Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
အီရတ်ရှိ ကာ့ဒ်လူမျိုး ခွဲထွက်ရေး လက်နက်ကိုင်များကို တူရကီက တိုက်ပြန်ပြီ

27 April 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

Turkish troops in Northern Iraq, 28 Feb 2008
ဖေဖော်ဝါရီလက အီရတ်မြောက်ပိုင်းတွင် ရောက်နေသည့် တူရကီတပ်များ။
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၈
တူရကီနယ်မြေထဲက တပ်တွေကို တိုက်ခိုက်ဖို့
အီရတ်ကို အခြေစိုက်စခန်းအဖြစ် အသုံးပြုနေ
တယ်လို့ တူရကီနိုင်ငံက ပီကေကေပါတီကို စွပ်စွဲထားပါတယ်။ နွေဦးရာသီမှာ လုပ်လိမ့်
မယ်လို့ မျှော်လင့်ထားတဲ့ ပီကေကေရဲ့ ထိုး
စစ်မတိုင်ခင်မှာ အခု လေကြောင်းတိုက်ခိုက်
မှုတွေကို ကြိုလုပ်တာဖြစ်တယ်လို့ အစ္စတန်
ဘူလ်မြို့နေ ဗွီအိုအေသတင်းထောက်
Dorian Jones က သတင်းဆောင်းပါး
ပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက
အပြည့်အစုံ အစီရင်ခံထားပါတယ်။

အီရတ်မြောက်ပိုင်းကနေ တူရကီနိုင်ငံထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ လက်နက်ကိုင်တွေကို စစ်လေယာဉ်တွေ၊ အမြောက်ကြီးတွေနဲ့ ပစ်မှတ်ထားပြီး တိုက်ခိုက်တာဖြစ်တယ်လို့ တူရကီစစ်ဘက်ကပြောပါတယ်။ တူရကီနဲ့နယ်နိမိတ်
ထိစပ်နေတဲ့ဒေသကို သောကြာနေ့နဲ့ စနေနေ့အစောပိုင်းတွေမှာ တိုက်ခိုက်
ခဲ့တာပါ။

လေယာဉ်တွေအားလုံး သူတို့ရဲ့အခြေစိုက်စခန်းတွေကို ဘေးကင်းရန်ကင်း
ပြန်ရောက်လာခဲ့တယ်လို့ စစ်ဘက်ရဲ့ စနေနေ့က ထုတ်ပြန်ချက်အတိုလေးမှာ
ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ တူရကီတပ်တွေက အီရတ်နိုင်ငံထဲထိဝင်ပြီး ပီကေကေ လက်နက်ကိုင်တွေကို ၈ ရက်ကြာ တိုက်ခိုက်ခဲ့ ပေမယ့် လက်နက်ကိုင်တွေရဲ့
ခြိမ်းခြောက်မှုက ရှိနေဆဲပဲလို့ ဆယ်စုနှစ်တခုကြာ ပီကေကေကို တိုက်ခိုက်လာ
ခဲ့တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး ဟာလ်ဒန် ဆိုးလ်မာဇတ်က်က ပြောပါတယ်။

“သူတို့ဟာ တူရကီနိုင်ငံထဲက တပ်တွေကို လက်တွေ့ ခြုံခိုတိုက်ခိုက်နိုင်ပါတယ်။ ပြင်ဆင်မှုကောင်းကောင်းနဲ့ လက်နက်ကိရိယာ အပြည့်အစုံကိုင်တွယ်ပြီးတော့ကို စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်နိုင်တယ်လို့ ကျနော်ယူဆပါတယ်။”

တူရကီစစ်ဘက်ရဲ့ အခု နောက်ဆုံး တိုက်ခိုက်မှုဟာ ပဋိပက္ခကို အရှိန်မြှင့်တာ
မဟုတ်ဘူးလို့ တူရကီသုံးသပ်သူတွေက ဆိုပါ တယ်။ တိုက်ခိုက်မှုဟာ လက်နက်
ကိုင်တွေရဲ့ တိုက်ခိုက်လိုစိတ်ကို ရိုက်ချိုးပစ်ဖို့လုပ်တဲ့ မူဝါဒတခုရဲ့ တစိတ်တပိုင်း
ဖြစ်တယ်လို့ ဆိုးလ်မာဇတ်က်ကပြောပါတယ်။

“အီရတ်မြောက်ပိုင်းဟာ စိတ်ချလက်ချ အခြေစိုက်နေလို့ရတဲ့ နေရာမဟုတ်ဘူး၊
တူရကီတပ်တွေ အချိန်မရွေးရောက်နိုင်တဲ့နေရာ ဖြစ်တယ်ဆိုတဲ့ သတင်းစကား ပီကေကေလက်နက်ကိုင်တွေဆီ ပို့ပေးမယ့် အထူးသဖြင့်တော့ စိတ်ပိုင်းဆိုင်ရာ
အကျိုးသက်ရောက်မှု ရပါလိမ့်မယ်။”

အီရတ်မှာရှိနေတဲ့ ပီကေကေလက်နက်ကိုင်တွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေနဲ့ တူရကီကို အထောက်အပံ့ပြုနေတယ်လို့ အမေရိကန်
ကပြောပါတယ်။ ဒါပေမယ့် တူရကီက အီရတ်မှာ တိုက်ခိုက်တာဟာ တိုင်းပြည်ကို
ထပ်ပြီး မတည်မငြိမ်ဖြစ်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်ကတော့ အမေရိကန်မှာ ရှိနေ
ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အီရတ် ကာ့ဒ်လူမျိုးတွေကလည်း တူရကီရဲ့
တိုက်ခိုက်မှုကို အပြင်းအထန် ပြစ်တင် ရှုတ်ချပါ တယ်။ အမေရိကန်ကာကွယ်ရေး
ဝန်ကြီး ရောဘတ် ဂိတ်တ်စ် တူရကီကို ဒီနှစ်အစောပိုင်းမှာ သွားခဲ့တုန်းက မူဝါဒ
ပြောင်းလဲဖို့ တူရကီကို ဖိအားပေးခဲ့ပါသေးတယ်။

“ဒီအကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို စစ်ရေးအရ လုပ်ဆောင်မှုတခု
ထဲက အဆုံးသတ်စေမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ရှိသင့်ပါတယ်။ ဒီလို
လုပ်တာက အဖြေရဲ့ တစိတ်တပိုင်းဆိုတာ သေချာပေါက်ဖြစ်သလို စစ်ရေးအရ
မဟုတ်တဲ့ တခြားနည်းလမ်းတွေနဲ့ နိုင်ငံရေးနည်းလမ်းအရလည်း တပြိုင်နက်
ထဲမှာ လုပ်ဆောင်ရပါလိမ့်မယ်။”

ပီကေကေအဖွဲ့ဟာ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်
ဒေသရဖို့အတွက် ၁၉၈၄ ခုနှစ်ကတည်းက တိုက်ခိုက်နေခဲ့တာပါ။

ကာ့ဒ်လူမျိုးတွေအများဆုံးနေထိုင်ပြီး ဆင်းရဲတဲ့ တူရကီအရှေ့တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေးအစီအစဉ်တခုကို တူရကီဝန်ကြီးချုပ် ရဂျက်ပ် တိုင်ယစ်ပ် အာဒိုဝန်

(Recep Tayyip Erdogan) က ပြီးခဲ့တဲ့လမှာ ကြေညာခဲ့ပါတယ်။ ကာ့ဒ်ဘာသာနဲ့
အသံလွှင့်တဲ့အပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာကို လျှော့ပေါ့ပေးမယ့် အစီအစဉ်တွေကိုလည်း မစ္စတာအာဒိုဝန်က ကြေညာခဲ့ပါသေး တယ်။

ဒါပေမယ့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေအပေါ် တူရကီရဲ့ အဓိက ကားဒစ်ရှ်
ပါတီကတော့ သံသယနဲ့မြင်ပါတယ်။ ပြုပြင် ပြောင်းလဲမှုတွေဟာ နည်းပါးလွန်းပြီး နောက်ကျလွန်းနေပြီလို့ ကားဒစ်ရှ်ပါတီက ပြောကြောင်းပါ။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား