ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နိုင်ငံတကာက ကျွမ်းကျင်တဲ့ အကူအညီတွေ လုက်ခံဖို့ နိုင်ငံတကာက ဖိအားတိုးပေးနေပေမယ့်လည်း စစ်အစိုးရက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
ရေတပ်ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နိုင်ငံတကာ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေရဲ့ အကူအညီ မလိုသေးဘူးလို့ ပြောဆိုလိုက်တဲ့အကြောင်း ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။
ရေဘေးနဲ့လေဘေး ဒုက္ခသည်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပြီးပြီ ဖြစ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ် စိုးသိန်းက ပြောပါတယ်။