Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
ဇင်ဘာဘွေ တကြော့ပြန် ရွေးကောက်ပွဲ အတိုက်အခံ ယှဉ်ပြိုင်ဖို့ စဉ်းစားဆဲ

04 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

210_Tsvangirai
အတိုက်အခံခေါင်းဆောင် မော်ဂန် ရှန်ဂရှိုင်း (ဓာတ်ပုံ - အေပီ၊ မေ ၂၀၀၈)
ဇင်ဘာဘွေ သမ္မတ ရွေးကောက်ပွဲ တကြော့ပြန် ကျင်းပမယ် ဆိုရင် အတိုက်အခံပါတီ ခေါင်းဆောင် မော်ဂန် ရှန်ဂရိုင်း (Morgan Tsvangirai) အနေနဲ့ ပါဝင်ယှဉ်ပြိုင်မယ် မယှဉ်ပြိုင်ဘူးဆိုတာ အဓိက အတိုက်အခံ ပါတီကြီးက အဆုံးဖြတ်ရသေးပါဘူး။

ဇင်ဘာဘွေ အတိုက်အခံ ဒီမိုကရေစီ ပြောင်းလဲရေး လှုပ်ရှားမှု ပါတီ MDC ရဲ့ ဒု ဥက္ကဋ္ဌ မစ္စ သွန်ကိုဇန်နီ ကူပီ (Ms. Thokozani Khupe) က ရွေးကောက်ပွဲကို တကြော့ပြန် ကျင်းပဖို့ မလိုဘူးလို့ ဟာရယ်ရီ (Harare) မြို့မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။ အတိုက်အခံခေါင်းဆောင် ရှန်ဂရိုင်း အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများစု အပြတ်အသတ် အနိုင်ရခဲ့တယ်လို့ ယုံကြည်တဲ့ အတွက် ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ မလိုဘူးလို့ ပြောပါတယ်။

ဒါပေမယ့်လည်း အတိုက်အခံ MDC ပါတီရဲ့ အရာရှိတွေကတော့ ပါတီအနေနဲ့ တကြော့ပြန် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ခြေ မရှိဘူးလို့တော့ လုံးလုံး မငြင်းပယ်သေးဘူးလို့ ပြောပါတယ်။

အတိုက်အခံခေါင်းဆောင် မော်ဂန် ရှန်ဂရိုင်းဟာ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ သမ္မတ မူကာဘီ (Mugabe) ကို အနိုင်ရခဲ့တယ်လို့ တရားဝင် မဲစာရင်းက ထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း လိုအပ်သလောက် အများစုမဲကို မရတဲ့အတွက် နောက်တကြိမ် ပြန်ပြီးရွေးကောက်ပွဲ ကျင်းပဖို့ လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။ ဒီပြောဆိုချက်ကို အတိုက်အခံတွေက ငြင်းဆိုပါတယ်။

အစိုးရဘက်က မဲရေတွက်တာမှာ တစ်လကျော် နောက်ကျခဲ့တာကြောင့် ဇင်ဘာဘွေ ပြည်တွင်းနဲ့ ပြည်ပမှာ ရွေးကောက်ပွဲ ရလဒ်ကို သံသယ ဖြစ်ခဲ့ကြပါတယ်။ တကယ်လို့ မော်ဂန် ရှန်ဂရိုင်းအနေနဲ့ တကြော့ပြန် ရွေးကောက်ပွဲမှာ ၀င်ရောက် မယှဉ်ပြိုင်ဘူး ဆိုရင် သမ္မတ မူကာဘီ ကပဲ အနိုင်ရသူ အဖြစ် ကြေညာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ၂၈ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဇင်ဘာဘွေကို ဆက်ပြီး အုပ်ချုပ်မယ်လို့ မျှော်လင့်ရပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
ဇင်ဘာဘွေ တကြော့ပြန် ရွေးကောက်ပွဲ အတိုက်အခံ ယှဉ်ပြိုင်ဖို့ စဉ်းစားဆဲ  Audio Clip Available
ဆိုင်ကလုံးမုန်တိုင်းကြောင့် ရန်ကုန်မြို့ အကြီးအကျယ် ပျက်ဆီး  Audio Clip Available
လူထုဆန္ဒခံယူပွဲ လွတ်လပ်ပြီး အားလုံးပါဝင် နိုင်ဖို့ လုံခြုံရေး ကောင်စီ တိုက်တွန်း  Audio Clip Available
ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံးလှုပ်ရှား  Audio Clip Available
တောင်းဆိုချက်ကို မြန်မာနိုင်ငံ လိုက်နာမှုရှိမရှိ လုံခြုံရေးကောင်စီ စောင့်ကြည့်မည်  Audio Clip Available
မြန်မာ၊ တရုတ်နဲ့ ဆူဒန် ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး သတ်မှတ်ခံရ  Audio Clip Available
အစိုးရ၀န်ထမ်းများထံက ကြိုတင်ဆန္ဒမဲ ကောက်ခံ  Audio Clip Available
အထိန်းသိမ်းခံ NLD ခေါင်းဆောင်များ မဲပေးခွင့်ရှိသူ အမည်စာရင်းထဲပါဝင်  Audio Clip Available
စင်္ကာပူရောက် မြန်မာများ ဆန္ဒမဲပေးရန် ခက်ခဲနေဆဲ  Audio Clip Available