Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ကုလလူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ မုန်တိုင်းသင့် ဒေသကို သွားရောက်

19 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

U.N. Undersecretary-General for Humanitarian Affairs John Holmes, left, and Myanmar Deputy Foreign Minister Kyaw Thu, right, walk out of the Yangon International Airport in Myanmar Sunday, May 18, 2008.AP
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာအကြီးအကဲ မစ္စတာဂျွန်ဟုမ်းစ် (၀ဲ) အား မြန်မာ
ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့် အတူတွေ့ရစဉ်။ မေ ၁၈၊ ၂၀၀၈။
မြန်မာနိုင်ငံက ဆိုင်ကလုန်းဒဏ်သင့်ခဲ့ရသူ
တွေအတွက် နိုင်ငံတကာကပေးလာတဲ့
အကူအညီတွေကို အရှေ့တောင်အာရှနိုင်ငံ
တွေက ကိုင်တွယ်ဖြေရှင်းပေးဖို့ မြန်မာ
စစ်အစိုးရက သဘောတူလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ အကူအညီကို လက်ခံပါမယ်လို့ စင်ကာပူမှာကျင်းပတဲ့
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများရဲ့
မြန်မာ့အရေး အရေးပေါ်ဆွေးနွေးပွဲအပြီးမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျရိုး
(George Yeo) က ပြောသွားပါတယ်။

မေလ ၃ ရက်နေ့က နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ခဲ့တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ
ကို ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ အကြီးအကဲ
ဂျွန်ဟုမ်းစ် (John Holmes) ကို သွားရောက်ခွင့်ပြုခဲ့ပြီး အခုလို သတင်းထွက်ပေါ်လာ
တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကို ပိုပြီးလက်ခံဖို့ စစ်အစိုးရကို တိုက်တွန်းနိုင်အောင် မစ္စတာဟုမ်းစ် မနေ့ကပဲ ရန်ကုန်ကို ရောက်ရှိသွားခဲ့တာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Ban Ki-moon) ကလည်း မြန်မာ
နိုင်ငံကို ဒီတပတ်မှာ သွားရောက်မှာဖြစ်ပါတယ်။ မစ္စတာ ဘန်ကီမွန်းဟာ မြန်မာနိုင်ငံ
ကို ဗုဒ္ဓဟူးနေ့မှာ ရောက်လိမ့်မယ်လို့ ခန့်မှန်းရကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်
ရှိသူက ဆိုပါတယ်။

မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ခဲ့ပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖုန်းဆက်စဉ်ကလည်း
ဖုန်းမကိုင်၊ စာနှစ်စောင်ပေးပို့တာကိုလည်း လျစ်လျူရှုထားတယ်လို့ ကုလသမဂ္ဂ
အရာရှိတွေက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မုန်တိုင်းထိခဲ့တဲ့ဒေသတွေကို တနင်္ဂနွေနေ့ကပဲ ပထမဆုံး
အကြိမ် သွားရောက်ခဲ့တယ်လို့ အစိုးရရုပ်မြင်သံကြားဌာနက ကြေညာပါတယ်။
ဗိုလ်ချုပ်မှူးကြီးက ရန်ကုန်တ၀ိုက် လှည့်လည်ကြည့်ရှုနေပုံကို တီဗွီမှာပြခဲ့ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂ အရာရှိတွေနဲ့ ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံတယ်
လို့တော့ မကြားရသေးပါဘူး။ နာဂစ်ဆိုင်ကလုန်းကြောင့် သေဆုံးသူစုစုပေါင်း
၇၈,၀၀၀ နီးပါးရှိတယ်၊ ပျောက်ဆုံးသူ ၅၆,၀၀၀ ရှိတယ်လို့ အစိုးရက ကြေညာပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available