Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

မုန်တိုင်းဘေးသင့် နေရာတချို့ မိုးကြီးပြီး လေဆင်နှာမောင်း တိုက်

16 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

A woman sits in the reconstructed frame of her home in Dalah, Myanmar just after the heavy rains poured down Thursday, May 8, 2008.
လေပြင်းမုန်တိုင်းနှစ်ကြိမ်မိသူ၏ အိမ် (မေလ ၈ရက် ၂၀၀၈)။
မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ မိုးတွေ အပြင်းအထန် ရွာသွန်းနေပြီး နာဂစ် မုန်တိုင်းဒဏ်ကြောင့် အကူအညီတွေ လိုအပ်နေတဲ့ သူတွေ မိုးတွေ ကြားမှာ အခက်အခဲတွေကို တွေ့နေရပါတယ်။ မနေ့က ဧရာဝတီတိုင်း မအူပင်မြို့ မြောက်ပိုင်းမှာ လေဆင်နှာမောင်း တိုက်ခတ်ခဲ့တဲ့အကြောင်း ဒေသခံ တစ်ဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“မနေ့က လေဆင်နှာမောင်းကျသွားတယ်။ မအူပင် ခနောင် ကျေးရွာ အောက်ပိုင်းမှာ၊ မုန်တိုင်း ကျတုန်းက သွပ်လန်တဲ့ အိမ်တွေ သွပ်ပြန်မိုးထားတာ အခု အိမ်ပါ ပြိုသွားတာပေါ့ဗျာ။ ခနောင်တိုပဲ ပျက်စီးတယ်လို့ ကြားတယ်။ ကျန်တဲ့ နေရာတော့ သတင်းမရောက်သေးဘူး။ ညနေ ၅နာရီ ၁၃ရက်နေ့မှာ။ မုန်တိုင်းတုန်းကလည်း ခံရတယ်။ မုန်တိုင်းပြီးသွားတော့ အိမ်ပြန်ပြင်ရတယ်လေ။ ပြင်ပြီးတော့ အခု လေဆင်နှာမောင်းထပ်ကျတော့ ပါသွားတာပေါ့။”

သောက်ရေသန့် ရှားပါးမှုဟာ လူတွေ သေဆုံးစေတဲ့ အဓိကအချက် ဖြစ်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးက အေပီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ မုန်တိုင်းဒဏ်သင့်ဒေသတွေကို နိုင်ငံခြားသံတမန်တွေကို ခေါ်ဆောင်ပြသသွားမယ်လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ဆက်သွယ်ပြောကြားခဲ့တဲ့အကြောင်း ရန်ကုန်က အမေရိကန် သံရုံး ယာယီတာဝန်ခံရဲ့ ပြောဆိုမှုကို အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် သုံးနေကြပြီလော  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမေရိကန်လွှတ်တော်တွင် ဂုဏ်ပြုကျင်းပ  Audio Clip Available
မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက် ရက်စက်မှုများရှိဟု လုံခြုံရေးကောင်စီ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းသူ အန်န်အယ်လ်ဒီလူငယ်တွေ အဖမ်းခံရ  Audio Clip Available
ဒေါ်စုလွတ်မြောက်ဖို့ မဖြစ်မနေလိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတ ကြေညာ  Audio Clip Available
ဒုက္ခသည်တွေအတွက် အဆိုးဆုံးနေထိုင်ရာအဖြစ် ထိုင်းနိုင်ငံ သတ်မှတ်ခံရ  Audio Clip Available
ကရင်တိုင်းရင်းသား ဒုက္ခသည် နောက်ထပ် ၁,၃၀၀ ကနေဒါ လက်ခံမည်  Audio Clip Available
အမျိုးသမီးနိုဘယ်ဆုရှင်တွေရဲ့  ဒေါ်စုအတွက် မွေးနေ့ဆုတောင်း  Audio Clip Available
လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်ရှိနေသည့်အပေါ် လူ့အခွင့်အရေးကောင်စီက မြန်မာအစိုးရကို ဝေဖန်ရှုတ်ချ  Audio Clip Available
မြစ်ဝကျွန်းပေါ်လယ်ယာလုပ်ငန်း ပြန်လည်ထူထောင်ရေး ပြည်ပအကူအညီလိုအပ်  Audio Clip Available
မစ္စတာဂမ်ဘာရီ ရှေ့လထဲ မြန်မာနိုင်ငံကို သွားဖို့ရှိ  Audio Clip Available