Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
သတင်း လွတ်လပ်ခွင့် မရှိဆုံး စာရင်းဝင် မြန်မာနိုင်ငံ

30 April 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (WM) video clip
အပြည့်အစုံ - ကြည့်ရှုရန် (WM) video clip

နိုင်ငံတကာမှာ သတင်းဇာနယ်ဇင်းတွေရဲ့  သတင်းလွတ်လပ်ခွင့်တွေကို စောင့်ကြည့်နေတဲ့ Freedom House အဖွဲ့ကြီးက ၂၀၀၇မှာ  သတင်း လွတ်လပ်ခွင့်တွေ ဆက်ပြီး ဆုံးရှုံးမှုရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ကမ္ဘာမှာ လူဦးရေရဲ့  ၄၂ရာခိုင်နှုန်းဟာ အခြေခံ သတင်း လွတ်လပ်ခွင့် တွေမရှိတဲ့ နိုင်ငံတွေမှာ နေထိုင်နေကြရပါတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်တွေနဲ့ ပတ်သက်ပြီး ကန့် ကလင်းက သတင်းပေးပို့ထားပါတယ်။

 ပြီးခဲ့တဲ့ နှစ်က ရန်ကုန်မြို့လမ်းမတခုပေါ်မှာ ဂျပန် သတင်းထောက် ခန်းဂျီနာဂါးအိဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ သတင်းတခု ပိုဖို့ဆိုတာဟာ တချို့နိုင်ငံတွေမှာ ခက်ခက်ခဲခဲ ကိစ္စလို့ သတ်မှတ် နိုင်ရုံတင်မကဘဲ အသက်ပါ ဆုံရှုံးနိုင်တယ်ဆိုတာကို ဂျပန်သတင်းထောက် သေဆုံးသွားမှုက သတင်းပေးပို့နေသူတွေကို စွဲစွဲမြဲမြဲ မှတ်သားသွားစေရုံတင်မကဘဲ သတင်းလွတ်လပ်ခွင့်အတွက်ကိုပါ ချိန်းခြောက်စေခဲ့ပါတယ။်

သတင်းထောက်တွေကို ချိန်းခြောက်နေတယ်လို့ ခဏခဏ စွတ်စွဲခံနေရတဲ့ စစ်အစိုးရကို မြန်မာပြည်သူတွေ ဆန္ဒပြနေစဉ်မှာ နာဂါးအိဟာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

ပါကစ္စတန်မှာ သမ္မတ မူရှာရက်ဗ်က နိုင်ငံတော် အရေးပေါ်ကြေညာချက်ထုတ်ခဲ့တုန်းကဆိုရင် သတင်းထောက်တွေဟာ အဲဒီထုတ်ပြန်ချက်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြရပါတယ်။

ရုရှားနိုင်ငံမှာ သတင်းထောက် အန်းနာ ပိုလီကိုစကားရား အသတ်ခံခဲ့ရတဲ့ နှစ်ပတ်လည်နေ့ကို ဆန္ဒပြသူများက သတ်မှတ်ခဲ့ပါတယ်။

အစိုးရ အဖွဲ့မဟုတ်တဲ့ Freedom House အဖွဲ့က ၂၀၀၇ခုနှစ်အတွက်  သတင်းစာ လွတ်လပ်ခွင့် အခြေအနေတွေကို တင်ပြထားတဲ့ “တကမ္ဘာလုံးကျဆင်းတဲ့နှစ်” လို့ ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာကို ဧပြီလ ၂၉ရက်နေ့မှာ  ထုတ်ပြန်ခဲ့ပါတယ်။

Freedom House အဖွဲ့ရဲ့  ညွန်ကြားရေးမှူး ဂျန်နီဖာ ၀င်းစောက

“တကယ်လို့ သတင်းလွတ်လပ်ခွင့်တွေများလာမယ်ဆိုရင် ကျမတို့ဟာ ဒေသတွေမှာ လွတ်လပ်ခွင့် ရဖို့ အခွင့်အလမ်းတွေ တိုးတက်စေမှာဖြစ်ပါတယ်။ ဒါမှမဟုတ် သတင်းလွတ်လပ်ခွင့်တွေသာ နည်းပါးရင်တော့ တိုင်းပြည်တွေရဲ့ လွတ်လပ်ခွင့်တွေကိုပါ ချိန်းခြောက်စေမှာ ဖြစ်ပါတယ်။”

ဝါရှင်တန်မှာရှိတဲ့ သတင်း ပြခန်းမှာ Freedom Houseရဲ့ အရာရှိတွေက ဒီပြခန်းဟာ စာနယ်ဇင်း၊ သတင်းမီဒီယာတွေအတွက် ရည်စူး ဆောက်လုပ်ထားတာလို့ ဆိုပါတယ်။

ဒီ မြေပုံဟာ စာနယ်ဇင်းသမားတွေအတွက် နိုင်ငံရေး၊  စီပွားရေး၊ တရားဥပဒေရေး အခြေအနေ တွေပေါ် မူတည်ပြီး လွတ်လပ်တယ်၊ နဲနဲ လွတ်လပ်တယ်၊ မလွတ်လပ်ဘူးဆိုပြီး လမ်းညွန်ပြထားတာ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၉၅ရဲ့ သတင်းလွတ်လပ်ခွင့်တွေကို စာရင်းပြုစုထားတဲ့အထဲမှာ မြောက်ကိုရီးယား နိုင်ငံဟာ အောက်ဆုံးမှာရှိပါတယ်။ ဒုတိယ နောက်ဆုံးဖြစ်တာကတော့ မြန်မာနိုင်ငံပါ။ အမေရိကန် အသံ မြန်မာပိုင်းရဲ့ ဌာနမှူး ဦးသန်းလွင်ထွန်းကတော့ သူအတွေ့အကြုံအရ ဒါဟာ မဆန်းဘူးလို့ဆိုပါတယ်။

“စစ်အစိုးရက မြန်မာပြည်သူတွေကို ကြောက်အောင်၊ ချိန်းခြောက်ထားတော့  သူတို့တွေက သတင်းထောက်တွေနဲ့ တွေ့တဲ့အခါ အမှန်တရားကို ဖော်ထုတ်ဖို့ ကြောက်ကုန်တာပေါ့။”လို့ ပြောပါတယ်။

ထောင်က လွတ်လာခါစ အတိုက်အခံ ခေါင်းဆောင်တယောက်ကို ဆက်သွယ်ခဲ့တုန်းကဆိုရင်လည်း

“ကျွန်တော်တို့ စကားပြောနေတုန်း သူက နောက်တောင် နောက်လိုက်ပါသေးတယ်။ တယ်လီဖုန်း ပြောပြီးသွားရင်တောင် ဖုန်းလိုင်းက ဖြတ်ခံရမလား၊ ဒါမှမဟုတ်  ကျမတော့ ဒုက္ခရောက်တော့ မယ်ထင်တယ်လို့ ပြောပါတယ်။ တကယ်ပါပဲ။ သူရဲ့ ဖုန်းလိုင်းတောင် ဖြတ်ခံရရုံတင်မကပါဘူး။ ထောင်ထဲကိုပါ နောက်ထပ် နှစ်နှစ်  ပြန်ထည့် ခံလိုက်ရပါတယ်။”

Freedom House ရဲ့ စစ်တမ်းအရ ကွန်ပြူတာ အင်တာနက်တွေနဲ့ တခြား မီဒီယာ အသစ်တွေကကို သုံးခြင်းအားဖြင့်  အစိုးရတွေရဲ့ သတင်းချုပ်ချယ်မှုကို ရှောင်ရှားနိုင်လာတယ်လို့ ဆိုပါတယ်။

မစ္စ ၀င်းစောက

“အင်တာနက်ကို သုံးခြင်းအားဖြင့် အကျိုးအမြတ်တွေရနေတယ်ဆိုပေမယ့် သတင်းပုံနှိပ် လုပ်ငန်း တွေနဲ့ ရုပ်သံထုတ်လုပ်မှုတွေကို အရေးကြီးတဲ့ ပရိတ်သတ်များက လက်လှမ်းမှီသလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။”

Freedom House ရဲ့ မလှမ်းမကမ်းမှာရှိတဲ့ သတင်းပြခန်းမှာတော့ သတင်းထောက်တွေဟာ သတင်းပေးပို့နိုင်ဖို့အတွက် ဆက်လက်ပြီး တန်ဖိုး ပေးဆပ်နေဆဲဆိုတာကို ပြသနေပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
စစ်အစိုးရကြေညာချက် တရားမ၀င်ကြောင်း အန်န်အယ်လ်ဒီ ငြင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် ဒုတိယကပ်ဆိုးကြီး ကြုံရနိုင်ခြေ နိုင်ငံတကာကြက်ခြေနီ သတိပေး  Audio Clip Available
မြန်မာမုန်တိုင်း ဒုက္ခသည်များကယ်ဆယ်ရေး စုပေါင်းဆောင်ရွက်ဖို့ ကုလ အတွင်းရေးမှူးချုပ် အစည်းဝေးခေါ်  Audio Clip Available
မြန်မာနိုင်ငံအတွက် အကူအညီတွေ ဆက်ပေးမယ်လို့ အမေရိကန် နိုင်ငံခြား အထောက်အကူ ပေးရေး အကြီးအကဲကပြော  Audio Clip Available
ကုလ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲကို မြန်မာနိုင်ငံသို့ စေလွှတ်ဖို့ရှိ  Audio Clip Available
လေဘေးဒဏ်သင့်ဒေသအတွင်း ၀မ်း ရောဂါကြောင့် သေဆုံးမှုများ ရှိနေ  Audio Clip Available
လေဘေးဒုက္ခမအေးခင် ဆန္ဒခံယူပွဲလုပ်မည့်ကိစ္စ အဲန်အယ်လ်ဒီ ကန့်ကွက်  Audio Clip Available
နိုင်ငံတကာ ကျွမ်းကျင်သူ မလိုအပ်ဟု ထိုင်းဝန်ကြီး ချုပ်ကို စစ်အစိုးရ တုံ့ပြန်  Audio Clip Available
မုန်တိုင်းအထောက်အကူ လက်ခံရေးတိုက်တွန်းရန် ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ သွားဖို့ပြင်  Audio Clip Available