Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
ကယ်ဆယ်ရေးလုပ်သားတွေ ၀င်ခွင့်ပြုဖို့ မြန်မာစစ်အစိုးရကို ကုလအတွင်းရေးမှူးချုပ် ဆော်သြ

08 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

မြန်မာပြည်မှာ ဆိုင်ကလုံး လေပြင်း မုန်တိုင်းဘေးသင့်နေသူတွေကို ထောက်ပံ့ကူညီမယ့် ကယ်ဆယ်ရေး ၀န်ထမ်းများ ၀င်ခွင့်ပေးပါလို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ကြာသာပတေးနေ့တုန်းကတော့ ကုလသမဂ္ဂ ကယ်ဆယ်ရေး အဖွဲ့ဝင် တဖွဲ့ မြန်မာပြည်ကို ၀င်ခွင့်ရလိုက်ပါတယ်။

မြန်မာပြည်က လေဘေးဒုက္ခသည် တသန်းလောက်အတွက် ထောက်ပံ့ရေး ပစ္စည်းများ ကျယ်ကျယ်ပြန့်ပြန့် ၀င်ခွင့် ပြုသင့်တယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် တရပ်ထုတ်ပြန်ကာ တိုက်တွန်းသွားတာဖြစ်ပါတယ်။ ၀ါရှင်တန်မှာလည်းပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က

အခုကျန်နေသေးတာက ကယ်ဆယ်ရေး လုပ်သား မြန်မာပြည်တွင်း ၀င်ခွင့် ပြုဖို့ပဲ ဖြစ်တယ်လို့ တိုက်တွန်းခြင်း၊ အခုလို သဘာဝဘေးဒဏ်ခံနေရတဲ့အချိန်မှာ ဒီကိစ္စကို နိုင်ငံရေးထဲ ထည့်မသွင်းသင့်ဘူးလို့လဲ ပြောဆိုသွားတာဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံများက စစ်အစိုးရကို ပြစ်တင်ဝေဖန်လေ့ရှိပြီး စစ်အစိုးရကလည်း သူတို့ ပြုတ်ကျအောင် လုပ်ဆောင်နေတယ်လို့ ပြန်လည် စွပ်စွဲထားပါတယ်။

လူလေးသောင်းနှစ်ထောင်ကျော် ပျောက်ဆုံးနေတယ်လို့ အမေရိကန် သံရုံး ယာယီခံ တာဝန်ခံကတော့ သေဆုံးသူ တစ်သိန်းလောက် ရှိနိုင်တယ်လို့ နိုင်ငံတကာ အဖွဲ့များနဲ့ အင်ဂျီအို အဖွဲ့များရဲ့ ခန့်မှန်းချက်ကို အခြေခံကာ ပြောဆိုသွားပါတယ်။ ICRC နိုင်ငံတကာ ကြက်ခြေနီက လုပ်ငန်း ကနဦး ဒေါ်လာ ၆သန်းထည့်ဝင်ဖို့ မှန်းထားပါတယ်။ နိုင်ငံတကာ အထောက်အပံ့များ စစ်အစိုးရက ကြိုဆိုပေမယ့် မြန်မာပြည်တွင်း ၀င်ခွင့် ဗီဇာနဲ့ အကောက်အခွန်စည်းမျဉ်းများကို ကန့်သတ်ချုပ်ခြယ်ထားဆဲ ဖြစ်ပါတယ်။ စစ်အစိုးရခွင့်ပြုချက် မလိုဘူးလို့ ကုလသမဂ္ဂက သတ်မှတ်သင့်တယ်လို့ ပြင်သစ်က အကြံပေးထားပြီး ထိုင်း၊ တရုတ်၊ အိန္ဒိယ နိုင်ငံတို့ကတော့ ကယ်ဆယ်ရေး ပစ္စည်းများ လေယာဉ်ပျံနဲ့ တင်ပို့နေပြီဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
မုန်တိုင်း ဒုက္ခသည်များ အကူအညီ အကြီးအကျယ် လိုအပ်နေ  Audio Clip Available
မုန်တိုင်းဘေးဒုက္ခသည်တွေဆီ အကူအညီ အမြန်ဆုံးရောက်ဖို့ အရေးကြီးနေ  Audio Clip Available
ကယ်ဆယ်ရေးလုပ်သားတွေ ၀င်ခွင့်ပြုဖို့ မြန်မာစစ်အစိုးရကို ကုလအတွင်းရေးမှူးချုပ် ဆော်သြ  Audio Clip Available
လေဘေးကြောင့် သေဆုံးရသူ အလောင်းတွေကို ဆယ်ယူ သင်္ဂြိုဟ်နိုင်ခြင်း မရှိသေး  Audio Clip Available
ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ အကူအညီအဖွဲ့များ မြန်မာနိုင်ငံ ပြည်ဝင်ခွင့် စောင့်နေရဆဲ  Audio Clip Available
မြန်မာပြည်ကို ကူညီခွင့်ပေးဖို့ သမ္မတဘုရှ် မေတ္တာရပ်ခံ  Audio Clip Available
သဘာဝဘေးအန္တရာယ် ကာကွယ်ရေး သတင်းလွတ်လပ်ခွင့်ရှိဖို့လို  Audio Clip Available
ကူညီဖို့ ကမ်းလှမ်းမှုတွေ တိုးနေပေမယ့် မြန်မာနိုင်ငံထဲ ၀င်ခွင့် မရကြသေး  Audio Clip Available
မုန်တိုင်းကြောင့်သေဆုံးသူ ၂၂၄၀၀ကျော်သွားပြီဟု စစ်အစိုးရကြေညာ
ကယ်ဆယ်ရေးနောက်ကျမှုကြောင့် ရန်ကုန်မြို့ခံတွေ မကျေမနပ်ဖြစ်နေ  Audio Clip Available
အဆက်အသွယ် ပြတ်တောက်မှုကြောင့် လေဘေးကယ်ဆယ်ရေး နှောင့်နှေးနေ  Audio Clip Available
မုန်တိုင်းဒဏ်ခံရအပြီး နိုင်ငံတကာ အကူအညီ လက်ခံရန် မြန်မာအစိုးရကို အမေရိကန် သမ္မတကတော် တိုက်တွန်း  Audio Clip Available