Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

နိုင်ငံတကာ ကယ်ဆယ်ရေးဝန်ထမ်းများ ပိုမိုလက်ခံရန် သမ္မတကတော် လော်ရာဘုရှ် တိုက်တွန်း

13 June 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

U.S.first lady Laura Bush arrives for a plenary session at the United Nations World Food Programme, in Rome, Thursday, June 12, 2008.AP

အမေရိကန်သမ္မတကတော်
လော်ရာဘုရှ်။ ဇွန် ၁၂၊ ၂၀၀၈။

မြန်မာနိုင်ငံမှာ ဆိုင်ကလုံး လေပြင်းမုန်တိုင်းကျလို့
အကြီးအကျယ် ပျက်စီးနေတဲ့ဒေသက ဒုက္ခသည်များ
ကို နိုင်ငံတကာ လူသားချင်းစာနာမှု ကျွမ်းကျင်သူ
အလုပ်သမားများ လျှင်မြန်ထိရောက်စွာ သွားရောက်
ကူညီခွင့်ပြုပါလို့ စစ်အစိုးရကို အမေရိကန် သမ္မတ
ကတော် လော်ရာဘုရှ် (Laura Bush) က တိုက်တွန်း
လိုက်ပါတယ်။

ကြာသပတေးနေ့က ရောမမြို့မှာ ကုလသမဂ္ဂ စားနပ်
ရိက္ခာ အစီအစဉ်ရဲ့ အမှုဆောင်ဘုတ်အဖွဲ့သို့ မိန့်ခွန်း
ပြောကြားရင်း လော်ရာဘုရှ်က အဲဒီလို ထည့်သွင်း တိုက်တွန်းသွားတာပါ။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အထောက်အပံ့ ဒေါ်လာ ၃၅ သန်းဖိုး ပေးတဲ့အထဲ
က ဒေါ်လာ ၁၁ သန်းက ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်ကတဆင့် ပေးပို့သွားတာ
လို့ ထောက်ပြရင်း သမ္မတကတော် လော်ရာဘုရှ်က မြန်မာနိုင်ငံမှာ အခက်အခဲများစွာ
ကြားက သွားရောက်ကူညီထောက်ပံ့ လုပ်ကိုင်နေကြတဲ့အတွက် WFP ကမ္ဘာ့စားနပ်
ရိက္ခာ အစီအစဉ်ကိုလည်း ချီးကျူး ကျေးဇူးတင်စကား ပြောကြားသွားပါတယ်။

မေလ ၃ ရက်နေ့က နာဂစ်ဆိုင်ကလုံး လေပြင်းမုန်တိုင်းကျပြီး ဧရာဝတီတိုင်း အကြီး အကျယ်ပျက်စီးနေလို့ အခုထက်ပိုပြီး ကူညီထောက်ပံ့ခွင့်ပေးဖို့ သမ္မတကတော်
လော်ရာဘုရှ်က စစ်အစိုးရအား ထပ်တလဲလဲ တိုက်တွန်းခဲ့ပြီး ဖြစ်ပါတယ်။

စစချင်းမှာ စစ်အစိုးရက နိုင်ငံတကာ ကယ်ဆယ်ထောက်ပံ့ရေးများကို လက်မခံဘဲ
နောက်ပိုင်းကျမှ တစတစနဲ့ လက်ခံလာခဲ့ပေမယ့် လေဘေးဒုက္ခသည်များ သောက်ရေ
သန့် မရကြလို့ ကူးစက်ရောဂါများ ပြန့်လာမှာကို နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available