Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
မဲပေးဖို့အဖိတ်ခံရသူအများစု စင်္ကာပူမြန်မာသံရုံးကိုဝင်ခွင့်မရ

27 April 2008
ဒေါ်ခင်မျိုးသက် - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဒေါ်ခင်မျိုးသက် - နားဆင်ရန် (MP3) audio clip

Burmese monks living in Singapore gathered outside their country's embassy in Singapore, 27 Apr 2008

စင်ကာပူမြန်မာသံရုံးရှေ့ ထိုင်သပိတ် ဆန္ဒပြပွဲကိုအားပေးနေတဲ့သံဃာတော်များ၂၇ ဧပြီလ ၂၀၀၈

စင်ကာပူနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံ သားတွေ ကြိုတင်မဲပေးဖို့ ဒီလ ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ သတ်မှတ်ထားပေမယ့် ဒီကနေ့ ၂၇ ရက်နေ့မှာ မဲပေးဖို့သွား ရောက်သူတွေကို မဲပြားတွေ ကုန်နေတဲ့အတွက် နေပြည်တော်ကို ပြန်ပြီး မှာရဦးမယ် ဆိုပြီး သံရုံးဝန်ထမ်း တွေက ပြောဆိုပြီး ပြန်လွှတ်လိုက်တယ်လို့ မဲသွားပေးသူတွေက ပြောပါတယ်၊

ဒီကနေ့ဟာတနင်္ဂနွေနေ့ အလုပ်နားရက်မို့ မဲပေး ဖို့သွားရောက်သူ ထောင်နဲ့ ချီရှိနေပေမယ့် ရာဂဏန်းလောက်သာ မဲပေးခွင့်ရခဲ့တာမို့ မဲပေးခွင့်မရသူတွေ သံရုံးအပြင်မှာ ထိုင်သပိတ်မှောက် နေကြပါတယ်၊ ထိုင်သိတ်မှောက်နေသူ တဦးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

“ကျနော်တို့ မဲပေးခွင့်မရှိတဲ့အတွက် ကျနော်တို့ ထိုင်သပိတ်အနေနဲ့ ကျနော်တို့ ဆန္ဒပြနေပါတယ်၊ လူပေါင်း ၃,၀၀၀ ကျော်လောက် ဆန္ဒပြနေပါတယ်။”

ထိုင်သပိတ်ပြတာ ဘယ်အချိန်ကစတာလဲရှင့်၊ -

“ညနေ ၅ နာရီက ထိုင်သပိတ်ပြတာ ည ၇ နာရီအထိ ကျနော်တို့ ထိုင်သပိတ်လုပ်ဖို့ အစီအစဉ် ဆွဲထားပါတယ်။”

စင်ကာပူမှာ ၄ ယောက်ထက်ပို မစုရဘူးလို့ အမိန့် ထုတ်ထားတယ်ဟုတ်။ -  

“ဟုတ်ကဲ့၊ ဥပဒေက အခုတော့ Out of service ဖြစ်သွားပါပြီ၊ ဘာလို့လဲဆိုတော့ လူပေါင်း များစွာ ကကျနော်တို့ မိမိဆန္ဒ္ဒနဲ့ လာပြီးဆန္ဒပြတာ မဟုတ်ပါဘူး၊ သံရုံးကနေ မဲဆန္ဒပေးဖို့အတွက် ဖိတ်ခေါ်ထားတဲ့ လူတွေချည်းပါပဲ။ အဲဒါကြောင့် ကျနော်တို့တွေဟာ ဘယ်အချိန်ထိ ၄ ယောက်မကဘူး၊ လူပေါင်း ၃,၀၀၀ နီးပါး ရှိပါတယ်ခင်ဗျ။”

စင်ကာပူမှာ မဲပေးခွင့်ကို ဘယ်နှစ်ရက်ပေးထားလဲရှင့်၊ -

“မဲပေးခွင့်ကို ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိလို့ သတ်မှတ်ထားပေမယ့် ၂၈ ရက်နဲ့ ၂၉ ရက်နေ့က တင်္နလာနဲ့ အင်္ဂါနေ့ ဖြစ်နေတဲ့အတွက် ကျနော်တို့ ဒီမှာလှုပ်ရှားနေတဲ့သူတွေအတွက် ဘယ်လိုမှ မဲပေးခွင့် မရနိုင်ပါဘူး၊ အဲဒီအတွက် ဒီနေ့ Sunday တရက်မှာပဲ မဲပေးဖို့အတွက် ကျနော်တို့တွေ လိုက်လံစည်းရုံးပြီးတော့ အခု လူပေါင်း ၃,၀၀၀ ကျော် မြန်မာသံရုံးရှေ့မှာ ထိုင်သပိတ်အနေနဲ့  တစုံတရာ ကြေညာချက်မရှိဘဲနဲ့ ပိတ်သွားတဲ့အတွက် ကျနော်တို့ ထိုင်သပိတ် လုပ်ပြီးထိုင် စောင့်နေပါတယ်။”  

မဲပေးရမယ့်နေ့ကို ခေါ်ထားပြီးတော့ ဘာဖြစ်လို့မဲပေးခွင့်မပြုတာလဲရှင့်၊ -

“ကျနော်တို့တွေက NO အင်္ကျီဝတ်ပြီးတော့ တီရှပ်အနီပေါ်မှာ NO တံဆိပ်ရိုက်ထားတဲ့ အင်္ကျီဝတ် ဆင်ပြီး မဲပေးခွင့်မရှိတဲ့အတွက် ကျနော်တို့တွေက သူတို့တွေဆီက Statement တခု၊ တစုံတရာ ကို တောင်းဆိုထားတယ်၊ သံအမတ်ကြီးကိုယ်တိုင် officially လုပ်ပြီး ပြည်သူတွေကို Announcement လုပ်ပါ၊ ကျနော်တို့က တောင်းဆိုမှုတွေ လုပ်ထားတယ်။ အဲဒီတောင်းဆိုမှုတွေကို မဖြည့်ပေးရင် ၇ နာရီအထိ ဆက်လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။”

NO လို့ရေးထားတဲ့ အင်္ကျီဝတ်တဲ့အတွက်ကြောင့် သံရုံးထဲမှာ မဲကိုဝင်ပြီး ပေးခွင့်မရတာလားရှင့်၊

“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါခင်ဗျ၊”

အဲဒါဘယ်တုန်းက ကြေညာထားတာလဲ၊ -

“သူတို့မှာ Rule and Regulation ဘယ်လိုမှ မရှိပါဘူး၊ ရုတ်တရက် ကောက်စီစဉ်တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်ခင်ဗျ၊ ပြည်သူတွေကို မဲပေးခွင့် မပြူတဲ့အတွက် ကျနော်တို့ အခုလိုပဲ ထိုင်စောင့်နေခြင်း ဖြစ်ပါတယ်။”

ဟုတ်ကဲ့၊ စင်ကာပူရဲတွေကရော၊ -

“ကျနော်တို့ ရှေ့မှာမတ်တပ်ရပ်နေပါတယ်။ ကျနော်တို့ကလည်း ဘာမှပြဿနာ မရှိဘူး၊ ကျနော်တို့ကလည်း ငြိမ်သက်စွာနဲ့ ဆန္ဒပြနေခြင်း ဖြစ်ပါတယ်။”

ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားတာပါ၊ ထိုင်သပိတ်မှောက်နေသူတွေဟာ ညနေ ၆ နာရီခွဲမှာ ရုတ်သိမ်းလိုက်ကြပြီး စင်ကာပူမြို့လယ်က အော့ချက် လမ်းမကြီးအတိုင်း လမ်းလျှောက် ချီတက်ပြီး စင်ကာပူမြို့တော် ခမ်းမဆီကို သွားခဲ့ကြပေမယ့် ရဲတွေက တာဆီးပိတ်ပင်တာမျိုး မရှိခဲ့ ဘူးလို့ စင်ကာပူမှာ တရားဝင် အလုပ်လုပ်ကိုင်ပြီး သံရုံးကိုလည်း အခွန်ဆောင်ထားသူတဦးက အခုလို ပြောပါတယ်။”  

“မဲပေးမယ် ဆိုပြီးသွားတော့ အပြင်မှာပဲ ထိုင်နေရတယ်ရှင့်။”   

အထဲကိုပေးမ၀င်ဘူးလား၊ -

“မ၀င်ဘူးရှင့်၊ သူတို့ခေါ်တော့ နာမည်ခေါ်တဲ့ လူတိုင်းပဲ ၀င်ရတယ်ပေါ့နော်၊ ဒါပေမယ့် လူတိုင်းမ၀င်ရ မ၀င်ရဘူး၊ အပြင်မှာပဲ ထိုင်စောင့်နေရတယ်။”

သူတို့ခေါ်တဲ့လူပဲ ၀င်ရတယ်ဆိုတာ ဘာပြောတာလဲ၊ -

“သူတို့က နာမည်စာရင်းခေါ်တယ်၊ အဲဒီခေါ်တဲ့လူ ၀င်သွားရတယ်၊ ပြီးတော့ သူတို့က ဘာပြောလဲ ဆိုတော့ ဒီနေ့အတွက် မဲပေးပိုင်ခွင့် မရှိတော့ဘူးပေါ့နော်၊ မဲပြားအကုန်လုံး ကုန်သွားပြီ၊ မလုံလောက် တဲ့အတွက် ပြန်ရမယ်လို့ ပြောပါတယ်။”

ညီမကသူတို့ စာရင်းထဲမှာမပါလို့လား၊ -  

“ညီမ စာရင်းထဲ ပါပါတယ်ရှင့်၊ သူတို့ကိုယ်တိုင်လည်း ဖိတ်စာပို့ထားပါတယ်၊ ဒါပေမယ့် ညီမစာရင်း ပေးမယ်လို့သွားတော့ ညီမ နာမည်မပါသေးဘူးရှင့်၊ သူတို့ခေါ်တဲ့ စာရင်းထဲမှာ၊ အဲဒါကြောင့် ညီမ အပြင်မှာ စောင့်နေရပါတယ်ရှင့်။”

သူတို့က ၂၉ ရက်နေ့အထိ မဲပေးခွင့်ရှိတယ်ဆိုတော့ နက်ဖန်ခါ၊ သဘက်ခါ သွားပေးလို့ရသေးတာပဲ၊

“အော်- သူတို့ကတော့ အဲလိုတော့ ပြောပါတယ်ရှင့်၊ မနက်ဖန်နဲ့သဘက်ခါ ထပ်လာခဲ့လို့ ပြောပါ တယ်ရှင့်။”

ဒါဆိုလို့ရှိရင် မနက်ဖန်ပြန်လာဦးမှာပေါ့၊ -

“ဟုတ်ကဲ့ရှင့်၊ ပြန်လာဦးမယ်ရှင့်။”

ကန့်ကွက်မဲပေးဖို့လား၊ ထောက်ခံမဲပေးဖို့လား၊ -

ကန့်ကွက်မဲ ပေးဖို့ပါရှင့်။”

အခုအပြင်မှာ စောင့်နေတဲ့လူ ဘယ်နှစ်ယောက်ရှိလဲရှင့်၊ -

" အပြင်မှာစောင့်နေတဲ့လူ အားလုံးသောင်းဂဏန်းကျော်လောက်ရှိပါတယ်ရှင့်၊"

အခုသောင်းဂဏန်းကျော်တောင်ပေးလို့မရဘူးဆိုရင် နောက်ထပ်နှစ်ရက်နဲ့ကောဒီမဲတွေ အကုန်လုံး ပေးလို့ရမယ်ထင်လားရှင့်၊

" ဒါတော့မဖြစ်နိုင်ဘူးလို့ထင်ပါတယ်ရှင့်၊ "

သူတို့လူဘယ်နှစ်ယောက်လောက်သွင်းလဲ၊ ဒီကနေ့လေ၊

"ဒီကနေ့ ညီမ ရောက်လာတာ နေ့လည်ပိုင်းလောက်မှ ရောက်လာတော့ သိပ်မ၀င်ရဘူးရှင့်၊ သူတို့ ခေါ်တာ အနည်းအကျဉ်းပဲ ခေါ်သွားတယ်၊ စာရင်းထဲမှာ ရှိတဲ့သူနဲ့ ဒီနိုင်ငံမှာ တရားဝင်လုပ်နေတဲ့ လူတွေပေါ့နော်၊ အဲလူတွေအတိုင်းပဲ သူတို့မဲပြား လုပ်ထားပါတယ်၊ အခုမဲပြား မလုံလောက်တဲ့အတွက် နောက်နေ့ကျမှ သူတို့မဲပြားကို နေပြည်တော်က လှမ်းမှာမယ်လို့ ပြောပါတယ်ရှင့်။”

နောက်နေ့မှ နေပြည်တော်က လှမ်းမှာမယ်ဆိုရင် မနက်ဖန်၊ သဘက်ခါ မဲပေးခွင့်မရှိဘူးပေါ့၊ -

“အဲလိုတော့ မပြောဘူးရှင့်၊ သူတို့က နေပြည်တော်က လှမ်းမှာမယ်လို့ ပြောပါတယ်ရှင့်၊ ပြီးလို့ရှိရင် မနက်ဖန်ကျလို့ရှိရင် ညသန်းခေါင်ကျော်တဲ့အထိ၊ မနက်ဖန် သဘက်ခါကျရင် ညသန်းခေါင် ကျော်တဲ့ အထိ သူတို့ ဖွင့်ပေးမယ်လို့ ပြောပါတယ်ရှင့်။”

လူတွေက သောင်းဂဏန်းလောက်ရှိတဲ့ ဥစ္စာကို၊ ဒီတရက်တည်းနဲ့၊ သူတို့ တနာရီကို ဘယ်နှစ် ယောက်နှုန်းနဲ့ အထဲကို သွင်းနေတာတွေ့လဲ၊  -

“ညီမစောင့်နေတာ နေ့ခင်း ၂ နာရီကတည်းက စောင့်နေတာရှင့်၊ အခုဆိုရင် အများဆုံးရှိမှ ၁၅ယောက်၊ အယောက် ၂၀၊  အဲလောက်ပဲရှိမယ်ရှင့်၊ သူတို့ခေါ်တဲ့ နာမည်စာရင်းက။”

နေ့ခင်း ၂ နာရီခွဲက ညနေ ၆ နာရီခွဲထိကို အယောက် ၂၀ လောက်ပဲရှိတယ် ပြောတာလား၊ -

“ဟုတ်ကဲ့ရှင့်၊”

ဒါဆိုလို့ရှိရင် ဘယ်လိုနည်းနဲ့မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ ပေးခွင့်ရမှာမဟုတ်ဘူးပေါ့၊ -

“မဖြစ်နိုင်ပါဘူးရှင့်။”

ကျေးဇူးတင်ပါတယ် ညီမရေ။  

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား