လုံခြုံရေးကောင်စီ အနေနဲ့ အားကောင်းကောင်း ရှင်းရှင်းလင်းလင်း ပြောဖို့လိုပါတယ်။”

မြန်မာအစိုးရက ထုတ်ပြန်ထားတဲ့ အခြေခံဥပဒေမူကြမ်းမှာ အထိန်းသိမ်းခံထား ရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်နိုင်မယ့် အခွင့်အရေးကို ပိတ်ပင်ကန့်သတ်ထားတဲ့အချက်တွေ ပါဝင်နေသလို စစ်ခေါင်းဆောင်တွေကပဲ ပုံသဏ္ဌာန်အသစ်နဲ့ အာဏာကို ဆက်ပြီးချုပ်ကိုင်ထား မယ့် ပြဌာန်းချက်တွေပါဝင်နေတာကြောင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကရော နိုင်ငံတကာကပါ ၀ိုင်းပြီး ဝေဖန်နေကြတာပါ။ မြန်မာ့အရေး လှုပ်ရှားသူတွေ ကတော့ ပြည်သူလူထုအနေနဲ့ ဒီဆန္ဒခံယူပွဲကို သွားပြီး ကန့်ကွက် မဲပေးကြဖို့ လှုံ့ဆော် တိုက်တွန်း နေကြပါတယ်။ တဘက်မှာ လည်း မြန်မာစစ်အစိုးရက အခြေခံဥပဒေကို ထောက်ခံမှသာ ဒီမိုကရေစီရမယ်၊ အခြေခံဥပဒေကို ကန့်ကွက်တဲ့သူတွေဟာ နယ်ချဲ့သြဇာခံ တွေဖြစ်တယ်ဆိုတဲ့ထိ အဓိပ္ပါယ်ရောက်တဲ့ ၀ါဒဖြန့်တာတွေကို အစိုးရပိုင် သတင်း မီဒီယာတွေကနေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေပါတယ်။

အမေရိကန်သံအမတ်ကတော့ မြန်မာ့အရေးဟာ မြန်မာပြည်သူတွေ အတွက်တင် အရေးကြီးတာ မဟုတ်ဘူးလို့ဆိုပါတယ်။

“မြန်မာလူထုအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း ရဲ့ ထောက်ခံမှုကို ရရှိထိုက်ပါတယ်။ မြန်မာပြည်မှာ ဖြစ်ပျက်တာတွေဟာ မြန်မာ လူထုနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အတွက်တင် အရေးကြီးတာမဟုတ်ဘဲ ဒေသတွင်းနဲ့ ကမ္ဘာအတွက်ပါ အရေးကြီးပါတယ်။”

ဧပြီလက တင်သွင်းခဲ့တဲ့ ထုတ်ပြန်ချက်မူကြမ်းကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့တဲ့ အတွက် ဒီတကြိမ်မှာ ရော တရုတ်တို့က ထောက်ခံပါ့မလားလို့ သတင်းထောက် တယောက်က မေးခဲ့ပါတယ်။

ယုံကြည်ရလောက်တဲ့ လုပ်ငန်းစဉ်တခုဖြစ်ဖို့ လိုအပ်တဲ့အဆင့်တွေ မြန်မာစစ် အစိုးရက လုပ်လာ မလားလို့ အဲဒီအချိန်ကတည်းက အဖွဲ့ဝင်နိုင်ငံတွေကနေ စောင့်ကြည့်ခဲ့ကြောင်း၊ အဲဒီအဆင့်တွေကို မြန်မာစစ်အစိုးရက မလုပ်ခဲ့တာ ကြောင့် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်အစိုးရကိုရော၊ မြန်မာလူထုဆီကို ရော၊ နိုင်ငံတကာကိုပါ အားကောင်းကောင်း ပြောဖို့လိုအပ်လာကြောင်း မစ္စတာခါလီဇက်ဒ်က ပြန်ဖြေခဲ့ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား