Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
ဂျပန်နံမည်ကျော် ဟစ်ပ်ဟော့ပ် အဆိုတော် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအတွက် ဖျော်ဖြေ

25 April 2008
မသင်းသီရိ - အစီအစဉ်ကိုရယူရန် (MP3) audio clip
မသင်းသီရိ - နားဆင်ရန် (MP3) audio clip

JapanHiphopper-Ito-cut
ဂျပန်ဟစ်ပ်ဟော့ပ် အဆိုတော် အီတိုး ဆစ်ဟီကို (၂၂ ဧပြီ ၂၀၀၈)
ဂျပန်က နံမည်ကြီးဟစ်ပ်ဟော့ပ် အဆိုတော်တဦးက မြန်မာနိုင်ငံသားတွေ လွတ်မြောက်ရေးအတွက် တိုကျိုမှာ ဂီတပွဲတခုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။ 

တိုကျိုမှာ ဒီဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ မြို့တော်တိုကျိုက ထင်ရှားတဲ့ ယိုယောဂိ ဆိုတဲ့ ပန်းခြံကြီးအတွင်းမှာ နာမည်ကြီး ဂျပန်ဟစ်ပ်ဟော့ပ် အဆိုသမား အီတိုးဆစ်ဟီကို က မြန်မာပြည်သားတွေ လွတ်မြောက်ဖို့အတွက် ဂီတလှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာလ လူထုလှုပ်ရှားမှုတွေအတွင်းမှာ ရဟန်းသံဃာတွေနဲ့ ပြည်သူတွေ သွေးမြေကျ တာတွေ ဆုံခဲ့ရတာတွေ၊ ဖမ်းဆီးခံရတာတွေနဲ့ ကြုံနေခဲ့ရသလို ဂျပန် သတင်းထောက် ခမ်းဂျိနာဂါးအိ ကလည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာတွေဟာ ဂျပန်ပြည်သူတွေအတွက် တအံ့တသြ ဖြစ်ခဲ့ရတာပါ။ ဟစ်ပ်ဟောပ် အဆိုတော် ဒီဂျေ အီတိုးက သူဖြေဖျော်ခဲ့တဲ့ သီချင်းစာသားတွေထဲမှာ ငါတို့ဟာလည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်၊ ဘုန်းတော်ကြီးတွေကိုလည်း မသတ်နဲ့၊ မညှင်းဆဲနဲ့ ဆိုတာတွေ ပါဝင် သလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အမြန်လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးရေးတွေ အမြန်လုပ်ပေးဖို့ ဆိုတဲ့ စာသားတွေကိုလည်း သီချင်းဆိုရင်းနဲ့ ဟစ်အော် တောင်းဆိုခဲ့ပါတယ်။ ဒီဂီတပွဲမှာ မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားနေသူတဦးဖြစ်တဲ့၊ လက်ရှိ ဂျပန်ကို ရောက်ရှိနေတဲ့ ကိုထင်အောင်ကလည်း ဂျပန်လို ၀င်ပြောဆိုရင်းနဲ့ ဒီဖျော်ဖြေပွဲမှာ ပါဝင် ကူညီခဲ့ပါတယ်။ 

“သူက သီချင်းတပုဒ် စဆိုတယ်၊ ကျနော့်ကို ခေါ်ပြီးတော့ သူက အဲဒီအထဲမှာ အနည်းငယ် ပြောခိုင်းတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ မရှိတဲ့အကြောင်း၊ စစ်အစိုးရ လက်အောက်မှာ မြန်မာပြည်ကြီးက အရမ်းကို ဆိုးရွားနေတယ် ဆိုတဲ့အကြောင်း၊ အခုတော့ အခြေခံဥပဒေကို တဘက်သတ် ရေးဆွဲ၊ ပြီးတော့ တဘက်သတ် အတည်ပြုတော့မယ် ဆိုတာ ပြောပေးရတယ် ခင်ဗျ။”

ပန်ခြံအတွင်းက ဟစ်ပ်ဟောပ် ဂီတပွဲတော်အတွင်းမှာ လူငယ်ပရိတ်သတ် များစွာရဲ့ အားပေးမှု အကြောင်းကိုလည်း ကိုထင်အောင်က အခုလို ဆက်ပြောပါတယ်။  

“အီတိုး ဆစ်ဟီကိုစံရဲ့ ဒီဂျေအဖွဲ့လာတဲ့ အချိန်ကျမှ အဲဒီရှေ့ရှိနေတဲ့ လူတွေဟာ လူ ၅၀၀ ကျော်၊ ၆၀၀ ကျော်လောက် ဖြစ်သွားပါတယ်၊ အထူးသဖြင့် ဂျပန်လူငယ်လေးတွေ ဖြစ်တယ်။ အဲဒီတော့ကျမှ လူတချို့ဟာဆိုလို့ရှိရင် ထုတ်ရောင်းတဲ့ တီရှပ်တွေ ၀တ်ဆင် ထားပြီး အားပေးနေကြတာပေါ့နော်၊ မြန်မာပြည် လွတ်မြောက်ရေးအတွက် သူတို့ free Burma ဆိုတဲ့ တီရှပ်လေး တထည်၊ သံဃာတော်တွေကို သူတို့အနေနဲ့ နအဖ အစိုးရ ပစ်သတ်နေတာကစပြီး တော်တော် မခံမရပ်နိုင်ဖြစ်ပြီး စပြီးတော့ ဒီတီရှပ်တွေကို စထုတ်တာပေါ့လေ။”

ဂျပန်နိုင်ငံက ကိုထင်အောင် ပြောပြခဲ့တာပါ။ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုတွေ အပြီး ဂျပန်နဲ့ မြန်မာစစ်အစိုးရကြားမှာ အေးစက်တဲ့ ဆက်ဆံမှုတွေ ဖြစ်သွားခဲ့သလို ဂျပန်ပြည်သူတွေ၊ ဂျပန် အနုပညာရှင်တွေဟာလည်း မြန်မာ့အရေးမှာ ပိုပြီးတော့ အားပေးလာတာ တွေ့ရပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ စစ်အစိုးရ လက်မခံ  Audio Clip Available
လေဘေး ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်း တချို့ လမ်းဘေးဈေးရောက်  Audio Clip Available
ဒုက္ခသည် ကယ်ဆယ်ရေး အားတက်သရောမရှိလို့ စစ်အစိုးရကို သမ္မတဘုရှ် ရှုတ်ချ  Audio Clip Available
ကုလသမဂ္ဂက ဆန်ကောင်းလှူသော်လည်း ဒုက္ခသည်တွေ ဆန်ညံ့တွေရနေ  Audio Clip Available
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခွင့်ရဖို့ ဥရောပကောင်စီ တိုက်တွန်းမည်  Audio Clip Available
စစ်အစိုးရရဲ့ နှေးကွေးတဲ့ တုံ့ပြန်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပြင်းအထန် ဝေဖန်  Audio Clip Available
အမေရိကန် ကယ်ဆယ်ရေး ပစ္စည်းတွေ ရန်ကုန်ကို ရောက်ရှိ၊ ဖြန့်ဖြူးရေး အတွက် စစ်အစိုးရ ကတိမပေးသေး  Audio Clip Available
ဘိုကလေးမြို့ ကယ်ဆယ်ရေးမှာ ပုဂ္ဂလိကအလှုရှင်တွေ ကူညီလှုပ်ရှား  Audio Clip Available
လေဘေး ကယ်ဆယ်ရေး အခြေအနေ ကုလသမဂ္ဂ အားမလို အားမရဖြစ်ဆဲ  Audio Clip Available