Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

မုန်တိုင်းဒုက္ခသည် ၂.၄ သန်းထိ ဖြစ်လာသည့် ကြားမှ ကျောင်းများပြန်ဖွင့်မည်ဟု စစ်အစိုးရကြေညာ

19 May 2008
ဦးကျော်ကျော်သိန်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးကျော်ကျော်သိန်း - နားဆင်ရန် (MP3) audio clip

UN press conference in BKK. VOA Burmese.
ဘန်ကောက်မြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ။
မေ ၁၉၊ ၂၀၀၈
(ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)
နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကို အပြင်း
အထန် ခံစားခဲ့ရသူတွေ အပါအ၀င် ဘေးဒုက္ခ ရောက်နေသူပေါင်းဟာ ၂.၄ သန်းရှိသွားပြီလို့ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂရဲ့ လူသားဘေးဒုက္ခ ဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ရေးရုံး တာဝန်ရှိသူက ပြောလိုက်ပါတယ်။ ဒီကြားထဲမှာမှ ဇွန်လ ၂ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်တော့မယ်လို့ မြန်မာစစ်အစိုးရက ကြေညာ လိုက်ပြန်တာကြောင့် ကျောင်းတွေကို ဒုက္ခ သည်ကယ်ဆယ်ရေးစခန်းတွေအဖြစ် အသုံး
ပြုနေရတဲ့ အခြေအနေပေါ်မှာရော၊ မုန်တိုင်းဒဏ်သင့် ကလေးသူငယ်တွေ ပညာ ဆက်သင်ကြားနိုင်ရေးပေါ်မှာရော စိုးရိမ်မှုတွေ ဖြစ်လာရပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထား
ပါတယ်။

ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းအသီးသီးတို့ရဲ့ စစ်ဆေးတိုင်းတာချက်တွေအရ မုန်တိုင်းဒဏ်
သင့် လူထုအရေအတွက်ကို ၂.၄ သန်းအထိ ကုလသမဂ္ဂက အခုလို တိုးမြှင့်ပြောဆို
လိုက်တာပါ။ ဒီကနေ့ ဘန်ကောက်မြို့၊ နိုင်ငံခြားသတင်းစာဆရာများအသင်းမှာ ပြုလုပ်
ခဲ့တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့တာဖြစ်ပါ
တယ်။ နိုင်ငံတကာက အကူအညီတွေကို စစ်အစိုးရက ပိုပြီးလက်ခံခဲ့တာကြောင့် အကူ
အညီတွေ တိုးပြီးဝင်လာခဲ့ပေမယ့် ကုလသမဂ္ဂနဲ့ နိုင်ငံအသီးသီးက တောင်းဆိုထား
သလို အကူအညီပေးလုပ်သားတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူတွေ
ကိုတော့ ခုချိန်ထိ ၀င်ခွင့်မပြုသေးပါဘူး။ ဘေးဒဏ်သင့်ဒေသတွေဆီကို အကူအညီပေး အဖွဲ့အစည်းတွေ သွားရောက်ခွင့်ပေါ် အကန့်အသတ်တွေ ဆက်ရှိနေသေးတာကြောင့်
လည်း စစ်ဆေးတိုင်းတာမှုတွေ နှောင့်နှေးနေရကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေ
က ပြောပါတယ်။

ဒုက္ခရောက်သူပေါင်းက ၂,၀၀၀,၀၀၀ ကျော်ရှိနေပေမယ့် ကယ်ဆယ်ရေးစခန်းတွေမှာ
လက်ရှိ ရောက်နေပြီးသား အရေအတွက်ကတော့ စုစုပေါင်းအရေအတွက်နဲ့နှိုင်းယှဉ်
ရင် နည်းပါးလွန်းပါတယ်။

မစ္စ အမန်ဒါ ပစ်တ် (Ms. Amanda Pitt) ဟာ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂရဲ့ လူသားဘေးဒုက္ခဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) ရဲ့ ပြောရေးဆိုခွင့်ရှိသူပါ။

“မြစ်ဝကျွန်းပေါ်ဒေသက ယာယီကယ်ဆယ်ရေးစခန်း ၁၂၀ လောက်မှာ လူပေါင်း
၁၅၀,၀၀၀ လောက် ရောက်နေတဲ့ပုံရှိပါတယ်။ ဘေးဒဏ်သင့်ဒေသတွေက လူတွေဟာ ရွှေ့ပြောင်းနေကြတာကြောင့် အဲဒီစခန်းတွေမှာ စုစုပေါင်း လူဘယ်နှစ်ယောက်ရှိတယ်
ဆိုတာကို တိတိကျကျသိဖို့ ခက်ခဲနေပါတယ်။ စခန်းပေါင်း ၁၂၀ ထဲမှာ တရားဝင်ဖွင့်
ထားတဲ့ စခန်းတွေရော၊ တခြားနေရာတွေရော ပါပါတယ်။” လို့ မစ္စ အမန်ဒါ ပစ်တ်က ပြောသွားပါတယ်။ သူပြောသွားတဲ့ တခြားနေရာတွေဆိုတာကတော့ ဘုန်းတော်ကြီး
ကျောင်းတွေ၊ ဘုရားဝင်းတွေ စသည်ဖြင့် နေရာတွေပါ။

WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အနေနဲ့ အကူအညီတွေ တိုးပြီးပေးနိုင်ခဲ့ပေမယ့် နှေးကွေး
ပြီး လုံလောက်မှုမရှိသေးပါဘူးလို့ WFP ရဲ့ ဘန်ကောက်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စတာ
မားကပ်စ် ပရိုင်ယာ (Mr. Marchus Prior) ကပြောပါတယ်။

“ပြီးခဲ့တဲ့ သီတင်းပတ်အကုန်ထိဆိုရင် လူပေါင်း ၂၅၀,၀၀၀ ကျော်ကို စားနပ်ရိက္ခာတွေ အလုံအလောက် ထောက်ပံ့ခဲ့ပြီးပြီလို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် အကူ အညီမရသေးတဲ့ ကယ်ဆယ်ရေးစခန်းတွေ ရှိနေသေးတယ်ဆိုတာကို လက်တွေ့
လုပ်ဆောင်နေတဲ့ ကျနော်တို့လုပ်သားတွေက အဆက်မပြတ် အစီရင်ခံနေပါတယ်။”
လို့ မစ္စတာ မားကပ်စ် ပရိုင်ယာက ပြောသွားပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဒွန်မောင်းလေဆိပ်ကို WFP ရဲ့ သယ်ယူပို့ဆောင်ရေး အဓိကနေရာအဖြစ် အသုံးပြုဖို့ ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်ရထားပြီးပါပြီလို့လည်း သူက ပြောသွားပါသေးတယ်။

မုန်တိုင်းဒဏ်သင့်ခံထားရတဲ့ စုစုပေါင်းလူအရေအတွက်ရဲ့ ၄၀% လောက်ထိဟာ ကလေးငယ်တွေဖြစ်ကြောင်း အဖွဲ့အစည်းအသီးသီးက ခန့်မှန်းထားကြပါတယ်။ အခု
လာမယ့် ဇွန်လ ၂ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်တော့မယ်လို့ စစ်အစိုးရက ကြေညာ
လိုက်တာဟာ ကျောင်းတွေကို ယာယီကယ်ဆယ်ရေးစခန်းတွေအဖြစ် အသုံးပြုနေရတဲ့
အပေါ်မှာရော၊ မုန်တိုင်းဒဏ်သင့် ကလေးငယ်တွေ ပညာဆက်သင်ကြားနိုင်မှု အခြေ
အနေပေါ်မှာရော သက်ရောက်မှုရှိနေပါတယ်။ ကုလသမဂ္ဂ ကလေးသူငယ်များ အရေး
ပေါ် ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ရှန်သာ ဘလိုးမန်း
(Shantha Bloemen) က ဇွန်လ ၂ ရက်ဆိုတာ အရမ်းကိုနီးကပ်လွန်းပါတယ်လို့ဆိုပြီး သူတို့ပြင်ဆင်နေတာတွေကို ရှင်းပြခဲ့ပါတယ်။

“ရွက်ဖျက်တဲတွေ၊ တခြားအခြေခံလိုအပ်တဲ့ ကိရိယာတွေနဲ့ ယာယီကျောင်းတွေ
ဆောက်ဖို့ ကျမတို့ ပြင်ဆင်နေပါတယ်။ နိုင်ငံတွင်းမှာ ကျောင်းတွေအတွက် အထောက် အကူပြုပစ္စည်းတွေ အများကြီးရှိပါတယ်။ နေရာဒေသအားလုံးအတွက် မဟုတ်တာက
တော့ သိသာထင်ရှားပါတယ်။ ဒါပေမယ့် ဇွန်လ ၂ ရက်နေ့ကို ရည်ရွယ်ချက်ထားပြီး မုန်တိုင်းဒဏ်သင့်မြို့တွေမှာ ကျောင်းတွေဖွင့်နိုင်အောင် ပြင်ဆင်ထားသင့်တယ်လို့ ကျမတို့ယူဆပါတယ်။” ဆိုပြီး ပြောသွားခဲ့ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဒေါက်တာ မော်ရင်းန်
ဘာမင်ဟမ်မ် (Dr. Maureen Birmingham) ကတော့ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။ သူက လပွတ္တာမြို့ကို နမူနာထားပြီး ပြောသွားရာ
မှာ ဆေးရုံဆေးခန်းတွေ၊ ဓာတ်မှန်ရိုက်စက်လို အဓိက ဆေးဘက်ဆိုင်ရာ ကိရိယာတွေ
ဟာ မုန်တိုင်းဒဏ်သင့်ပြီး ပျက်စီးသွားခဲ့တာကြောင့် ဒါတွေကို အရေးတကြီး လိုအပ်နေ
ပါတယ်တဲ့။

IFRC နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအသင်းများအဖွဲ့ချုပ်ရဲ့ ဆက်သွယ်ရေး အကြံ
ပေးပုဂ္ဂိုလ် မစ္စတာ ဂျွန် စပဲရိုး (John Sparrow) က သူတို့အဖွဲ့အနေနဲ့ လေယာဉ်
၂၆ စင်းစာ ပစ္စည်းတန်ချိန် ၃၀၀ ကျော်ကို ပေးပို့နိုင်ခဲ့ပြီးပြီလို့ ဆိုပါတယ်။ ဒီသီတင်း
ပတ်မှာ ဒီ့ထက်ပိုများတဲ့ အရေအတွက်ကို ပေးပို့နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း
လည်း သူကပြောပါတယ်။

ITU နိုင်ငံတကာဆက်သွယ်ရေးသမဂ္ဂအနေနဲ့ ဂြိုဟ်တုဆက်သွယ်ရေးဖုံး အလုံး ၁၀၀
ကို နေရောင်ခြည်ကနေ လျှပ်စစ်ဓာတ်ထုတ်ယူတဲ့ ပစ္စည်းကိရိယာတွေနဲ့အတူ ပေးအပ်
ခဲ့တဲ့အပြင် ကျွမ်းကျင်သူတွေကိုလည်း စေလွှတ်ခဲ့တယ်လို့ ITU အဖွဲ့က မစ္စ အွန်-ဂျုး
ကင်မ်က (Ms. Eun-Ju Kim) ကပြောပါတယ်။ ဒီကျွမ်းကျင်သူတွေဟာ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရတဲ့ ဆက်သွယ်ရေးတွေ ပြန်လည်ပတ်နိုင်ရေး ကူညီလုပ်ဆောင်ပေးကြ
မှာပါတဲ့။ ဒီဂြိုဟ်တုဖုံးတွေကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ပေးအပ်ခဲ့တာ
ဖြစ်ကြောင်းလည်း မစ္စ အွန်-ဂျုး ကင်မ်က ပြောသွားပါတယ်။

ကုလသမဂ္ဂရဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး မစ္စတာ
ဂျွန် ဟုမ်းစ် (John Holmes) ဟာ ရန်ကုန်မြို့မှာ မနေ့က စရောက်နေပါတယ်။ ဒီကနေ့
မှာ သူဟာ မြစ်ဝကျွန်းပေါ်ဒေသကို သွားရောက်ပြီး ဘာတွေကူညီထားတယ်ဆိုတာကို ကြည့်ရှုခဲ့ပါတယ်။ ဒီကနေ့နှောင်းပိုင်းမှာ လူသားဘေးဒုက္ခဆိုင်ရာ ကူညီကယ်ဆယ်ရေး
အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ မနက်ဖြန်မှာတော့ မြန်မာအာဏာပိုင်တွေထဲက အဓိက
ကျတဲ့ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်သူတွေနဲ့ တွေ့ခွင့်ရမယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဒီအတောအတွင်းမှာပဲ ဆိုင်ကလုံးဒဏ်သင့် ပြည်သူလူထုအတွက် ၀မ်းနည်းခြင်းအထိမ်း
အမှတ် အင်္ဂါနေ့မနက် ကိုးနာရီကစပြီး သုံးရက်ကြာ နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်
ထူဖို့ မြန်မာစစ်အစိုးရက မကြာခင်နာရီပိုင်းမှာ ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် သုံးရက်ကြာ ၀မ်းနည်းခြင်းအထိမ်းအမှတ်ကာလ
ကို တနင်္လာနေ့က စတင်မယ်လို့ တရုတ်အစိုးရက ကြေညာခဲ့ပြီးနောက်မှာမှ မြန်မာ စစ်အစိုးရကလည်း အခုလို ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available