Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
နာဂစ်မုန်တိုင်းဒဏ် ဆူနာမီထက် ဆိုးနိုင်ကြောင်း FAO သတိပေး

08 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

Myanmar monks clean up debris outside the damaged Aung Zey Yong Pagoda and monastery in Kyauktan Township, Myanmar on Thursday May 8, 2008.AP
မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော ကျောက်တန်းမြို့နယ်ရှိ စေတီတဆူနှင့် ဘုန်းကြီးကျောင်း။ မေ ၈၊ ၂၀၀၈
မြန်မာပြည်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ဟာ
၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာအတွင်းမှာ
ဖြစ်ပွားခဲ့တဲ့ ဆူနာမီအန္တရာယ်ထက် ပိုဆိုး
တယ်လို့ FAO ခေါ် ကုလသမဂ္ဂ စားနပ်
ရိက္ခာအဖွဲ့ကြီးက ဒီနေ့ ပြောဆိုလိုက်ပါ
တယ်။

ငါးဖမ်းလုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်း
တွေ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ တနိုင်ငံလုံးစားနပ်ရိက္ခာရဲ့ ၅၅% ကို ဖြည့်ဆည်းပေးနေတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်
ဒေသမှာ မုန်တိုင်းဒဏ်ကြောင့် အပျက်အစီးတွေ အများဆုံးဖြစ်ခဲ့ရတယ်လို့ FAO အဖွဲ့
ကြီးက မှတ်တမ်းတင်လိုက်ပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသက တံငါလုပ်ငန်းတွေ၊ လှေဆိပ်တွေ၊ တံတားတွေ အားလုံးနီးပါး ပျက်စီးခဲ့ရကြောင်း၊ မြန်မာပြည်ရဲ့ ညံ့ဖျင်းလှတဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်ကြောင့်
လည်း အကူအညီပေးဖို့ သိပ်ခက်ခဲလှတဲ့အကြောင်း FAO အဖွဲ့ကြီးက ဒီနေ့ ပြောဆို
လိုက်ပါတယ်။

တချိန်က အာရှရဲ့ ဆန်အိုးကြီးရယ်လို့တောင် တင်စားခဲ့ရတဲ့ မြန်မာပြည်ဟာ စစ်အစိုးရ
ရဲ့ အစွန်းရောက်ဆိုရှယ်လစ်စနစ်ကြောင့် ဆင်းရဲတွင်းနက်ခဲ့ရတယ်လို့လည်း သတင်း
တွေမှာ ဖော်ပြထားပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
နာဂစ်မုန်တိုင်းဒဏ် ဆူနာမီထက် ဆိုးနိုင်ကြောင်း FAO သတိပေး  Audio Clip Available
မုန်တိုင်းဒဏ်ကယ်ဆယ်ရေး အနှောင့်အယှက်တွေ ကြုံနေရ  Audio Clip Available
လေဘေးဒုက္ခသည်များ မြောင်းမြမြို့ပေါ် စုပြုံရောက်ရှိ  Audio Clip Available
မုန်တိုင်းဘေးဒုက္ခသည်တွေဆီ အကူအညီ အမြန်ဆုံးရောက်ဖို့ အရေးကြီးနေ  Audio Clip Available
ကယ်ဆယ်ရေးလုပ်သားတွေ ၀င်ခွင့်ပြုဖို့ မြန်မာစစ်အစိုးရကို ကုလအတွင်းရေးမှူးချုပ် ဆော်သြ  Audio Clip Available
မုန်တိုင်း ဒုက္ခသည်များ အကူအညီ အကြီးအကျယ် လိုအပ်နေ  Audio Clip Available
မြန်မာနိုင်ငံ ဆန်တင်သွင်းဖို့ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂ ပြော  Audio Clip Available
လေဘေးကြောင့် သေဆုံးရသူ အလောင်းတွေကို ဆယ်ယူ သင်္ဂြိုဟ်နိုင်ခြင်း မရှိသေး  Audio Clip Available
ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ အကူအညီအဖွဲ့များ မြန်မာနိုင်ငံ ပြည်ဝင်ခွင့် စောင့်နေရဆဲ  Audio Clip Available
မြန်မာပြည်ကို ကူညီခွင့်ပေးဖို့ သမ္မတဘုရှ် မေတ္တာရပ်ခံ  Audio Clip Available