Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
မုန်တိုင်း ဒုက္ခသည်များ အကူအညီ အကြီးအကျယ် လိုအပ်နေ

08 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

 မြန်မာနိုင်ငံထဲမှာ ၀င်ပြီး မွှေနှောက်ခဲ့တဲ့ နာဂစ် ဆိုင်ကလုံး မုန်တိုင်းခံရပြီး အသက်မသေ ကျန်ရစ်သူတွေဟာ နောက်ကျိပြီး မသန့်ရှင်းတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ တလျှောက်က ရေညစ်ရေဆိုးတွေကြားမှာ စားစရာတွေကို လိုက်လံ ရှာဖွေနေတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ကူညီကယ်ဆယ်ရေး လုပ်သားတွေ သတင်းထောက်တွေကို ပြောပါတယ်။

ဆားငန်ရေထဲမှာ အလောင်းတွေ မျောနေတဲ့အပြင် မုန်တိုင်းဒဏ် သင့်ခဲ့တဲ့ နေရာတွေမှာ ကယ်ဆယ်ရေး ပစ္စည်းတွေ သွားပြီးပို့တော့ သူထက် ငါ အလုအယက် လုယူကြတာတွေ့ရတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေ မရောက်နိုင်တဲ့ နေရာတွေမှာ အစားအစာ၊ သောက်ရေသန့်နဲ့ အကူအညီ လိုအပ်နေသူ အများအပြား ကျန်နေတယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။

အခုဆိုရင် အဓိက လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြစ်တဲ့ အစားအစာ၊ ရေသန့်၊ ဆေးပြားတွေ၊ ခြင်ထောင်၊ ပလက်စတစ်အခင်းတွေနဲ့ အခြေခံ ဆေးဝါးပစ္စည်းတွေကို စတင်ဖြန့်ဖြူးပေးနေပြီလို့ ကုလသမဂ္ဂ ကယ်ဆယ်ရေး ၀န်ထမ်းတွေက ပြောပါတယ်။ ရေသန့် မရရှိမှုနဲ့ အစားရေစာ ပျက်လက်မှုကြောင့် လူသေဆုံးမှု ပိုများလာနိုင်တယ်လို့  နိုင်ငံတကာ ကျန်းမာရေးဝန်ထမ်းတွေက သတိပေးပါတယ်။ ဒါ့အပြင် ပူပြင်းတဲ့ နေရောင်အောက်မှာ ပုပ်သိုးနေတဲ့ အလောင်းတွေကြောင့် ရေနဲ့ ပတ်သက်တဲ့ ရောဂါဗရတွေ ဖြစ်ပွားလာနိုင်တယ်လို့ သတိပေးထားပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
မုန်တိုင်း ဒုက္ခသည်များ အကူအညီ အကြီးအကျယ် လိုအပ်နေ  Audio Clip Available
ကယ်ဆယ်ရေးလုပ်သားတွေ ၀င်ခွင့်ပြုဖို့ မြန်မာစစ်အစိုးရကို ကုလအတွင်းရေးမှူးချုပ် ဆော်သြ  Audio Clip Available
မြန်မာနိုင်ငံ ဆန်တင်သွင်းဖို့ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂ ပြော  Audio Clip Available
လေဘေးကြောင့် သေဆုံးရသူ အလောင်းတွေကို ဆယ်ယူ သင်္ဂြိုဟ်နိုင်ခြင်း မရှိသေး  Audio Clip Available
ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ အကူအညီအဖွဲ့များ မြန်မာနိုင်ငံ ပြည်ဝင်ခွင့် စောင့်နေရဆဲ  Audio Clip Available
မြန်မာပြည်ကို ကူညီခွင့်ပေးဖို့ သမ္မတဘုရှ် မေတ္တာရပ်ခံ  Audio Clip Available
သဘာဝဘေးအန္တရာယ် ကာကွယ်ရေး သတင်းလွတ်လပ်ခွင့်ရှိဖို့လို  Audio Clip Available
ကူညီဖို့ ကမ်းလှမ်းမှုတွေ တိုးနေပေမယ့် မြန်မာနိုင်ငံထဲ ၀င်ခွင့် မရကြသေး  Audio Clip Available
ကယ်ဆယ်ရေးနောက်ကျမှုကြောင့် ရန်ကုန်မြို့ခံတွေ မကျေမနပ်ဖြစ်နေ  Audio Clip Available