Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ ၁၀,၀၀၀ အထိရှိနိုင်ဟု စစ်အစိုးရခန့်မှန်း

05 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

An electric pole is broken by strong wind at a street in Yangon Saturday, May 3, 2008.AP
နာဂစ်မုန်တိုင်းဒဏ် ခံလိုက်ရသည့် ရန်ကုန်မြို့ရှိ အပျက်အစီးတချို့။ မေ ၃၊ ၂၀၀၈
စနေနေ့က မြန်မာနိုင်ငံကိုတိုက်ခတ်သွား
တဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အသက်
ဆုံးရှုံးရတဲ့ ပြည်သူပေါင်း ၁၀,၀၀၀ ထိ
ရှိသွားပြီဖြစ်ပြီး လူဦးရေ သိန်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားရတယ်လို့ သိရပါ
တယ်။ ဟိုင်းကြီးကျွန်းတခုထဲမှာပဲ လူ
၉၈,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားရ
တယ်လို့ အစိုးရက ကြေညာပါတယ်။

ဒီနေ့ တနင်္လာနေ့ တနေ့လုံးလိုလိုမှာလည်း
ရန်ကုန်မှာ နေရာတိုင်းလိုလို မီးမရဘဲ ရှိနေပါတယ်။ လမ်းမတွေပေါ်မှာကျနေတဲ့
သစ်ပင်တွေ၊ ဓာတ်တိုင်တွေကို ထောင်နဲ့ချီတဲ့ အလုပ်သမားတွေက ရှင်းလင်းဆဲပဲ
ဖြစ်ပါတယ်။

ဒါပေမယ့် စနေနေ့ကပိတ်ခဲ့တဲ့ ရန်ကုန်လေဆိပ်ကိုတော့ ပြန်ဖွင့်လိုက်ပြီဖြစ်ပါတယ်။
စစ်အစိုးရက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်
တွေကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသများအဖြစ် တနင်္ဂနွေနေ့ကတည်း
က စတင်ကြေညာထားပါတယ်။

စစ်အစိုးရရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေက နှေးကွေးနေတဲ့အတွက် မြို့ခံလူထုက စိတ်ပျက်နေကြပါတယ်။ ကုလသမဂ္ဂက အကူအညီပေးဖို့ ကမ်းလှမ်းထားပြီးဖြစ်ပေ
မယ့် မြန်မာစစ်အစိုးရက အခုအထိ နိုင်ငံတကာအကူအညီကို မတောင်းခံသေးဘူး
လို့လည်း သိရှိရပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာပြည်သူတွေ အသက်အိုးအိမ်
ဆုံးရှုံးရတဲ့အတွက် သူ့အနေနဲ့ အင်မတန်မှ စိတ်မကောင်းဖြစ်မိတယ်၊ ၀မ်းနည်းမိတယ်
လို့ ပြောပါတယ်။ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အခုလိုသေဆုံးသွားရတဲ့ မိသားစုဝင်တွေ၊ အိုးအိမ်ပျက်စီးသွားသူတွေ၊ ဒဏ်ရာရသူတွေအတွက် ဘန်ကီမွန်းက လှိုက်လှိုက်လှဲလှဲ
ဝမ်းနည်းမိတဲ့အကြောင်း စာနာမိတဲ့သတင်းစကားကို ပါးလိုက်ပါတယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကုလသမဂ္ဂက နိုင်ငံတကာအကူအညီအားလုံး အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ညှိနှိုင်း
ရေးအသင်းကလည်း ပေးဖို့ အရန်သင့်ဖြစ်နေပြီလို့ ပြောကြားပါတယ်။ ဒါပေမယ့်
မြန်မာနိုင်ငံရဲ့ ခွင့်ပြုချက်မရဘဲနဲ့ သူတို့အနေနဲ့ မကူညီနိုင်ဘူးလို့ ကုလသမဂ္ဂ အထောက်အကူပြုလုပ်သားတွေက ပြောပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ ၁၀,၀၀၀ အထိရှိနိုင်ဟု စစ်အစိုးရခန့်မှန်း  Audio Clip Available
သဘာဝ ဘေးအန္တရယ် ဖြေရှင်းရေး စီမံချက် ရှိပေမဲ့ စစ်အစိုးရ တုံ့ပြန်မှု နောက်ကျ  Audio Clip Available
သမ္မတကို လုပ်ကြံသူ သံသယဖြစ်ဖွယ် အစိုးရ ၀န်ထမ်းနှစ်ဦးကို ဖမ်းဆီး  Audio Clip Available
အီရတ်အမျိုးသမီးသတင်း ထောက်အသတ်ခံရ  Audio Clip Available
နာဂစ် မုန်တိုင်းဒဏ် လူ၃၅၀ကျော် သေဆုံး  Audio Clip Available
ဇင်ဘာဘွေ တကြော့ပြန် ရွေးကောက်ပွဲ အတိုက်အခံ ယှဉ်ပြိုင်ဖို့ စဉ်းစားဆဲ  Audio Clip Available
ပြင်းထန်တဲ့ ဆိုင်ကလုံးမုန်တိုင်း ရန်ကုန်နဲ့ မြို့နယ်များစွာကို တိုက်ခတ်    Audio Clip Available
ဆိုင်ကလုံးမုန်တိုင်းကြောင့် ရန်ကုန်မြို့ အကြီးအကျယ် ပျက်ဆီး  Audio Clip Available
လူထုဆန္ဒခံယူပွဲ လွတ်လပ်ပြီး အားလုံးပါဝင် နိုင်ဖို့ လုံခြုံရေး ကောင်စီ တိုက်တွန်း  Audio Clip Available
ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံးလှုပ်ရှား  Audio Clip Available