Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

လေဘေးဒုက္ခသည် ကလေးများ အာဟာရပြတ်ပြီး အသက်ဆုံးရှုံးနိုင်ဖွယ်ရှိ

18 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

အရေးပေါ် စားနပ်ရိက္ခာတွေ အချိန်မီ မပေးပို့နိုင်ဘူးဆိုရင် လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့အထဲက ကလေးငယ်ပေါင်း ထောင်နဲ့ချီပြီးတော့ အငတ်ဘေးကြောင့် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Save the Children အဖွဲ့က သတိပေးလိုက်ပါတယ်။

နာဂစ် ဆိုင်ကလုန်း တိုက်ခတ်ခဲ့တာ ရက်သတ္တပတ် ၂ ပတ် ရှိလာခဲ့တဲ့နောက် မုန်တိုင်း ဘေးဒဏ် ခံခဲ့ရတဲ့ ဒေသတွေက ငယ်ရွယ်သူကလေး ထောင်ပေါင်းများစွာဟာ အဟာရချို့တဲ့မှုနဲ့ ဆိုးဆိုးရွားရွား ကြုံနေရတယ်ဆိုပြီး ဒီကနေ့ပဲ ကြေငြာချက်တစောင် ထုတ်ပြန်ပြောဆိုလိုက်တာပါ။ မြန်မာ စစ်အစိုးရ ကတော့ ပြည်တွင်းပြည်ပက အကူအညီတွေကို ချက်ခြင်းလက်ခံပြီး ဒုက္ခသည်တွေကို ပေးအပ် နေတယ်၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးစီးသွားလို့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေမှာ ပံ့ပိုးပေးနေတယ်ဆိုပြီး ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံတကာက ပေးကမ်းလှူဒါန်းတာတွေကို လက်ခံနေတာတွေ ရှိပေမဲ့လို့ အငတ်ဘေး၊ ရောဂါကူးစက်မှု ဘေးဒဏ်တွေကို ကာကွယ်ဖို့အတွက် လိုအပ်ချက်နဲ့စာရင် အများကြီးကို နည်းနေသေးတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ တာဝန်ရှိသူတွေက ပြောနေကြတာပါ။ မုန်တိုင်းဘေးက လွတ်မြောက်လာသူ ဒုက္ခသည်တွေထဲက ၂၀ ရာခိုင်နှုန်း လောက်သာ အခြေခံလိုအပ်ချက် အကူအညီတချို့ ရကြတယ်လို့လည်း ကုလသမဂ္ဂက ပြောဆိုထားတာ ဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် သုံးနေကြပြီလော  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမေရိကန်လွှတ်တော်တွင် ဂုဏ်ပြုကျင်းပ  Audio Clip Available
မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက် ရက်စက်မှုများရှိဟု လုံခြုံရေးကောင်စီ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းသူ အန်န်အယ်လ်ဒီလူငယ်တွေ အဖမ်းခံရ  Audio Clip Available
ဒေါ်စုလွတ်မြောက်ဖို့ မဖြစ်မနေလိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတ ကြေညာ  Audio Clip Available
ဒုက္ခသည်တွေအတွက် အဆိုးဆုံးနေထိုင်ရာအဖြစ် ထိုင်းနိုင်ငံ သတ်မှတ်ခံရ  Audio Clip Available
ကရင်တိုင်းရင်းသား ဒုက္ခသည် နောက်ထပ် ၁,၃၀၀ ကနေဒါ လက်ခံမည်  Audio Clip Available
အမျိုးသမီးနိုဘယ်ဆုရှင်တွေရဲ့  ဒေါ်စုအတွက် မွေးနေ့ဆုတောင်း  Audio Clip Available
လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်ရှိနေသည့်အပေါ် လူ့အခွင့်အရေးကောင်စီက မြန်မာအစိုးရကို ဝေဖန်ရှုတ်ချ  Audio Clip Available
မြစ်ဝကျွန်းပေါ်လယ်ယာလုပ်ငန်း ပြန်လည်ထူထောင်ရေး ပြည်ပအကူအညီလိုအပ်  Audio Clip Available
မစ္စတာဂမ်ဘာရီ ရှေ့လထဲ မြန်မာနိုင်ငံကို သွားဖို့ရှိ  Audio Clip Available