Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
တရုတ်နိုင်ငံမှာရထားနှစ်စင်းတိုက် လူ ၇၀ သေဆုံးပြီး ရာနှင့်ချီဒဏ်ရာရ

28 April 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

In this photo released by China's Xinhua News Agency, rescuers work at the site of the trains colliding accident in east China's Shandong Province, 28 Apr 2008
ရထားနှစ်စင်းတိုက်ပြိးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်။
ဧပြီ ၂၈၊ ၂၀၀၈
ဒီနေ့ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်
ဇီဘိုမြို့နားမှာ ခရီးသည်တင် မီးရထားနှစ်စင်း တိုက်မိကြတဲ့အတွက် အနည်းဆုံး လူ ၇၀
သေဆုံးသွားပြီး လူပေါင်း ၄၀၀ ကျော် ဆေးရုံ တင်ထားရပါတယ်။

အဲဒီအထဲက ၇၀ လောက်ဟာ ဒဏ်ရာပြင်းထန်
ပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့
တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူဦးရေ
လည်း တိုးများလာနိုင်တယ်လို့ ဆင်ဟွာသတင်း
က ဆိုပါတယ်။

ဘေဂျင်းမြို့ကနေ တရုတ်နိုင်ငံအရှေ့ခြမ်း ကွင်ဒိုးပြည်နယ်ကို ခုတ်မောင်းလာတဲ့ ခရီး
သည်တင် အမြန်ရထားက လမ်းချော်ပြီး ရှန်ဒေါင်းပြည်နယ် ဇူဟောင်းမြို့ကနေ ဂျန်ဆု
ပြည်နယ်ကို ခုတ်မောင်းလာတဲ့ ခရီးသည်တင်အမြန်ရထားကို ၀င်တိုက်မိတာဖြစ်ပါ
တယ်။

ရထားနှစ်စင်းလုံးဟာ အရှိန်နှုန်းအမြင့်ဆုံး မိုင်ကုန်ခုတ်မောင်းလာပြီး ရထားမောင်းသူ
တွေရဲ့ အမှားအယွင်းကြောင့် ရထားတိုက်မှုဖြစ်ခဲ့ရပြီး အကြမ်းဖက် တိုက်ခိုက်ခံရတာ
မဟုတ်ဘူးလို့ တရုတ်အာဏာပိုင်တွေက ဆိုပါတယ်။

ရထားနှစ်စင်းတိုက်မိတဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာကို
တရုတ်ဒုတိယ၀န်ကြီးချုပ် ဂျန်တီဂျန်း (Zhang Dejiang) ကိုယ်တိုင် လာရောက်ကြီးကြပ် စစ်ဆေးနေတာ ဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား