Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
လေဘေးထောက်ပံ့ရေးပစ္စည်း အာဏာပိုင်တွေ သိမ်းတဲ့အတွက် ကုလ အကူအညီ ရပ်ဆိုင်းရ

09 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

Airport workers load medical supplies on board an airline departing for Yangon, Myanmar at the Changi Airport on Wednesday May 7, 2008 in Singapore.
လေဘေးဒုက္ခသည်တွေအတွက် ကူညီရေး ပစ္စည်းများ ရန်ကုန်လေဆိပ်ကို ရောက်လာစဉ်။ (ဓာတ်ပုံ - အေပီ။ မေလ၊ ၂၀၀၈)

မြန်မာနိုင်ငံအတွင်းက မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေအတွက် အကူအညီတွေကို
စစ်အစိုးရက သိမ်းယူသွားတဲ့အတွက်
ကုလသမဂ္ဂက မြန်မာပြည်ကို ပို့ပေးနေတဲ့ အရေးပေါ်အကူအညီတွေကို ရပ်ဆိုင်း
လိုက်ပါတယ်။

 

အနည်းဆုံး မြန်မာနိုင်ငံကို ပေးပို့မယ့်
စားနပ်ရိက္ခာ အကူအညီ လေယာဉ်နှစ်စင်း
စာကို ထိန်းသိမ်းထားလိုက်တယ်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အရာရှိတွေက ပြောပါတယ်။ စစ်အစိုးရဘက်က ရိက္ခာ
တွေကို သိမ်းဆည်းနေတာတွေနဲ့ ပတ်သက်ပြီး မဖြေရှင်းနိုင်သေးသ၍ နောက်ထပ်
ပို့မယ့် ရိက္ခာတွေကိုလည်း ရပ်ဆိုင်းထားရလိမ့်မယ်လို့ ပြောပါတယ်။ သူတို့မှာ တခြား ရွေးချယ်စရာလမ်း မရှိတဲ့အကြောင်းလည်း WFP အရာရှိတွေက ပြောပါတယ်။

 

မြန်မာနိုင်ငံအတွင်း ထောင်သောင်းချီ ဒုက္ခရောက်နေတဲ့ လေဘေးဒုက္ခသည်တွေကို
ကူညီရေး နိုင်ငံခြားက အကူအညီပေးရေး အဖွဲ့တွေကို လက်မခံခဲ့တဲ့အတွက် အခုလို စစ်အစိုးရဘက်က လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပိုပြီး ဒေါသဖြစ်လာနိုင်ပါတယ်။

 

စစ်အစိုးရက နိုင်ငံတကာ အကူအညီတွေကို လက်ခံဖို့ သဘောတူထားပါတယ်။ ဒါပေ
မယ့်လည်း အကူအညီတွေကို သူ့နည်းသူ့ဟန်နဲ့  ဖြန့်ဝေမယ်၊ ကိုယ်ပိုင်အင်အားကို
သုံးပြီး ဖြန့်ဝေမယ်လို့ ပြောဆိုပြီး ပြည်ပအကူအညီပေးရေးအဖွဲ့တွေကို လာရောက်ခွင့် ငြင်းပယ်ထားပါတယ်။

မြန်မာနိုင်ငံကို တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း
နှစ်သောင်းသုံးထောင်လောက် သေဆုံးပြီး လေးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ
ပါတယ်။ ဒါပေမယ့်လည်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် သေဆုံးသူဦးရေဟာ လူပေါင်းတသိန်းလောက်အထိ ရှိနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုက အရာရှိ
တွေက သတိပေးထားပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
အရေးပေါ်အထောက်အကူများ လက်ခံရန် နှောင့်နှေးသည့် စစ်အစိုးရအပေါ် နိုင်ငံတကာဝေဖန်  Audio Clip Available
မုန်တိုင်းဒဏ်ခံ မြန်မာနိုင်ငံကို ကူညီရန် အမေရိကန်ရေတပ် အဆင်သင့်ရှိ  Audio Clip Available
မုန်တိုင်းကယ်ဆယ်ရေး ဦးစားပေး၊ ဆန္ဒခံယူပွဲရွှေ့ဆိုင်းရန် စစ်အစိုးရကို ကုလသမဂ္ဂ တိုက်တွန်း  Audio Clip Available
နာဂစ်မုန်တိုင်းဒဏ် ဆူနာမီထက် ဆိုးနိုင်ကြောင်း FAO သတိပေး  Audio Clip Available
အမေရိကန်ကယ်ဆယ်ရေး လေယာဉ်တွေ မြန်မာနိုင်ငံ ၀င်ခွင့် မရသေး
မုန်တိုင်းဒဏ်ကယ်ဆယ်ရေး အနှောင့်အယှက်တွေ ကြုံနေရ  Audio Clip Available
လေဘေးဒုက္ခသည်များ မြောင်းမြမြို့ပေါ် စုပြုံရောက်ရှိ  Audio Clip Available
မုန်တိုင်းဘေးဒုက္ခသည်တွေဆီ အကူအညီ အမြန်ဆုံးရောက်ဖို့ အရေးကြီးနေ  Audio Clip Available
ကယ်ဆယ်ရေးလုပ်သားတွေ ၀င်ခွင့်ပြုဖို့ မြန်မာစစ်အစိုးရကို ကုလအတွင်းရေးမှူးချုပ် ဆော်သြ  Audio Clip Available