ဆိုင်ကလုံး လေပြင်းမုန်တိုင်းဒဏ်ခံလိုက်ရတဲ့ မြန်မာပြည်မှာ ဇွန်လ စိုက်ပျိုးမှုရာသီ
ပျက်သွားနိုင်ပြီး ကမ္ဘာ့ဆန်ဈေးကွက်ကို နိုဝင်ဘာလ၀င်လာမှုလည်း ထိခိုက်နိုင်ဖွယ်ရှိ
တယ်လို့ ပါရဂူများက ခန့်မှန်းကြပါတယ်။
ကုလသမဂ္ဂ အေဂျင်စီဖြစ်တဲ့ WFP က နာဂစ် ဆိုင်ကလုံးမုန်တိုင်းသင့်တဲ့ မြန်မာပြည်
က တိုင်းနဲ့ပြည်နယ် ၅ ခုဟာ ဆန် ၆၅% ထွက်တဲ့ ဒေသဖြစ်တယ်၊ မြန်မာပြည်မှာ
ဆန်ရှားပါးမှုမဖြစ်အောင် တားဆီးရေးအတွက် ဒေါ်လာ ၂၆ သန်း ပေးဖို့ လိုအပ်တယ်
လို့ FAO က ခန့်မှန်းပြောဆိုထားပါတယ်။