Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

မုန်တိုင်းဘေးသင့်သူများအတွက် ၃ ရက်တာ ပူဆွေးမှု စတင်ဖို့ မြန်မာစစ်အစိုးရ ကြေညာ

20 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

သီတင်းနှစ်ပတ်ကျော် မေလ ၂ ရက်နေနဲ့ ၃ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို ကျရောက်
ခဲ့တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် သေဆုံး၊ ပျောက်ဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံ
သား ၁၀၀,၀၀၀ ကျော်အတွက် ဒီနေ့ အင်္ဂါနေ့ကစပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ်
၃ ရက်သတ်မှတ်ပြီး ဒီရက်တွေအတွင်း နိုင်ငံတွင်းက အလံတိုင်တွေမှာ အလံတိုင်ဝက်
လွှင့်ထူမယ်လို့ မနေ့က မြန်မာစစ်အစိုးရက ကြေညာလိုက်ပါတယ်။

မုန်တိုင်းဒဏ်သင့်ဒေသတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စေတနာ့ဝန်ထမ်း ဆေး
ကုသရေး အဖွဲ့တွေနဲ့ အကူအညီ အထောက်အပံ့တွေကိုလည်း လက်ခံမယ်လို့ မနေ့က စင်ကာပူမှာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးမှာ မြန်မာစစ်အစိုးရက သဘောတူညီခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက ကျန်းမာရေးဆေးဝန်ထမ်း ၃၀၀ နီးပါးကိုလက်ခံဖို့ မြန်မာစစ်အစိုးရက သဘောတူညီခဲ့တယ်၊ ဒါပေမယ့် ဒါဟာ ကြိုက်တဲ့နေရာကို ကြိုက်သလိုသွားခွင့်ပြုတဲ့ သဘောမျိုးတော့ မဟုတ်ဘူးလို့ စင်ကာပူနိုင်ငံခြားရေး
ဝန်ကြီး ဂျော့ခ်ျယိုး (George Yeo) က ဆိုပါတယ်။

နိုင်ငံတကာ ကူညီကယ်ဆယ်ထောက်ပံ့ရေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မှုတွေ အလုံးအရင်းနဲ့ လိုအပ်နေတယ်လို့ သတိပေး ထောက်ပြနေပေ
မယ့် မြန်မာစစ်အစိုးရက နိုင်ငံတကာ အကူအညီတွေ ပိုမိုလက်ခံဖို့နဲ့ ကယ်ဆယ်ရေး
ကျွမ်းကျင်သူ အဖွဲ့အစည်းတွေကို တောက်လျှောက် ငြင်းဆိုနေခဲ့ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available