Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
မြန်မာနိုင်ငံ ဆန်တင်သွင်းဖို့ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂ ပြော

08 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

မြန်မာပြည်မှာ ဆိုင်ကလုံး လေပြင်းမုန်တိုင်း ကျရောက် ပျက်စီးသွားလို့ ကမ္ဘာ့ဆန်ဈေးနှုန်း ဒီထက်မက ပိုတက် လာလိမ့်မယ်လို့ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ မြန်မာပြည်မှာ အဓိက ဆန်ထွက်ရာဒေသ ပျက်စီးသွားလို့ ဆန်တန်ချိန် (၆)သိန်း နိုင်ငံခြားကို တင်ပို့မယ့် အစီအစဉ်အတိုင်း လုပ်ဆောင်နိုင်တော့မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂရဲ့ FAO ကမ္ဘာ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ချုပ်က ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားကို ဆန် မတင်ပို့နိုင်ရုံသာမက အိမ်နီးနားချင်းနိုင်ငံတွေက ဆန်များ မြန်မာနိုင်ငံတွင်းကို တင်သွင်း ရဖွယ်ရှိတယ်။ ဧရာဝတီတိုင်းမှာ ဆန်စပါး သိုလှောင်ထားတာ တွေလည်း ပျက်စီးသွားနိုင်တယ်။ မုန်တိုင်း မကျမှီကတည်းက ဆန်စပါးသိုလှောင်ပုံဟာ အတော်လေး ကို ညံ့ဖျင်းတယ်လို့ FAO ကဆိုထားပါတယ်။ မြန်မာနိုင်ငံတွင်း ဆန်တင်သွင်းဖွယ် ရှိတယ်ဆိုတဲ့ ခန့်မှန်းတွက်ဆချက်များကြောင့် ကမ္ဘာ့ ဆန်ဈေးကွက်မှာ စတုထ္ထနေ့ ဆက်ပြီးတော့ ဆန်ဈေး တက်နေပါတယ်။

 

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
မုန်တိုင်း ဒုက္ခသည်များ အကူအညီ အကြီးအကျယ် လိုအပ်နေ  Audio Clip Available
ကယ်ဆယ်ရေးလုပ်သားတွေ ၀င်ခွင့်ပြုဖို့ မြန်မာစစ်အစိုးရကို ကုလအတွင်းရေးမှူးချုပ် ဆော်သြ  Audio Clip Available
မြန်မာနိုင်ငံ ဆန်တင်သွင်းဖို့ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂ ပြော  Audio Clip Available
လေဘေးကြောင့် သေဆုံးရသူ အလောင်းတွေကို ဆယ်ယူ သင်္ဂြိုဟ်နိုင်ခြင်း မရှိသေး  Audio Clip Available
ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ အကူအညီအဖွဲ့များ မြန်မာနိုင်ငံ ပြည်ဝင်ခွင့် စောင့်နေရဆဲ  Audio Clip Available
မြန်မာပြည်ကို ကူညီခွင့်ပေးဖို့ သမ္မတဘုရှ် မေတ္တာရပ်ခံ  Audio Clip Available
သဘာဝဘေးအန္တရာယ် ကာကွယ်ရေး သတင်းလွတ်လပ်ခွင့်ရှိဖို့လို  Audio Clip Available
ကူညီဖို့ ကမ်းလှမ်းမှုတွေ တိုးနေပေမယ့် မြန်မာနိုင်ငံထဲ ၀င်ခွင့် မရကြသေး  Audio Clip Available
ကယ်ဆယ်ရေးနောက်ကျမှုကြောင့် ရန်ကုန်မြို့ခံတွေ မကျေမနပ်ဖြစ်နေ  Audio Clip Available