Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
အထိန်းသိမ်းခံ NLD ခေါင်းဆောင်များ မဲပေးခွင့်ရှိသူ အမည်စာရင်းထဲပါဝင်

02 May 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

ဒီနေ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ရုံးက မြို့နယ်အတွင်း မဲပေးခွင့်ရှိသူတွေရဲ့ စာရင်းကို ကပ်ထားတာမှာ လာမယ့် မေလ ၁၀ရက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် လူထု ဆန္ဒခံယူပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ဟာ အဲဒီ မဲပေးခွင့်ရှိသူ စာရင်းမှာ ပါရှိခဲ့ပါတယ်။ အလားတူပဲ ကမာရွက်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးက မဲပေး ခွင့်ရှိသူ စာရင်းမှာလည်း NLDဒုဥက္ကဌ ဦးတင်ဦးရဲ့ အမည်ပါရှိပါတယ်။ အရေးပေါ် အက်ဥပဒေအရ တရားရုံး မတင်ဘဲ ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒခံပွဲမှာ မဲပေးခွင့် ရရှိဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြီးခဲ့တဲ့လက ကြေညာထုတ်ပြန်ပြီး တောင်းဆိုထားခဲ့ပါတယ်။

အရေးပေါ် အက်ဥပဒေအရ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဟာလည်း စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရပါတယ်။ လူထု ဆန္ဒခံယူပွဲမှာ စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်းကို ဆန့်ကျင် ကန့်ကွက်မဲ ပေးကြဖို့ မြန်မာနိုင်ငံ ပြည်သူလူထု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းနိုးဆော်ထားပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
အထိန်းသိမ်းခံ NLD ခေါင်းဆောင်များ မဲပေးခွင့်ရှိသူ အမည်စာရင်းထဲပါဝင်  Audio Clip Available
ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံးလှုပ်ရှား  Audio Clip Available
ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကမ်းရိုးကို ၀င် ရောက်တိုက်ခတ်  Audio Clip Available
ဒေါ်စုနဲ့ မင်းကိုနိုင် လွတ်မြောက်ရေး အကျိုးဆောင်ဖို့ ကုလ အတွင်းရေးမှူးချုပ်ကို အမေရိကန် အထက်လွှတ်တော်အမတ်တွေ တိုက်တွန်း  Audio Clip Available
ဆန္ဒခံယူပွဲကို အသိအမှတ်မပြုဘို့ နိုင်ငံတကာကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း  Audio Clip Available
စစ်အစိုးရအပေါ် ဘဏ္ဍာရေး ထပ်မံပိတ်ဆို့မှု သမ္မတဘုရှ် အတည်ပြု  Audio Clip Available
ဥပဒေမူကြမ်းမှာ အလုပ်သမား အခွင့်အရေး ပါဝင်မှုနည်းဟု အန်န်အယ်လ်ဒီ မေဒေး ကြေညာချက်ထုတ်  Audio Clip Available
ဆက်သွယ်မှုခက်ခဲတဲ့ဒေသတွေ ကြိုတင်မဲပေးရာမှာ ထောက်ခံမဲရအောင် အာဏာပိုင်တွေကြံစည်  Audio Clip Available
မြန်မာနိုင်ငံ အနောက်ဘက်ကမ်းမှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်  Audio Clip Available
အယ်လ်ခိုက်ဒါး အန္တရာယ် အမေရိကန် ထောက်ပြ  Audio Clip Available