Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

တရုတ် ငလျှင်ဘေး တမျိုးသားလုံး ၀မ်းနည်း ခြင်းနေ့ သုံးရက် သတ်မှတ်

19 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

A lowered Chinese flag is seen at a downtown square in Chengdu capital, southwest China's Sichuan province, China, Monday, May 19, 2008, as China start three days of national mourning period.
တရုတ် ငလျှင်ဒုက္ခသည်များအတွက် ၀မ်းနည်း ခြင်း အထိန်းအမှတ် အလံ တိုင်ဝက် လွှင့်ထူ
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့အပတ်အတွင်းဖြစ်ခဲ့တဲ့ ငလျှင်ဒဏ်ကြောင့် နောက်ဆုံးစာရင်းအရ လူပေါင်း ၃သောင်း နှစ်ထောင် အထိ သေဆုံးခဲ့တဲ့နောက် လာမယ့် တနင်းလာနေ့ကနေ တမျိုးသားလုံးရဲ့ ကြေကွဲဝမ်းနည်းပူဆွေးဖွယ်နေ့အဖြစ် သုံးရက်သတ်မှတ်မယ်လို့ တရုတ်အစိုးရက ကြေညာ လိုက်ပါတယ်။

အဲဒီလို နိုင်ငံတော်ရဲ့ ပူဆွေးဝမ်းနည်းဖွယ်နေ့ကာလမှာ အိုလံပစ်မီးရှုးတိုင်လှည့်လည်မှုတွေကို ယာယီ ရပ်ဆိုင်းထားပြီး၊ နိုင်ငံတော်အလံအားလုံးကိုလည်း တိုင်ဝက်လွှင့်ထူဖို့ အစိုးရက ကြေညာ ထားပါတယ်။

အနည်းဆုံး လူသုံးဦးသေဆုံးခဲ့ရတဲ့ တနင်းနွေနေ့က Jiangyou မြို့မှာ ပြင်းထန်တဲ့ ငလျှင်လှုပ်ပြီး တဲ့နောက် အခုလို ကြေညာချက်ထွက်လာတာပါ။

စီချွမ်းပြည်နယ်အတွင်း ပြီးခဲ့တဲ့အပတ်က လှုပ်ခတ်ခဲ့တဲ့ ငလျှင်နဲ့နောက်ဆက်တွဲ ငလျှင်ငယ်တွေ ကြောင့် သေဆုံးသူအရည်အတွက်ဟာ သုံးသောင်း နှစ်ထောင် ငါးရာနီးပါးနဲ့ ဒဏ်ရာရသူ နှစ်သိန်း နှစ်သောင်း ကျော် ရှိပြီလို့ အစိုးရရဲ့ ဆင်ဟွာသတင်းဌာနက ကြေညာခဲ့ပါတယ်။ သေဆုံးတဲ့ အရည်အတွက်ဟာ ငါးသောင်းလောက်အထိ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်း ထားပါတယ်။ ငလျှင်ဒဏ်ဖြစ်ခဲ့တဲ့နေရာကနေ စနေနေ့က အသက်ရှင်သူလူပေါင်း ၆၀ကျော် ကယ်ဆယ်နိုင်ခဲ့ပေမယ့်လို့ ဒီကနေ တနင်းနွေနေ့မှာတော့ အသက်ရှင်ကျန်သူ ကယ်တယ်နိုင်တဲ့ အရည်အတွက် ကျဆင်းသွားပါတယ်။

တဆက်တည်းပါပဲ ပြီးခဲ့တဲ့အပတ် ပြင်းထန်တဲ့ငလျှင်ကြောင့် ရှားပါး သဘာဝတိရိစ္ခာန်တွေကို ထိမ်းသိမ်းထားတဲ့နေရာတခုလည်း ထိခိုက်ခဲ့ပါတယ်။ အဲဒီမှာ ပန်ဒါ သုံးကောင် ပျောက်ဆုံးခဲ့တယ်လို့ တရုတ်က ပြောပါတယ်။ Wolong ရှားပါး သဘာဝ ထိန်းသိမ်းရေးစခန်းကနေ ပန်ဒါ အကောင် ၆၀ကျော် အသက်ဘေးက လုံလုံခြုံခြုံ ရှိခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ကနဦး ကြေညာခဲ့တာပါ။ ဒီနောက်မှာ အခုလို ပန်ဒါ သုံးကောင် ပျောက်ဆုံးကြောင်း တရားဝင် သတင်းထပ်ထုတ်တာပါ။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available