Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
အီရတ်အမျိုးသမီးသတင်း ထောက်အသတ်ခံရ

04 May 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

အီရတ်နိုင်ငံ မြောက်ပိုင်း  မိုဆူးလ်မြို့မှာ သေနတ်သမားတွေဟာ အီရတ် သတင်းစာ ဆရာမတဦးကို ကားထဲက ဆွဲထုတ်ပြီး ပစ်သတ်လိုက်တယ်လို့ အီရတ်ရဲက ပြောကြားပါတယ်။ တနင်္ဂနွေနေ့က ဆယ်ဝါ အပ်ဘူ ၀ါဟတ် ဟာ သူ့အလုပ်ကို သွားနေစဉ် သေနတ်သမားတို့က ကားထဲက အတင်းဆွဲချပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ရဲပြောပါတယ်။

မိုဆူးလ်မြို့ဟာ သတင်းစာဆရာတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ မြို့တမြို့ ဖြစ်နေတာ ပုံမှန်လို ဖြစ်နေပါတယ်။ ၂၀၀၃ခုက  အမေရိကန် ဦးဆောင်ပြီးအီရတ်ကို   ၀င်ရောက် သိမ်းပိုက်ပြီးတဲ့ နောက် ပိုင်းမှာ မိုဆူးလ်မြို့ဟာ သတင်းစာဆရာတွေအတွက် အန္တရာယ် အရှိဆုံး မြို့ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းစာ ဆရာများ ကာကွယ် စောင့်ရှောက်ပေးတဲ့ ကော်မတီက ပြောပါတယ်။

ဒီအတောအတွင်း မှာ အီရတ်သမ္မတ ဂျာလာ တာလာဗာနီရဲ့ ဇနီး ဟီရိုအီဗရာဟင် အာမတ် စီးနင်း လိုက်ပါတဲ့ ယာဉ်ပါရှိတဲ့ ယာဉ်တန်း ဗုံးဖောက်ခွဲခံရကြောင်း ဒါပေမဲ့ ဟီရိုအီဗရာဟင်အာမတ်ကတော့ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိဘဲ သူမ သက်တော်စောင့် လေးဦးသာ ဒဏ်ရာရရှိခဲ့တဲ့အကြောင်း အီရတ် မီဒီယာသတင်းက ဖော်ပြပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
အီရတ်အမျိုးသမီးသတင်း ထောက်အသတ်ခံရ  Audio Clip Available
ဇင်ဘာဘွေ တကြော့ပြန် ရွေးကောက်ပွဲ အတိုက်အခံ ယှဉ်ပြိုင်ဖို့ စဉ်းစားဆဲ  Audio Clip Available
ပြင်းထန်တဲ့ ဆိုင်ကလုံးမုန်တိုင်း ရန်ကုန်နဲ့ မြို့နယ်များစွာကို တိုက်ခတ်    Audio Clip Available
ဆိုင်ကလုံးမုန်တိုင်းကြောင့် ရန်ကုန်မြို့ အကြီးအကျယ် ပျက်ဆီး  Audio Clip Available
လူထုဆန္ဒခံယူပွဲ လွတ်လပ်ပြီး အားလုံးပါဝင် နိုင်ဖို့ လုံခြုံရေး ကောင်စီ တိုက်တွန်း  Audio Clip Available
ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံးလှုပ်ရှား  Audio Clip Available
တောင်းဆိုချက်ကို မြန်မာနိုင်ငံ လိုက်နာမှုရှိမရှိ လုံခြုံရေးကောင်စီ စောင့်ကြည့်မည်  Audio Clip Available
မြန်မာ၊ တရုတ်နဲ့ ဆူဒန် ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး သတ်မှတ်ခံရ  Audio Clip Available
အစိုးရ၀န်ထမ်းများထံက ကြိုတင်ဆန္ဒမဲ ကောက်ခံ  Audio Clip Available
အထိန်းသိမ်းခံ NLD ခေါင်းဆောင်များ မဲပေးခွင့်ရှိသူ အမည်စာရင်းထဲပါဝင်  Audio Clip Available