Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

အမေရိကန် အကူအညီများ အဲန်ဂျီအိုတွေ စတင်ရရှိ

16 May 2008
ဒေါ်ခင်မျိုးသက် - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဒေါ်ခင်မျိုးသက် - နားဆင်ရန် (MP3) audio clip

အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံလေဘေး ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ ဆက်လက် ပေးပို့နေရာမှာ သောကြာနေ့က လေယာဉ်နှစ်စီးစာ ပစ္စည်းတွေကို နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ လက်ထဲပေးအပ် နိုင်ခဲ့လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားပါတယ်။ တချိန်တည်းမှာပဲ အမေရိကန် လွတ်တော်အမတ် ၄၀ ကျော်က မုန်တိုင်းဒဏ် ခံရသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံးရနိုင်ဖို့ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနိုင်ငံတွေနဲ့ ဒိန်းမတ်နိုင်ငံတွေက တောင်းဆိုနေသလိုပဲ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ချက်ချင်းဝင်ရောက် ပေးအပ်ဖို့ အမေရိကန်သမ္မတကို တောင်းဆိုနေကြပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

A US Marine rests against palates of USAID supplies bound for cyclone-devastated Burma at Utapao Air Force base near Rayong, Thailand, 14 May 2008
မြန်မာပြည် လေဘေးဒုက္ခ သည်များ အတွက် ကယ်ဆယ်ရေး ပစ္စည်းများ၊ မေ ၁၄၊ ၂၀၀၈
အမေရိကန်ပြည်ထောင်စုက ကူညီကယ်ဆယ်ရေး ပစ္စည်းအပြည့်နဲ့ လေယာဉ်လေးစင်း သောကြာနေ့က ပေးပို့နိုင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူ ရှောင် မက်ကွန်းမတ် ပြောပါတယ်။

"ဒီကနေ့ ရန်ကုန်လေဆိပ်ကို C-130 လေးစင်းနဲ့ ကယ်ဆယ်ရေး ပစ္စည်းများကို ပေးပို့နိုင်ခဲ့ပါတယ်။ ဒီအထဲက နှစ်စင်းစာကို နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ လက်ထဲ လွှဲပြောင်း ပေးခဲ့နိုင်ခဲ့ပါတယ်။ ဒါပထမဦးဆုံးအကြိမ် အဖြစ်နဲ့ နိုင်ငံတကာ အဲန်ဂျီအိုတွေ လက်ထဲ လွှဲပေးနိုင်ခဲ့တာပါ။"

စနေနဲ့တနင်္ဂနွေနေ့တွေမှာတော့ နောက်ထပ် လေးငါးစီးစာ ပေးပို့ဖို့ စီစဉ်ထားတဲ့အပြင် ဒီအထဲက တချို့ကို ဒုက္ခသည်တွေဆီကို ကိုယ်တိုင်သွားပြီး ဖြန့်ဝေကြတဲ့ နိုင်ငံတကာ အဲန်ဂျီအိုတွေ လက်ထဲကို လွှဲပြောင်း ပေးအပ်နိုင်မယ်လို့ မျှော်လင့်ထားကြောင့်ကိုလည်း ပြောပါတယ်။

သောကြာနေ့ မြန်မာအာဏာပိုင်းတွေ ထုတ်ပြန့်တဲ့ သေဆုံးသူဦးရေဟာ ကြာသပတေးနေ့က ထုတ်ပြန်ချက်နဲ့ တစ်ရက်တည်း ကွာပေမယ့် သေဆုံးသူဟာ နှစ်ဆနီးပါး ဖြစ်နေပါတယ်။ ဒီလို သေဆုံးမှုတွေအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ စာရင်းအတိအကျကို မပြောဆိုနိုင်ပေမယ့် လူဦးရေ နှစ်သန်းခွဲ မုန်တိုင်းဒဏ်ခံခဲ့ရပြီး သေဆုံးသူဟာ မြန်မာစစ်အစိုးရ ခန့်မှန်းထားတာထက် ပိုပြီး များနိုင်တယ်လို့ ဆိုပါတယ်။

ဒီဒုက္ခသည်တွေ အမိုးအကာ လုံလုံခြုံခြုံ မနေရဘဲ ဆေးဝါးကုသခွင့်ပါ အချိန်မီ မရကြဘူးဆိုရင် သေဆုံးသူဒုက္ခဟာ ဒီထက်ပိုပြီး များလာဖို့ရှိကာ ရောဂါဘယ မျိုးစုံလည်း ၀င်လာနိုင်ပါတယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ အကူအညီတွေ ပေးနိုင်ခဲ့ပေမယ့် ဒုက္ခသည်တွေ လက်ထဲ ရောက်မရောက် သေသေချာချာ မသိရသေးတဲ့အပြင် သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေအတွက် ဒါဟာ လုံလောက်မှု မရှိသေးဘူးလို့လည်း ပြောပါတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေရဲ့  အခြေအနေနဲ့ ပတ်သက်ပြီး ဒီတစ်ရက်နှစ်ရက်အတွင်း အမေရိကန်အစိုးရ၏ သံရုံးယာယီတာဝန်ခံ မစ္စ ရှယ်လီ ဗေလ်လာရိုဇာ သွားရောက်ကြည့်ရှု့ခွင့် ရမယ်လို့လည်း ပြောပါတယ်။

"အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စ ဗေလ်လာရိုဇာဟာ မြန်မာအစိုးရက စီစဉ်ပေးပြီးလွှတ်မယ့် ဒီလေဘေးဒဏ်ခံ နေရာတွေကို သွားကြမယ့် အဖွဲ့တွေထဲမှာ ပါသွားမှာမိုလို့ အဲဒီက အခြေအနေမှန်တွေကို သိကြရမှာပါ။"

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ တချို့က လူသားချင်းစာနာမှုဆိုင်ရာအတွက် ဒုက္ခရောက်နေသူတွေ ပြည်ပကနေ ၀င်ရောက်စွက်ဖက်ခွင့် တောင်းတာကို တရုတ်နိုင်ငံ အပါအ၀င် နိုင်ငံတွေက ပယ်ချခဲ့တာမို့ အခုလူ သန်းနဲ့ချီပြီး ဒုက္ခကြုံနေရတဲ့ အချိန်မှာ မြန်မာစစ်အာဏာရှင်တွေရဲ့  လုပ်ဆောင်မှုအတွက် ဆက်ပြီးအရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ပါတယ်လို့ ရှောင် မက်ကွန်းမတ် က ပြောပါတယ်။

"ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆက်လက် အရေးယူ ဆောင်ရွက်ဖို့တွေ ရှိလာနိုင်ပါတယ်။ ဒီကိစ္စကို ဆက်ပြီးတော့ ဆွေးနွေးကြမှာပါ။ ဒါဟာ နိုင်ငံရေးအရ ဆောင်ရွက်တာ ဖြစ်ပေမယ့် လက်တွေ့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ အမြဲတမ်း ဆက်စပ် လုပ်ဆောင်ရမှာပါ။ အခုအရေးကြီးဆုံး ဖြစ်တဲ့ ဒီမြန်မာနိုင်ငံထဲမှာ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီနိုင်ဖို့ အဓိက ထားပြီးတော့ လုပ်ဆောင်နေပါတယ်။"

အမေရိကန်နိုင်ငံဖက်ကရော တခြားနိုင်ငံတွေကပါ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်တမျိုး သွယ်ဝိုက်ပြီးတော့ တဖုံ ကူညီဖို့ ကြိုးစားကြရာမှာ အတိုင်းအတာ တစုံတခုထိတော့ တိုးတက်မှုတွေ ရှိလာပေမယ့် ဒါဟာ လုံလောက်မှု မရှိသေးပါဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ရှောင် မက်ကွန်းမတ် ပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီဥက္ကဌ
ဟားဝတ်ဘန်း အပါအ၀င် လွှတ်တော်အမတ် ၄၀ ကျော်က တခြားနိုင်ငံတွေက ပေးပို့တဲ့ လေဘေးဆိုင်ရာ အကူအညီတွေ အလွယ်တကူ မရောက်အောင် မြန်မာစစ်အစိုးရက အနှောက်အယှက် ပေးနေတာကြောင့် နိုင်ငံတကာက ခွင့်တောင်းမနေတော့ဘဲ အကူအညီတွေ ၀င်ရောက် ပေးရေး ကိစ္စမှာ အမေရိကန်နိုင်ငံပါ ပါဝင်ဖို့အတွက် သမ္မတ ဘုရှ်ကို တောင်းဆိုလိုက်ကြပါတယ်။

ဒီတောင်းဆိုသူတွေထဲက နယူးယောက်ခ်ပြည်နယ်အမတ် ဂျိုးစက် ခရော့လ်လီက - "မြန်မာစစ်အစိုးရနဲ့ သူ့ကို ထောက်ခံတဲ့ လူတွေအပေါ် တက်နိုင်တဲ့ဖက်က အရေးယူနိုင်ဖို့ မြန်မာဒုက္ခသည်တွေ အထောက်အပံ့ အကူအညီတွေ အမြန်ဆုံး ရနိုင်စေဖို့ အမေရိကန်သမ္မတက တတ်နိုင်သမျှ ဆောင်ရွက်ဖို့ ကျနော်တို့က တိုက်တွန်းကြတာပါ။"

ဒီင်္လို လွှတ်တော်အမတ်တွေ စုပေါင်းပြီး အမေရိကန်သမ္မတကို မြန်မာအရေး တတ်နိုင်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ရတာကလည်း မြန်မာနိုင်ငံရဲ့  လူဦးရေ ထက်ဝက်နီးပါးလောက် မုန်တိုင်းဒဏ် ခံနေရချိန်မှာ မြန်မာစစ်အစိုးရက ကယ်ဆယ်ရေး လုပ်ငန်းတွေ မဆောင်ရွက် ပေးတဲ့အပြင် ဆန္ဒခံယူပွဲကို ဇွတ်လုပ်ခဲ့ယုံတင်မကဘဲ နိုင်ငံရပ်ခြားက ကူညီကယ်ဆယ်ရေးတွေ လက်လှမ်း မမှီအောင်လည်း ချုပ်ကိုင်ဟန့်တား နေတာတွေကြောင့်လို့ ပြောပါတယ်။

ဒီလိုဒုက္ခခံစားနေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်နိုင်ငံဘက်က တက်နိုင်သလောက် ဆောင်ရွက်ပေးဖို့ ကတိပြုခဲ့တဲ့အပြင် -

"မြန်မာပြည်သူပြည်သားတွေအနေနဲ့ သူတို့တကယ် လိုအပ်နေတာကို အစိုးရဖက်က လုပ်ဆောင် ပေးချင်နေတယ် ဆိုတာကို ကျနော်တို့ သိထားပါတယ်။ ဒီအစိုးရက ဘာတွေလုပ်နေတယ်၊ ပြည်သူလူထု ဘာတွေ ဖြစ်နေတယ်ဆိုတာ ကမ္ဘာက ပစ်မထားပါဘူး ကျနော်တို့က ပစ်မထားပါဘူး။ စောင့်ကြည့်နေပါတယ် ဆိုတာ သိစေချင်ပါတယ်။"

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် သုံးနေကြပြီလော  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမေရိကန်လွှတ်တော်တွင် ဂုဏ်ပြုကျင်းပ  Audio Clip Available
မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက် ရက်စက်မှုများရှိဟု လုံခြုံရေးကောင်စီ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းသူ အန်န်အယ်လ်ဒီလူငယ်တွေ အဖမ်းခံရ  Audio Clip Available
ဒေါ်စုလွတ်မြောက်ဖို့ မဖြစ်မနေလိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတ ကြေညာ  Audio Clip Available
ဒုက္ခသည်တွေအတွက် အဆိုးဆုံးနေထိုင်ရာအဖြစ် ထိုင်းနိုင်ငံ သတ်မှတ်ခံရ  Audio Clip Available
ကရင်တိုင်းရင်းသား ဒုက္ခသည် နောက်ထပ် ၁,၃၀၀ ကနေဒါ လက်ခံမည်  Audio Clip Available
အမျိုးသမီးနိုဘယ်ဆုရှင်တွေရဲ့  ဒေါ်စုအတွက် မွေးနေ့ဆုတောင်း  Audio Clip Available
လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်ရှိနေသည့်အပေါ် လူ့အခွင့်အရေးကောင်စီက မြန်မာအစိုးရကို ဝေဖန်ရှုတ်ချ  Audio Clip Available
မြစ်ဝကျွန်းပေါ်လယ်ယာလုပ်ငန်း ပြန်လည်ထူထောင်ရေး ပြည်ပအကူအညီလိုအပ်  Audio Clip Available
မစ္စတာဂမ်ဘာရီ ရှေ့လထဲ မြန်မာနိုင်ငံကို သွားဖို့ရှိ  Audio Clip Available