Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
အခြေခံဥပဒေမူကြမ်း ကန့်ကွက်သည့် ဆန္ဒပြပွဲများ

28 April 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (WM) video clip
အပြည့်အစုံ - ကြည့်ရှုရန် (WM) video clip

တိုကျိုမြို့ရှိ မြန်မာသံရုံးအပြင်ဘက်တွင် ပြုလုပ်သော မဲပေးပွဲ၏ ရလဒ်များကို မြန်မာ့ အရေးလှုပ်ရှားသူများ ကြေညာနေပုံ။ ဧပြီ ၂၇၊ ၂၀၀၈
စစ်အစိုးရရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ
ဥပဒေမူကြမ်းကို လက်မခံကန့်ကွက်တဲ့
ဆန္ဒပြပွဲတရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်
မြို့ရှိ မြန်မာသံရုံးရှေ့မှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ၊ ဒီမိုကရေစီရေး
လှုပ်ရှားသူတွေ စုပေါင်းပြီး ပြုလုပ်ခဲ့ကြ
ပါတယ်။

“နိုး” လို့ရေးထားတဲ့ ခေါင်းစည်းအနီ စည်းထားတဲ့ဆန္ဒပြသူတွေဟာ စစ်
အစိုးရကရေးဆွဲထားတဲ့ ဒီမိုကရေစီ
လမ်းညွှန်ချက် ၇ ချက်အတိုင်း ၂၀၁၀ ခုနှစ်မှာပြုလုပ်မယ့် အထွေထွေရွေးကောက်
ပွဲကို အထောက်အကူပြုစေမယ့် ဒီအခြေခံဥပဒေကို သဘောမတူ ကန့်ကွက်တယ်
လို့ ပြောဆိုကြပါတယ်။

စစ်တပ်နဲ့ နအဖကိုလိုလားတဲ့သူတွေ ရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေကို ကျနော်တို့
လက်မခံပါဘူး၊ ဒါကြောင့် ကန့်ကွက်မဲ ထည့်ကြဖို့လဲ လူထုကို ပြောဆိုနေတာပါ၊
ဒီအခြေခံဥပဒေဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ကျနော်တို့ မယုံပါဘူးလို့ မြန်မာ့အရေးလှုပ်ရှားသူ ကိုကျော်လင်းဦးက ပြောဆိုပါတယ်။

နိုင်ငံတော်ရဲ့ ပါလီမန်အတွင်း စစ်တပ်က ၂၅% နေရာရယူဖို့၊ နိုင်ငံရဲ့ သမ္မတဖြစ်သူ
ဟာ အရေးပေါ် အခြေအနေတရပ်ဖြစ်လာရင် အခွင့်အာဏာအလုံးစုံကို စစ်တပ်ကို
လွှဲပြောင်းပေးဖို့၊ နိုင်ငံခြားသား အခွင့်အရေး ရှိသူတွေအနေနဲ့ တိုင်းပြည်ရဲ့ အရေးပါ
တဲ့တာဝန်တွေကို လုပ်ဆောင်ခွင့်မရှိဖို့ ဆိုတဲ့ အချက်တွေ ဒီဥပဒေမူကြမ်းမှာ ထည့်
သွင်းထားပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်
ကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိခဲ့တာဖြစ်ပါတယ်။

ဒီလို ကန့်ကွက်မဲထည့်ရေးလှုံဆော်မှုတွေနဲ့ မြန်မာနိုင်ငံသားဖြစ်ပေမယ့် ဆန္ဒမဲပေး
ခွင့်မရတာကြောင့် မကျေနပ်တဲ့ ဆန္ဒပြပွဲတွေဟာ ထိုင်းနိုင်ငံအပြင် ဗြိတန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ စင်္ကာပူနဲ့ ဂျပန်နိုင်ငံတွေမှာလည်း ဖြစ်ပွားခဲ့ပြီး
ဂျပန်နိုင်ငံမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ရုန်းရင်ဆန်ခတ်မှုများဖြစ်ပွားခဲ့တာ
ကြောင့် အမျိုးသမီးတွေအပါအ၀င် လူ ၂၀ လောက် ဒဏ်ရာရရှိခဲ့ပြီး ဆန္ဒပြသူတွေ
ထဲကတဦး ဖမ်းဆီးခံခဲ့ရကြောင်းပါရှင်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ စစ်အစိုးရ လက်မခံ  Audio Clip Available
လေဘေး ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်း တချို့ လမ်းဘေးဈေးရောက်  Audio Clip Available
ဒုက္ခသည် ကယ်ဆယ်ရေး အားတက်သရောမရှိလို့ စစ်အစိုးရကို သမ္မတဘုရှ် ရှုတ်ချ  Audio Clip Available
ကုလသမဂ္ဂက ဆန်ကောင်းလှူသော်လည်း ဒုက္ခသည်တွေ ဆန်ညံ့တွေရနေ  Audio Clip Available
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခွင့်ရဖို့ ဥရောပကောင်စီ တိုက်တွန်းမည်  Audio Clip Available
စစ်အစိုးရရဲ့ နှေးကွေးတဲ့ တုံ့ပြန်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပြင်းအထန် ဝေဖန်  Audio Clip Available
အမေရိကန် ကယ်ဆယ်ရေး ပစ္စည်းတွေ ရန်ကုန်ကို ရောက်ရှိ၊ ဖြန့်ဖြူးရေး အတွက် စစ်အစိုးရ ကတိမပေးသေး  Audio Clip Available
ဘိုကလေးမြို့ ကယ်ဆယ်ရေးမှာ ပုဂ္ဂလိကအလှုရှင်တွေ ကူညီလှုပ်ရှား  Audio Clip Available
လေဘေး ကယ်ဆယ်ရေး အခြေအနေ ကုလသမဂ္ဂ အားမလို အားမရဖြစ်ဆဲ  Audio Clip Available