Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

အမေရိကန်စစ်သင်္ဘောတွေ ၀င် ရောက်ကူညီခွင့်ပြုရေး သမ္မတကတော် လော်ရာဘုရှ် တောင်းဆို

22 May 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

မြန်မာနိုင်ငံက ဆိုင်ကလုံး ဘေးဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စုရဲ့ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးနိုင်ရေး ခွင့်ပြုဖို့အတွက် အမေရိကန် သမ္မတကတော် လော်ရာဘုရှ် (Laura Bush) က မြန်မာ စစ်အစိုးရကို ထပ်မံ တောင်းဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ အကူအညီ အထောက်အပံ့တွေကို ပေးဖို့အတွက် ဘာမှ ချွင်းချက်ထား ကန့်သတ်တာတွေ မထားဘူးလို့လည်း သမ္မတ ကတော် လော်ရာဘုရှ်က IBB အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ အသံလွှင့်ဌာနကို ပြောပါတယ်။

မြန်မာ အစိုးရအနေနဲ့ ဒီအကူအညီ လေယာဉ်တွေကို ဆင်းသက် ခွင့်ပြုတယ်ဆိုတဲ့ အတွက်လည်း ကျမအနေနဲ့ ၀မ်းမြောက်မိပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အမေရိကန် ရေတပ် သင်္ဘောတွေကိုလည်း အလားတူ ကမ်းဆိုက်ခွင့် ပေးဖို့ လော်ရာဘုရှ်က မြန်မာ စစ်အစိုးရကို တောင်းဆိုခဲ့ ပါတယ်။ လေယာဉ်နဲ့ သယ်လို့မရတဲ့ အထောက်အပံ့ ပစ္စည်းတွေကို သင်္ဘောတွေနဲ့ပဲ သယ်ဆောင် နိုင်တာကြောင့်ပဲ ဖြစ်တယ်လို့ သမ္မတကတော် လော်ရာဘုရှ်က ပြောပါတယ်။

သင်္ဘောထဲမှာ ပင်လယ် ဆားငန်ရေကနေ သောက်ရေသန့် အဖြစ် စစ်ထုတ်လို့ရတဲ့ ပစ္စည်း ကိရိယာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေကြီးတဲ့ နေရာတွေကို ကယ်ဆယ်ရေး လုပ်သားတွေ ထောက်ပံ့ ပစ္စည်းတွေ သယ်ဆောင်ဖို့အတွက် ရဟတ်ယာဉ်တွေလည်း ဒီသင်္ဘော ပေါ်မှာလည်း ပါရှိတယ်လို့ သမ္မတကတော် လော်ဒါဘုရှ်က ပြောဆိုခဲ့ပါတယ်။

အခုဆိုရင်တော့ အမေရိကန်ဘက်က အထောက်အပံ့ လေယာဉ်တွေ အစီးပေါင်း (၄၀)စာ မြန်မာ နိုင်ငံကို မုန်တိုင်းဒဏ်ခံထားရတဲ့ ဒုက္ခသည်တွေအတွက် ပို့ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ မနေ့ကတော့ မြန်မာအစိုးရ သတင်းစာမှာတော့ အမေရိကန်ရဲ့ အထောက်အပံ့တွေပါ အနောက်ကနေပြီး နှောင်ကြိုး ပါတယ်လို့ ဝေဖန်ဆောင်းပါးရေးထားပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available