Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
မြန်မာ၊ တရုတ်နဲ့ ဆူဒန် ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး သတ်မှတ်ခံရ

03 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

မြန်မာ၊ တရုတ်နဲ့ ဆူဒန်နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံတွေဖြစ်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်က ပြောဆိုလိုက်ပါတယ်။

အမေရိကန်ကွန်ဂရက်စ် လွှတ်တော်က တာဝန်ပေးထားတဲ့ သီးခြားလွတ်လပ်တဲ့ ကော်မရှင်အနေနဲ့ ၂၀၀၈ ခုနှစ်အတွင်း ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်တဲ့ အဆိုးဆုံး နိုင်ငံတွေ စာရင်းကို မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တယ် ဆိုပြီး အထူးစိုးရိမ်ရတဲ့ အခြားနိုင်ငံတွေထဲမှာ မြောက်ကိုရီးယား၊ အီရတ်၊ ဆီးရီးယား၊ အီရန်၊ ပါကစ္စတန်၊ ဆော်ဒီ အာရေဗီးယား၊ တာခ်မန်နစ္စတန်၊ အူဘက်ကစ္စတန် နဲ့ ဗီယက်နမ် နိုင်ငံတွေကို ဖော်ပြထားပါတယ်။

ဘာသာရေး လွတ်လပ်ခွင့် ချိုးဖေါက်တဲ့ နိုင်ငံတွေအဖြစ် စောင့်ကြည့်ရမယ့် နိုင်ငံတွေ စာရင်းကိုလည်း ကော်မရှင်က ထုတ်ပြန်ပါတယ်။ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘဲလားရု(ရှ်)၊ ကျူးဘား၊ အီဂျစ်၊ အင်ဒိုနီးရှားနဲ့ နိုင်ဂျီရီးယား နိုင်ငံတွေကိုလည်း လေ့လာစောင့်ကြည့်ရမယ့် နိုင်ငံတွေ စာရင်းမှာ ထည့်သွင်းထားပါတယ်။

အီရတ်နိုင်ငံမှာ ဆွန်နီ သူပုန်တွေနဲ့ ပြည်ပက အစွန်းရောက်အဖွဲ့တွေက မူဆလင်မဟုတ်တဲ့ သူတွေရဲ့ အခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေတယ်လို့ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီလို ဘာသာရေး ချိုးဖေါက်မှု အနေအထားနဲ့ ပတ်သက်လို့လည်း ကော်မရှင်အနေနဲ့ အထူး စိုးရိမ်တဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အီရတ်နိုင်ငံအတွင်း မူဆလင် မဟုတ်တဲ့သူတွေဟာ အမျိုးသားအစိုးရနဲ့ ဒေသဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေ၊ အစိုးရတပ်ဖွဲ့အသွင် ပြည်သူ့စစ်တွေရဲ့  အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံ ခံရမှုတွေ၊ ဘေးဖယ်ကန့်သတ်ခံရတွေကို ရင်ဆိုင်နေရတယ်လို့လည်း ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
တောင်းဆိုချက်ကို မြန်မာနိုင်ငံ လိုက်နာမှုရှိမရှိ လုံခြုံရေးကောင်စီ စောင့်ကြည့်မည်  Audio Clip Available
မြန်မာ၊ တရုတ်နဲ့ ဆူဒန် ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး သတ်မှတ်ခံရ  Audio Clip Available
အစိုးရ၀န်ထမ်းများထံက ကြိုတင်ဆန္ဒမဲ ကောက်ခံ  Audio Clip Available
ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံးလှုပ်ရှား  Audio Clip Available
အထိန်းသိမ်းခံ NLD ခေါင်းဆောင်များ မဲပေးခွင့်ရှိသူ အမည်စာရင်းထဲပါဝင်  Audio Clip Available
စင်္ကာပူရောက် မြန်မာများ ဆန္ဒမဲပေးရန် ခက်ခဲနေဆဲ  Audio Clip Available
ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကမ်းရိုးကို ၀င် ရောက်တိုက်ခတ်  Audio Clip Available
ဒေါ်စုနဲ့ မင်းကိုနိုင် လွတ်မြောက်ရေး အကျိုးဆောင်ဖို့ ကုလ အတွင်းရေးမှူးချုပ်ကို အမေရိကန် အထက်လွှတ်တော်အမတ်တွေ တိုက်တွန်း  Audio Clip Available
ဆန္ဒခံယူပွဲကို အသိအမှတ်မပြုဘို့ နိုင်ငံတကာကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း  Audio Clip Available