Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

လေဘေးဒုက္ခသည်များ အဓမ္မလုပ်အားပေး ခိုင်းစေခံနေရ

13 June 2008
ဦးဇော်ဝင်းလှိုင် - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးဇော်ဝင်းလှိုင် - နားဆင်ရန် (MP3) audio clip

Cyclone-affected children line up in the rain clutching bads of food handed out in the Shwepoukkan area of Rangoon, 25 May 2008

မုန်တိုင်းဒုက္ခသည် ကလေး ငယ်များ

မြစ်ဝကျွန်းပေါ်က လေဘေးသင့် ဒုက္ခသည်တွေကို စစ်တပ်နဲ့ ဒေသခံအာဏာပိုင်တွေက အဓမ္မ လုပ်အားပေး ခိုင်းစေနေပြီး သက်ကြီးရွယ်အိုတွေကိုလည်း မခြေမငံ ဆက်ဆံနေတဲ့ အကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အခု အဓမ္မလုပ်အားပေးခိုင်းခံနေရတဲ့ အဓိက နေရာတွေ ကတော့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်မှာ ဖြစ်ပါတယ်။ အခုလို လုပ်အားပေးခိုင်းစေဖို့အတွက် လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက် အတွင်း စစ်တပ်က နေ့တိုင်း တန်းစီခိုင်းခဲ့တဲ့ အကြောင်း ဒီဒေသမှာ ကယ်ဆယ်ရေး လုပ်ပေးသူထံကို ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်၊ အင်္ဂါနေ့ရက်စွဲနဲ့ အခုလို စာရေးတိုင်ကြားခဲ့တာပါ။ 

“ ၁၀ ရက်၊ ၆ လ၊ ၂၀၀၈ နံနက်စောစော၊ ၆ နာရီ ၃၀ ရွာသားများကို လုပ်အားပေးရန် တန်းစီ ခိုင်းပါသည်။ တန်းစီခိုင်းသည်မှာ ၁၅၊ ၁၆ ရက်လောက် ရှိပါသည်။  လူမစုံလျင် ဆဲဆို၊ ကြိမ်းမောင်း ပြောဆိုကာ တပ်မ (၅၁)၊ ဒါမှမဟုတ်လည်း တပ်မ (၆၆) လားမသိဘူး၊ နှမချင်း၊ အဖေချင်း မစာနာပဲ ဆိုပါသည်။ ဆယ်အိမ်မှုး၊ ရာအိမ်မှုးများ တန်းစီခိုင်းပြီး စစ်တပ်ကို အပ်ပါသည်။ ထိုမှတဆင့် လုပ်အားပေး များကို စတင်ခိုင်းပါသည်။ မနက် ၆ နာရီ ၃၀ မှ ၁၁ နာရီအထိ ခိုင်းပါသည်။ ယောက်ျား၊ မိန်းမမှန်သမျှ အကုန်ခိုင်းပါသည်။ နေ့လည် ၁၁ နာရီမှ ကိုယ့်ထမင်းကို စားရပါသည်။”

လတ်တလောအခြေအနေမှာ ဒေသခံအာဏာပိုင်တွေက လေဘေးဒုက္ခသည်တွေကို ဆန်တချို့ဝေပေးနေတာကို ခုတုန်းလုပ်ပြီးတော့မှ အခုလို အဓမ္မခိုင်းစေနေတာဖြစ်ပြီး ရတ၀ပါ ဒုက္ခသည်တွေနဲ့ အတူ ထွက်ပြေးရတဲ့အကြောင်း အဲဒီ ဒေသခံက အခုလို ဆက်ပြောပြပါ။

“ ဆန်သူတို့ကနေပြီးတော့ ဆန်တွေဘာတွေဖြန့်ပြီးတော့ သူတို့က ကျွေးရတဲ့ပုံစံမျိုးဖြစ်နေတယ်။ ဖြစ်တော့ သူတို့ ကျွေးထားတာပေါ့ဆိုပြီး ရွာသူ ရွာသားတွေကို ဆန်တွေထုတ်ပေးပြီးတော့ ရွာသူ၊ ရွာသားတွေကို သူတို့ ခိုင်းတာပေါ့၊ သူတို့ အလုပ်သမားတွေလို သဘောထားပြီးတော့ ဆဲဆို ကြိမ်းမောင်း ဘာညာလုပ်ပြီးတော့။ အဲဒီတော့ မခံချင်တဲ့ ရွာသားတချို့ မတတ်နိုင်တော့ မြို့ပေါ် တက်ပြေးကြတယ်။ ရ၀တတောင် တက်ပြေးရတယ်။ ”

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ငွေကြေးဈေးကွက် တည်ငြိမ်ရေး စီမံချက် ထိပ်သီး နိုင်ငံများ သဘောတူ  Audio Clip Available

  More From VOA
ဒေါ်စု နေအိမ်အကျယ်ချုပ် အယူခံ လျှောက်လဲချက် ပေးခွင့် ရှေ့နေတွေ မျှော်လင့်  Audio Clip Available
ဘဏ္ဍာရေး အကျပ်အတည်း ဖြေရှင်းရေး စက်မှု ထိပ်သီးများ ဆွေးနွေး  Audio Clip Available
အာရှ စတော့ရှယ်ယာ ဈေးကွက် ထပ်ပြီး ကျဆင်းနေ  Audio Clip Available
ဖင်လန် သမ္မတဟောင်း မာတီအက်ရှ်တီ ဆာရီ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ  Audio Clip Available
မယ်လမင်းပါသည့် နို့မုန့်များ မြန်မာနိုင်ငံကို တင်သွင်းခွင့် ပိတ်ပင်  Audio Clip Available
ကုလသမဂ္ဂ စောင့်ရှောက်ခံ ဒုက္ခသည် သုံးပုံတပုံ အခြေခံလိုအပ်ချက် မပြည့်  Audio Clip Available
အမေရိကန် အစုရှယ်ယာဈေး အဖတ်မဆယ်နိုင်သေး  Audio Clip Available
ဒေါ်စု နေအိမ်အကျယ်ချုပ်အတွက် အယူခံလွှာ တင်လိုက်ပြီ  Audio Clip Available
မြန်မာ့လူ့အခွင့်အရေး နိုင်ငံတကာစံတွေနဲ့ အလှမ်းဝေးနေဆဲ  Audio Clip Available