Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
ပြင်းထန်တဲ့ ဆိုင်ကလုံးမုန်တိုင်း ရန်ကုန်နဲ့ မြို့နယ်များစွာကို တိုက်ခတ်  

03 May 2008
မုန်တိုင်းသတင်း အပြည့်အစုံ (ဒေါ်နန္ဒာချမ်း) - အစီအစဉ်ကိုရယူရန် (MP3) audio clip
မုန်တိုင်းသတင်း အပြည့်အစုံ (ဒေါ်နန္ဒာချမ်း) - နားဆင်ရန် (MP3) audio clip

050308Cyclone2
ရန်ကုန်မြို့တွင်း ဆိုင်ကလုံးမုန်တိုင်း ကြောင့် ပျက်ဆီးနေပုံ (ဓာတ်ပုံ - အေပီ)
ရန်ကုန်မြို့မှာ ဒီနေ့မနက် ၁ နာရီကို မိုင် ၁၂၀ ကျော်နှုန်းနဲ့ ဆိုင်ကလုံး လေပြင်းမုန်တိုင်းကြီး တိုက်ခတ်သွားလို့ လျှပ်စစ်မီးများ ပြတ်တောက်၊ မြို့တွင်း ရေကြီးပြီး ဘတ်စ်ကားနဲ့ ရထားများလည်း မထွက်နိုင်ဘဲ ရေဒီယိုနဲ့ ရုပ်သံလွှင့် အစီအစဉ်များလည်းပဲ ပြတ်တောက် သွားတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားက၀င်လာတဲ့လေယာဉ်တွေ ရန်ကုန်မှာ မဆင်းနိုင်လို့ မန္တလေးကို ပြောင်းလဲ ပျံသန်း စေရတယ်လို့ ရိုက်တာ သတင်းက ဆိုပါတယ်။ မင်္ဂလာဒုံ လေဆိပ်က ပျံသန်းမယ့် ခရီးစဉ်တွေ အားလုံးကိုလည်း ပယ်ဖျက်လိုက်ပါပြီ။ ရန်ကုန်မြို့သာမက မြန်မာပြည်ရဲ့ တခြားမြို့များကိုလည်းပဲ တယ်လီဖုန်း အဆက်အသွယ်များ ဆက်သွယ်လို့ မရနိုင်ဘဲ ရန်ကုန်မြို့တွင်းမှာလည်း အင်တာနက်များ ပြတ်တောက်သွားကြောင်း သတင်းရရှိပါတယ်။

ရန်ကုန်ကလာတဲ့ အေပီသတင်းထဲမှာတော့ ဒေသစံတော်ချိန် မနက် ၅ နာရီက တိုက်ခတ်သွားတဲ့ ဒီလေပြင်းမုန်တိုင်းကြောင့် အသေအပျောက်တွေ အများကြီး ရှိနိုင်တယ်၊ အပျက်အဆီးလည်း ကြီးမားနိုင်တယ်လို့ မိုးလေ၀သဌာနက အမည်မဖော်လိုသူတစ်ဦးကို ကိုးကားဖော်ပြပါတယ်။

မုန်တိုင်းမကျခင် ရာသီဥတု ဆိုးရွားနေလို့ ရန်ကုန်မြစ်တွင်းမှာ သောကြာနေ့ညက သမန်တစ်စင်း မှောက်လို့ အမျိုးသမီး ၃ ယောက် သေဆုံးသွားကြောင်း ဆိပ်ကမ်းအလုပ်သမားများက ပြောကြားကြပြီး သက်ဆိုင်ရာက အရေးယူမှာစိုးလို့ ဘယ်သူဘယ်ဝါတွေဆိုတာကိုတော့ အသေးစိတ် မပြောပြပါဘူး။ စနေနေ့ မနက်ပိုင်းမှာ မြန်မာ့အသံရဲ့အသံလွှင့်ချက်များ ပြတ်တောက်သွားတဲ့အပြင် အစိုးရရဲ့ ၀ဒ်ဆိုက်များ ကိုလည်းပဲ ကြည့်လို့မရဘူးလို့ အေအက်ဖ်ပီက ဆိုပါတယ်။

နောက်ပိုင်းမှာ ရန်ကုန်မြို့အပါအ၀င် ရန်ကုန်မြို့အပါအ၀င် တိုင်းနဲ့ပြည်နယ် ၅ ခုမှာ လေပြင်းမုန်တိုင်း ကျရောက်နေကြောင်း ရုပ်သံလွှင့်က ကြေညာလာတယ်လို့ သတင်းများ ၀င် လာပါတယ်။ အဆက်အသွယ် ပြတ်တောက်လို့ အပျက်အဆီး ဘယ်လောက် ရှိတယ်ဆိုတာကို အခုလောလောဆယ် မသိနိုင်သေးဘူးလို့ အိုင်စီအာစီ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ချုပ်က ကြေညာပါတယ်။

မြန်မာ့ရုပ်သံလွှင့်ရဲ့ ကြေညာချက်အရ မုန်တိုင်းဒဏ်ခံရတဲ့ တိုင်းနဲ့ပြည်နယ် ၅ ခုကတော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ ဖြစ်ပါတယ်။

မုန်တိုင်းဟာ ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ဖက်ကို ရွေ့လျားပြီးတော့ ၂၄ နာရီအတွင်း ထိုင်းနိုင်ငံဖက်ကို ၀င်ရောက်သွားပြီလို့ ဆိုပါတယ်။

ရန်ကုန်တမြို့လုံးနီးပါး လုံးဝ ပျက်ဆီးသွားပြီးတော့ ဧရာဝတီတိုင်းမှာ အပျက်အဆီး အသေအပျောက်များ ရှိနိုင်ကြောင်း ဧရာဝတီတိုင်းမှာ ဟိုင်းကြီးကျွန်း၊ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ကြုံမငေး၊ ဘိုကလေး၊ ချောင်းသာ၊ ငသိုင်းချောင်း စတဲ့မြို့နယ်များ ပါဝင်ကြောင်း ဆင်ဝှါ သတင်းအေဂျင်စီက ဖော်ပြပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
ဆိုင်ကလုံးမုန်တိုင်းကြောင့် ရန်ကုန်မြို့ အကြီးအကျယ် ပျက်ဆီး  Audio Clip Available
လူထုဆန္ဒခံယူပွဲ လွတ်လပ်ပြီး အားလုံးပါဝင် နိုင်ဖို့ လုံခြုံရေး ကောင်စီ တိုက်တွန်း  Audio Clip Available
ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံးလှုပ်ရှား  Audio Clip Available
တောင်းဆိုချက်ကို မြန်မာနိုင်ငံ လိုက်နာမှုရှိမရှိ လုံခြုံရေးကောင်စီ စောင့်ကြည့်မည်  Audio Clip Available
မြန်မာ၊ တရုတ်နဲ့ ဆူဒန် ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး သတ်မှတ်ခံရ  Audio Clip Available
အစိုးရ၀န်ထမ်းများထံက ကြိုတင်ဆန္ဒမဲ ကောက်ခံ  Audio Clip Available
အထိန်းသိမ်းခံ NLD ခေါင်းဆောင်များ မဲပေးခွင့်ရှိသူ အမည်စာရင်းထဲပါဝင်  Audio Clip Available
စင်္ကာပူရောက် မြန်မာများ ဆန္ဒမဲပေးရန် ခက်ခဲနေဆဲ  Audio Clip Available
ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကမ်းရိုးကို ၀င် ရောက်တိုက်ခတ်  Audio Clip Available