Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဒုက္ခသည် ကယ်ဆယ်ရေး အားတက်သရောမရှိလို့ စစ်အစိုးရကို သမ္မတဘုရှ် ရှုတ်ချ

13 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

မုန်တိုင်းသင့်ဒုက္ခသည်တွေ ကူညီရေး နိုင်ငံတကာအကူအညီတွေကို လက်ခံဖို့ လိုလိုလားလား အားတက်သရောမရှိတဲ့ မြန်မာစစ်အစိုးရကို အမေရိကန်သမ္မတ ဘုရှ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ကိုယ့်ရဲ့ပြည်သူတွေရဲ့ ဒုက္ခတွေကို ကူညီဖို့ လက်နှေးနေတဲ့ စစ်အစိုးရကို တကမ္ဘာလုံးက ဒေါသထွက်ပြီး အပြစ်တင်ထိုက်တယ်လို့ သမ္မတ ဘုရှ်က အမေရိကန် စီဘီအက်စ် သတင်းဌာနကို မနေ့တုန်းက ပြောဆိုလိုက်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မြန်မာစစ်အစိုးရရဲ့ နှေးကွေးတဲ့ တုံ့ပြန်မှုတွေကြောင့် လူဘယ်နှစ်ယောက် သေဆုံးတယ်ဆိုတာတောင် အသေအချာ ရေတွက်နိုင်စွမ်း မရှိကြဘူးလို့လည်း သမ္မတ ဘုရှ်က အပြစ်တင်လိုက်ပါတယ်။

မုန်တိုင်းသင့်လို့ ၁၀ ရက်ကြာပြီးမှ အမေရိကန်ကယ်ဆယ်ရေး လေယာဉ်တစ်စင်းကို မနေ့က ၀င်ခွင့် ပြုခဲ့တာနဲ့တော့ ကျေနပ်နေလို့ မဖြစ်ဘူးလို့လည်း အမေရိကန် သမ္မတ ဘုရှ်က ဆိုပါတယ်။ မြန်မာ့ လေဘေးနဲ့ ရေဘေးဒုက္ခသည်တွေကို ကယ်ဆယ်ရေး WFP ခေါ် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ ကူညီရေးလုပ်ငန်းတွေမှာ သုံးစွဲဖို့အတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၁၃ သန်း ထပ်ပြီး ထည့်ဝင်မယ်လို့ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
ရေဘေးအလှူထွန်စက်တွေ အာဏာပိုင်တွေက ရောင်းချနေ  Audio Clip Available
လေဘေး ကယ်ဆယ်ရေးလုပ်သူ အယ်ဒီတာ ဇော်သက်ထွေး ဖမ်းဆီးခံရ  Audio Clip Available
သမ္မတဘုရှ် အတ္တလန်တိတ် သမုဒ္ဒရာနိုင်ငံများ ဆက်ဆံရေး ထူထောင်ဖို့ တိုက်တွန်း  Audio Clip Available
မြန်မာလေဘေး ကယ်ဆယ်ရေး ရံပုံငွေ ကုလ အပြည့်အ၀ မရသေး  Audio Clip Available
မိုးကုတ်မြို့ မြေပြို၍ လူဆယ်ယောက်ကျော် သေဆုံး  Audio Clip Available
လေဘေးဒုက္ခသည်များ အဓမ္မလုပ်အားပေး ခိုင်းစေခံနေရ  Audio Clip Available
မုန်တိုင်းအလွန် ဒုတိယအကြိမ် ကပ်ဘေးဆိုးကျရောက်နိုင်ဟု ကျန်းမာရေးကူညီမှုအဖွဲ့များ သတိပေး  Audio Clip Available
နိုင်ငံတကာ ကယ်ဆယ်ရေးဝန်ထမ်းများ ပိုမိုလက်ခံရန် သမ္မတကတော် လော်ရာဘုရှ် တိုက်တွန်း  Audio Clip Available
အီတလီဝန်ကြီးချုပ်နှင့် သမ္မတဘုရှ် အီရန်၊ အာဖဂန်အရေး ဆွေးနွေးမည်  Audio Clip Available
လေဘေးကယ်ဆယ်ရေး သံဃာတော်တွေ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရ  Audio Clip Available
ဗီယက်နမ်လို မြန်မာ ဘာကြောင့် မတိုးတက်သလဲ  Audio Clip Available