Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အီးယူ သက်တမ်းတိုး

30 April 2008
ဦးသိန်းထိုက်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးသိန်းထိုက်ဦး - နားဆင်ရန် (MP3) audio clip

မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုတွေကို နောက်ထပ်တနှစ် သက်တမ်းတိုးဖို့
အီးယူ ဥရောပအဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး
အခြေအနေ ဒီထက်ပိုပြီးဆိုးလာမယ်ဆိုရင် အရေးယူမှုတွေ ထပ်ပြီး သက်တမ်းတိုးဦး
မယ်လို့ ပြောပေမယ့် မြန်မာ့အရေးဆောင်ရွက်သူတွေကတော့ ဒီအရေးယူမှုဟာ
ထူးထူးခြားခြား ပိုပြီး မထိရောက်ဘူးလို့ ပြောနေပါတယ်။ ကိုသိန်းထိုက်ဦးက ဆက်ပြီး
ပြောပြပေးပါ။

Luxembourg မှာကျင်းပတဲ့ အီးယူ ဥရောပအဖွဲ့ဝင်နိုင်ငံတွေရဲ့ အစည်းအဝေးမှာ
အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့တာတွေ သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တာပါ။ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေရဲ့ ခရီးသွားလာခွင့်၊
ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကန့်သတ်ထားတဲ့ ပိတ်ဆို့မှုတွေကို နောက်ထပ် သက်တမ်းတိုးလိုက်တာပါ။ မြန်မာနိုင်ရဲ့ အခြေအနေကိုမူတည်ပြီး နောက်ထပ်
သက်တမ်းတိုးတာတွေ လုပ်မယ်လို့လည်း အီးယူက ကြေညာချက်ထုတ်ထားပါတယ်။ ဒီလိုသက်တမ်းတိုးလိုက်တဲ့အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ စစ်အစိုးရအပေါ် လက်နက်ရောင်းချမှု ပိတ်ဆို့ရေးအတွက်လည်း အီးယူ ဥရောပအဖွဲ့ဝင်နိုင်ငံတွေက တိုက်တွန်းထားပါတယ်။

အီးယူ ဥရောပနိုင်ငံတွေဘက်က မြန်မာစစ်အစိုးရအပေါ် ဒီလို ကန့်သတ်ပိတ်ပင်တယ် ဆိုပေမယ့်လည်း မြန်မာ့အရေး ဆောင်ရွက်သူတွေကတော့ ဒီအရေးယူမှုတွေက
ခါတိုင်းနှစ်တွေထက် ထူးခြားမှုမရှိဘူးလို့ ပြောပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အန်စီ
ယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီရဲ့ ဥရောပရေးရာရုံး ညွှန်ကြား
ရေးမှူး ဦးနွယ်အောင်က အခုလိုပြောပါတယ်။

“သူတို့က ပိုပြီးတော့ ပိတ်ဆို့အရေးယူမှုတွေ လုပ်မယ်ဆိုပေမယ့် အခုထုတ်တဲ့
ကြေညာချက်အရ သိပ်ပြီး ထူးခြားတာမပါပါဘူး။ လက်နက်ရောင်းဝယ်မှုကလည်း အစ
ကတည်းက အီးယူမှာက လက်နက်ရောင်းဝယ်မှု ပိတ်ပင်ရေးဆိုတာ ချမှတ်ထားတယ်။
ဒါကို နည်းနည်းပိုပြီး တိတိကျကျလုပ်မယ့်သဘောပဲ ရှိပါတယ်။ ဘဏ်တွေကနေ
ငွေလွှဲတာတွေကို ပိတ်ပင်မယ်ဆိုတာကလည်း တိတိကျကျ အစီအစဉ် သူတို့မှာ မရှိပါ
ဘူး၊ အခုလောလောဆယ်အထိ။ ဒီလောက်နဲ့ မြန်မာပြည် ပိုပြီးကောင်းလာဖို့အတွက် စစ်အာဏာရှင်တွေကို ဖိအားပိုပေးဖို့ကတော့ မထိရောက်ဘူးလို့ ကျနော်တို့မြင်တယ်။”
ဦးနွယ်အောင်ပြောပြသွားတာပါ။

ဘရပ်ဆဲလ်အခြေဆိုက် နိုင်ငံတကာ အလုပ်သမားသမဂ္ဂအဖွဲ့ကြီး (ITUC) ကလည်း မြန်မာစစ်အစိုးရအပေါ် အီးယူ ဥရောပအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေဟာ ထိရောက်မှုမရှိတဲ့အကြောင်း အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားကုန်သွယ်မှုတွေက စစ်အစိုးရကို အဓိက အုပ်ချုပ်ရေး သက်တမ်းရှည်ကြာ
အောင် ကြားကန်ပေးထားဆဲဖြစ်တဲ့အကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့ကြီးက ပြောပါ
တယ်။ ဒါကြောင့် အီးယူအနေနဲ့ ပိုပြီးထိရောက်တဲ့ အရေးယူမှုတွေ ပြဋ္ဌာန်းဖို့ တိုက်တွန်း ထားတာဖြစ်ပါတယ်။ ဦးနွယ်အောင်ကတော့ ဥရောပအဖွဲ့ဝင် နိုင်ငံသစ်တွေနဲ့လည်း
ဒီလို ပိတ်ဆို့မှုတွေချနိုင်အောင် ဆွေးနွေးတိုင်ပင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ တခြားနိုင်ငံတွေ၊ အီးယူမှာပါတဲ့ တခြားနိုင်ငံသစ်တွေနဲ့ ဆွေးနွေး
ပြီးတော့ အီးယူကို ဆက်ပြီးဖိအားပေးဖို့ ကြိုးစားနေတာပေါ့လေ။ အီးယူ အရေးယူ
ပိတ်ဆို့မှုက ပိုပြီးတော့ အားကောင်းအောင်လုပ်ဖို့ ကျနော်တို့ ထပ်ပြီးတော့ စည်းရုံး လှုံ့ဆော်ရမှာပေါ့လေ၊ ဒါတွေထပ်ပြီး လုပ်လည်း လုပ်နေပါတယ်။”
အန်စီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီရဲ့ ဥရောပရေးရာရုံး
ညွှန်ကြားရေးမှူး ဦးနွယ်အောင် ပြောသွားတာပါ။

ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာကြီးကတော့ အီးယူ ဥရောပအဖွဲ့ဝင်နိုင်ငံ
တွေဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးမှာ သိပ်များများစားစားမရှိဘဲ ပထ၀ီဝင်အနေ
အထားအရလည်း အလှမ်းဝေးတဲ့အတွက် မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေ မထိ
ရောက်ဘူးလို့ ရေးသားထားပါတယ်။ အီးယူ ဥရောပအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြေညာချက်
မှာတော့ မြန်မာနိုင်ရဲ့ အခြေအနေကို မူတည်ပြီး နောက်ထပ် စစ်အစိုးရအပေါ်
ကန့်သတ်တာတွေ တိုးလုပ်မယ်လို့ ဖော်ပြထားပါတယ်။

စစ်အစိုးရ အတည်ပြုဖို့ ကြိုးပမ်းနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံရေး ဦးဆောင် မှုအခန်းကဏ္ဍမှာ အကန့်အသတ်တွေချထားပြီး စစ်အစိုးရက ဖွဲ့စည်းပုံကို ကြိုက်သလို ရပ်ဆိုင်းပစ်တာမျိုးတွေ လုပ်ပိုင်ခွင့်ရှိတဲ့အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ညှိနှိုင်း ဆောင်ရွက်တာတွေ လုပ်မှာမဟုတ်ဘူးဆိုတာ ကြိုတင်တွေ့မြင်ရတဲ့အကြောင်းလည်း
အီးယူရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား