Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ကယ်ဆယ်ရေးတပ်ဖွဲ့များ မြန်မာပြည်စေလွှတ်ရေး အမေရိကန် အဆင်သင့်ရှိ

16 May 2008

မြန်မာစစ်ခေါင်းဆောင်များအနေနဲ့ သူတို့ရဲ့မာနကို ခဏဘေးဖယ်ထားပြီး လူ ၄၃,၀၀၀
ထက်နည်း သေဆုံးခဲ့ရတဲ့ ဆိုင်ကလုံး လေပြင်းမုန်တိုင်း ဘေးသင့်နေသူများအား နိုင်ငံ
တကာက ပိုမိုကယ်ဆယ်ထောက်ပံ့ခွင့် ပြုပါလို့ အမေရိကန် ကာကွယ်ရေးဌာနက တိုက်တွန်းလိုက်ပါတယ်။

သဘာဝဘေးဒဏ်ခံရတဲ့ ဒေသများမှာ ကယ်ဆယ်ရေးအတွေ့အကြုံရှိတဲ့ တပ်ဖွဲ့များ
မြန်မာပြည်ကိုစေလွှတ်ဖို့ အမေရိကန်က အသင့်ဖြစ်နေပြီ၊ ဒါပေမယ့် စစ်အစိုးရရဲ့
ခွင့်ပြုချက်မရဘဲ ဘာမှလုပ်လို့ မရနိုင်ဘူးလို့ ပင်တဂွန် အမေရိကန် ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရော့ပိုရဲလ်က ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။

စစ်အစိုးရက အမေရိကန်စစ်လေယာဉ် ၁၃ စင်းတိုက် ရေသန့်၊ ရွက်ထည်တဲ၊ စောင်နဲ့
တခြား ထောက်ပံ့ရေးပစ္စည်းများ မက်ထရစ်တန်ချိန် ၁၄၀ ကျော် ရန်ကုန်ကို သွားပို့ခွင့်
ပြုခဲ့တဲ့ စစ်အစိုးရက အိမ်နီးနားချင်းနိုင်ငံများက အထောက်အပံ့များ တောင်းခံ
ထားပါတယ်။

သူတို့ဘာသာ ကမ္ဘာနဲ့အဆက်ဖြတ်ထားတဲ့ စစ်အစိုးရဟာ မြန်မာနိုင်ငံတွင်း နိုင်ငံခြား
သားများ အ၀င်ခံဖို့ ၀န်လေးနေပါတယ်။ မြန်မာနိုင်ငံမှာ နာဂစ် ဆိုင်ကလုံးမုန်တိုင်းကျ
ဧရာဝတီတိုင်းမှာ အကြီးအကျယ် သေကျေပျက်စီးပြီး အသက်မသေ ရှင်ကျန်နေသေး
သူ ဒုက္ခသည်များ စားစရာအစာနဲ့ သောက်စရာရေမရှိ ဖြစ်နေပြီး သတင်းနှစ်ပတ်
အကြာမှာ နိုင်ငံတကာ ကယ်ဆယ်ရေးအထောက်အပံ့များ ပထမအသုတ် မြန်မာနိုင်ငံ
အတွင်းကို စစ်အစိုးရက ၀င်ခွင့်ပြုခဲ့ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် သုံးနေကြပြီလော  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမေရိကန်လွှတ်တော်တွင် ဂုဏ်ပြုကျင်းပ  Audio Clip Available
မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက် ရက်စက်မှုများရှိဟု လုံခြုံရေးကောင်စီ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းသူ အန်န်အယ်လ်ဒီလူငယ်တွေ အဖမ်းခံရ  Audio Clip Available
ဒေါ်စုလွတ်မြောက်ဖို့ မဖြစ်မနေလိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတ ကြေညာ  Audio Clip Available
ဒုက္ခသည်တွေအတွက် အဆိုးဆုံးနေထိုင်ရာအဖြစ် ထိုင်းနိုင်ငံ သတ်မှတ်ခံရ  Audio Clip Available
ကရင်တိုင်းရင်းသား ဒုက္ခသည် နောက်ထပ် ၁,၃၀၀ ကနေဒါ လက်ခံမည်  Audio Clip Available
အမျိုးသမီးနိုဘယ်ဆုရှင်တွေရဲ့  ဒေါ်စုအတွက် မွေးနေ့ဆုတောင်း  Audio Clip Available
လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်ရှိနေသည့်အပေါ် လူ့အခွင့်အရေးကောင်စီက မြန်မာအစိုးရကို ဝေဖန်ရှုတ်ချ  Audio Clip Available
မြစ်ဝကျွန်းပေါ်လယ်ယာလုပ်ငန်း ပြန်လည်ထူထောင်ရေး ပြည်ပအကူအညီလိုအပ်  Audio Clip Available
မစ္စတာဂမ်ဘာရီ ရှေ့လထဲ မြန်မာနိုင်ငံကို သွားဖို့ရှိ  Audio Clip Available