Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

လူသားချင်းစာနာမှုဆိုင်ရာ ကုလအကြီးအကဲ မြန်မာစစ်ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံ

21 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

John Holmes, the U.N. undersecretary-general for humanitarian affairs, talks with small group of reporters in Yangon, Myanmar Tuesday, May 20, 2008.AP
ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် ဂျွန်ဟုမ်းစ်။
မေ ၂၀၊ ၂၀၀၈
မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုံး လေပြင်းမုန်တိုင်း
သင့်လို့ အကြီးအကျယ် အထိနာသွားတဲ့ ဧရာဝတီ
တိုင်းက ဒုက္ခသည်များအတွက် ကယ်ဆယ်ထောက်ပံ့
ရေး ဧရာမတွန်းအားပေးမှုကြီး လိုအပ်ကြောင်း အစိုးရခေါင်းဆောင်များနဲ့ ဆွေးနွေးခဲ့တယ်လို့ ကုလ
သမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်
အတွင်းရေးမှူးချုပ် ဂျွန်ဟုမ်းစ် (John Holmes) က
ဆိုပါတယ်။

လေဘေးသင့်တဲ့နေရာများကို သွားကြည့်ပြီး နောက်
တနေ့မှာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအ၀င်
အစိုးရတာဝန်ခံများနဲ့ တွေ့ဆုံခဲ့ကြောင်း၊ ကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ပြန်လည်ဆန်းစစ်မှု၊ ပူးပေါင်းဆောင်ရွက်မှု အပါအ၀င် ကိစ္စ
ရပ်အ၀၀ကို ဆွေးနွေးခဲ့ကြောင်း မစ္စတာဟုမ်းစ်က သတင်းထောက်များအား မနေ့က ပြောကြားပါတယ်။

အခုအချိန်အထိ လေဘေးဒုက္ခသည် လေးပုံတပုံသာ ကယ်ဆယ်ထောက်ပံ့ရေးများ
ရရှိနေကြသေးလို့ အရှိန်မြှင့်လုပ်ဆောင်ရေး ကြိုးပမ်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီ-မွန်း (Ban Ki-moon) ကိုယ်တိုင် မြန်မာပြည်ကို ထွက်ခွာသွားပါပြီ။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ထိပ်တန်းတာဝန်ခံများနဲ့
တွေ့ဆုံမယ်လို့ မျှော်လင့်ပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ အထောက်အပံ့များ
တိုးပြီး ၀င်ခွင့်ပြုဖို့ တိုက်တွန်းပြောဆိုမယ်လို့ နယူးယောက်ခ်က မထွက်ခွာမီ သတင်း ထောက်များအား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မနေ့က ပြောဆိုသွားပါတယ်။

လူ ၇၈,၀၀၀ ကျော် သေဆုံးပြီး ၅၆,၀၀၀ ကျော် ပျောက်ဆုံးနေတဲ့ လေဘေးသင့်
ဒေသများရဲ့ အခြေအနေကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ချင်တယ်လို့
ဘန်ကီမွန်းက ပြောဆိုပါတယ်။ မြန်မာပြည်မှာ ဆိုင်ကလုံး လေပြင်းမုန်တိုင်းကျပေ
မယ့် စစ်အစိုးရကို အကူအညီမပေးဘူး၊ ငွေလည်းမချေးဘူးလို့ ကမ္ဘာ့ဘဏ်က
ဆိုပါတယ်။

၁၉၉၈ ခုနှစ်ကတည်းက စစ်အစိုးရက အကြွေးတွေကိုလည်း ပြန်မဆပ်၊ စီးပွားရေးနဲ့
တခြား ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လည်း ပျက်ကွက်လို့ ငွေချေးလို့မရနိုင်ဘူးလို့
ကမ္ဘာ့ဘဏ်က ရှင်းချက်ထုတ်ထားပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် သုံးနေကြပြီလော  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမေရိကန်လွှတ်တော်တွင် ဂုဏ်ပြုကျင်းပ  Audio Clip Available
မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက် ရက်စက်မှုများရှိဟု လုံခြုံရေးကောင်စီ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းသူ အန်န်အယ်လ်ဒီလူငယ်တွေ အဖမ်းခံရ  Audio Clip Available
ဒေါ်စုလွတ်မြောက်ဖို့ မဖြစ်မနေလိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတ ကြေညာ  Audio Clip Available
ဒုက္ခသည်တွေအတွက် အဆိုးဆုံးနေထိုင်ရာအဖြစ် ထိုင်းနိုင်ငံ သတ်မှတ်ခံရ  Audio Clip Available
ကရင်တိုင်းရင်းသား ဒုက္ခသည် နောက်ထပ် ၁,၃၀၀ ကနေဒါ လက်ခံမည်  Audio Clip Available
အမျိုးသမီးနိုဘယ်ဆုရှင်တွေရဲ့  ဒေါ်စုအတွက် မွေးနေ့ဆုတောင်း  Audio Clip Available
လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်ရှိနေသည့်အပေါ် လူ့အခွင့်အရေးကောင်စီက မြန်မာအစိုးရကို ဝေဖန်ရှုတ်ချ  Audio Clip Available
မြစ်ဝကျွန်းပေါ်လယ်ယာလုပ်ငန်း ပြန်လည်ထူထောင်ရေး ပြည်ပအကူအညီလိုအပ်  Audio Clip Available
မစ္စတာဂမ်ဘာရီ ရှေ့လထဲ မြန်မာနိုင်ငံကို သွားဖို့ရှိ  Audio Clip Available