Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

သံတမန်တွေကို မုန်တိုင်းသင့်ဒေသ ရွေးပြီးပြ

17 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

ဒီကနေ့ ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံခြား သံတမန်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းက
တာဝန်ရှိသူတွေကို အုပ်စုသုံးခု ခွဲပြီးစစ်အစိုးရရဲ့ ရဟတ်ယာဉ်တွေနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက နာဂစ် မုန်တိုင်းဒဏ်သင့် နေရာဒေသတွေကို စစ်အစိုးရ၀န်ကြီး တချို့က ခေါ်ဆောင်ပြသခဲ့ပါတယ်။

အားလုံးကို စစ်အစိုးရက စစ်အစိုးရက ထိန်းချုပ်ဆောင်ရွက်နိုင်တယ်ဆိုတာ ပြဖို့အတွက် ကျနော်တို့ကို သူတို့ရွေးထားတဲ့နေရာကို ခေါ်ပြီး ပြတာပါ။ ဒါပေမယ့် အပျက်အဆီး အချို့ကိုတော့ ကျနော်တို့ မြင်တွေ့ခဲ့ကြရပါတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ဥရောပသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ရုံးက ဘားနတ် ဒါးဘို့ခ်ျ က အေဖက်ပီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ခရစ် ခယဲ ကလည်း - သူတို့က ကျနော်တို့ကို ကြည့်ပျော်ရှုပျော် နေရာတွေကိုပဲ ခေါ်သွားတယ်။ တကယ့် အနိဌာရုံ အားလုံးကိုတော့ မပြဘူးလို့ အေဖက်ပီ သတင်းဌာနကို ပြောဆိုလိုက်ပါတယ်။ စစ်အစိုးရရဲ့ မီဒီယာတွေမှာ နိုင်ငံတကာက ကူညီကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းတွေ တန်ချိန်ပေါင်း ၅,၆၀၀ ကို ဒုက္ခသည်တွေဆီ ဖြန့်ဝေပြီးပြီလို့ ဖော်ပြနေတာဟာ သတင်းမှားသာ ဖြစ်တယ်၊ ဒီအကူအညီ အများစုဟာ ထိန်းချုပ်ထားခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ခံရပြီး တကယ့်ဒုက္ခသည်တွေဆီ မရောက်ဘူးလို့ စစ်အစိုးရ စီစဉ်တဲ့ ခရီးစဉ်မှာ လိုက်ပါသွားခဲ့တဲ့ သံတမန် တစ်ဦးက အေဖက်ပီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ဒေါ်စု ပြင်ပအစာ လက်မခံတာ သုံးပတ်မြောက်ပြီ  Audio Clip Available

  More From VOA
နိုင်ငံခြားရေးဝန်ကြီး ရိုက်စ် လစ်ဗျားခေါင်းဆောင် ကဒါဖီ နဲ့ တွေ့ဆုံ  Audio Clip Available
ရွှေဝါရောင်နှစ်ပတ်လည် သံဃာတော်များ ဖမ်းဆီး စောင့်ကြည့်ခံရ  Audio Clip Available
စစ်အစိုးရကို ၀ိုင်းကြဉ်ကြဖို့ ရီပတ်ဘလီကန်လိုလား  Audio Clip Available
ရန်ကုန်တွင် ငလျင်လှုပ်  Audio Clip Available
ရလဒ်ကောင်းများ ထွက်ပေါ်ရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရကို ကုလ တိုက်တွန်း  Audio Clip Available
အမေရိကန် ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ဂျွန်မက်ကိန်း တရားဝင်လက်ခံ  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြတဲ့ကိစ္စ အန်န်အယ်လ်ဒီ အတည်မပြုနိုင်  Audio Clip Available
တရားခွင် လူထုအတွက် ဖွင့်ပေးဖို့ မင်းကိုနိုင်တို့အဖွဲ့ တောင်းဆို  Audio Clip Available
ခန်းဂျိ နာဂအိ ပစ်သတ်ခံရမှု သတင်းအတွက် FUJI သတင်းဌာန ဆုရရှိ  Audio Clip Available