Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
သမ္မတကို လုပ်ကြံသူ သံသယဖြစ်ဖွယ် အစိုးရ ၀န်ထမ်းနှစ်ဦးကို ဖမ်းဆီး

05 May 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

rtv 17jan02 world5 afghan powell-karzai 150.jpg
အာဖဂန်သမ္မတ Harmid Karzai
သမ္မတ Hamid Karzai ကို ဧပြီလ ၂၇ ရက် နေ့ က လုပ်ကြံခဲ့ရာမှာ သံသယ ဖြစ်တဲ့အတွက် အစိုးရ ၀န်ထမ်း ၂ ယောက် ကို ဖမ်းဆီးခဲ့တယ်လို့ အာဖဂန် အရာရှိတွေ က ဆိုပါတယ်။

တစ်ယောက် က ကာကွယ်ရေး ၀န်ကြီးဌာန မှာ အလုပ်လုပ်ခဲ့ပြီး၊ နောက်တစ်ယောက် က ပြည်ထဲရေး ၀န်ကြီးဌာန မှာ အလုပ်လုပ်ခဲ့တယ်လို့ ကာကွယ်ရေး ၀န်ကြီး Abdul Rahim Wardakက ဆိုပါတယ်။

ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ထမ်း က လက်နက် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပြီး၊ တိုက်ခိုက်သူတွေ အသုံးပြုခဲ့တဲ့ AK 47 သေနတ်တွေ ဟာည အစိုးရ ထုတ်ပေးခဲ့တဲ့ သေနတ်တွေ ဖြစ်တယ်လို့ ကာကွယ်ရေး ၀န်ကြီး ကို ကိုးကားပြီး အေပီသတင်း က ပြောပါတယ်။

ပါကစ္စတန် အခြေစိုက် အယ်ကိုင်ဒါ အကြမ်းဖက်သမားတွေ ရဲ့ အခန်းကဏ္ဍ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တယ်လို့ ထောက်လှမ်းရေး အကြီးအကဲ Amrullah Saleh က သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။

ဧပြီလ ၂၇ ရက် တိုက်ခိုက်မှုကြောင့် သမ္မတ ထိခိုက်မှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ အနီးမှာ ရှိတဲ့ လူ သုံးယောက် သေဆုံးခဲ့ကြပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေ က တိုက်ခိုက်သူ သုံးယောက် ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့တယ်လို့ ပြောကြားပါတယ်။ တာလီဘန်တွေ က သူတို့ လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ဇင်ဘာဘွေကို အရေးယူဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန် ဖိအားပေး  Audio Clip Available

  More From VOA
စစ်အစိုးရလက်အောက် မြန်မာအမျိုးသမီးများ၏ဒုက္ခ ဗြိတိန်ပါလီမန်မှာ တင်ပြမည်  Audio Clip Available
၂၀၅၀ မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထက်ဝက်လျှော့ချရေး စက်မှုထိပ်သီးများ သတ်မှတ်  Audio Clip Available
နိုင်ငံတကာ ကယ်ဆယ်ရေးဝန်ထမ်း ၁,၅၀၀ ကျော် မြန်မာပြည် ၀င်ခွင့်ဗီဇာ ထုတ်ပေးခဲ့  Audio Clip Available
ထိုင်းနိုင်ငံရောက် ပဒေါင်တိုင်းရင်းသား ၁၁ ဦး ပျောက်ဆုံး  Audio Clip Available
အီရန် နျူကလီးယား ဖျက်သိမ်းရေး နိုင်ငံတကာ၏ ကမ်းလှမ်းချက်အသစ်  Audio Clip Available
စင်ကာပူအိမ်ရှင် နှိပ်စက်မှုကြောင့် မြန်မာအိမ်ဖော်တဦး ထွက်ပြေးသေဆုံး
ရာသီဥတု ပြောင်းလဲမှုအကြောင်း စက်မှုထိပ်သီးညီလာခံ၌ အဓိက ဆွေးနွေးမည်  Audio Clip Available
စက်မှုထိပ်သီးညီလာခံ တက်နေတဲ့ သမ္မတဘုရှ်က ဒေါ်စုလွှတ်ပေးရေး တောင်းဆို  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောက်ခံသူတွေကို အရေးယူပေးဖို့ လူထုဆန္ဒပြ  Audio Clip Available