ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးတိုးတက်လာခဲ့ပေမဲ့ အခြေခံအဆောက်အအုံများ တိုးတက်မှုနူန်းထားနဲ့ အချိန်မီ မပြောင်းလဲနိုင်ခဲ့ရင် ဖြစ်နိုင်တဲ့အခက်အခဲ အကြပ်အတည်းများအကြောင်းကို အိန္ဒိယနိုင်ငံကို နမူထားပြီး တင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံမှာ လေဆိပ်သစ်တစ်ခုကို အိုင်တီနည်းပညာလုပ်ငန်းဗဟိုဌာန ဘန်ဂလိုမြို့ မှာ ဖွင့်လှစ်ခဲ့တယ်။ အိုင်တီနည်းပညာလုပ်ငန်းများ အရှိန်ဟုန်တိုးတက်လာခဲ့တာကြောင့် လိုအပ်တဲ့ လေဆိပ်သစ်ကို ဖွင့်လှစ်ခဲ့ပေမဲ့ ဗဟိုချက်နေရာနဲ့ ၃၆ မိုင်လောက် အလှမ်းဝေးနေတဲ့ လေဆိပ်ကို သွားဖို့ လမ်းပန်းအခက်အခဲပြဿနာများ ဖြစ်ခဲ့တယ်။