Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဒုက္ခသည်များနေ့မှာ မြန်မာအစိုးရကို အမေရိကန်သမ္မတ ကတော်က ဝေဖန်

21 June 2008

မနေ့က ကမ္ဘာတ၀ှမ်း ကမ္ဘာ့ဒုက္ခသည်နေ့ အခမ်အနား ကျင်းပခဲ့ကြပါတယ်။ ဒုက္ခသည်များနဲ့ လူဝင်မှုဆိုင်ရာ အမေရိကန် ကော်မတီက ကမ္ဘာတ၀ှမ်း ဒုက္ခသည်ပေါင်း ၁၄ သန်းထက်မနဲ ရှိတယ်လို့ ကြာသပတေးနေ့က ပြောဆိုပြီး ဒါဇင်နဲ့ချီ နိုင်ငံတွေမှာ သူတို့ဟာ မတရားပြုကျင့်ခံရပြီး အကူအညီ မရကြဘူးလို့ ပြောပါတယ်။

၂၀၀၃ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ ၀င်ရောက်တိုက်ခိုက်မှုနောက်ပိုင်း အီရတ်ကနေ လူ ၂ သန်းလောက် ထွက်ပြေးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ အီရတ်ဒုက္ခသည် အများအပြားဟာ ဂျော်ဒန်နဲ့ ဆီးရီးယား နိုင်ငံတွေမှာ အခြေချခဲ့ကြပေမယ့် တရားဝင် အလုပ်လုပ်ကိုင်ခွင့်မရကြဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။ မနေ့က အိမ်ဖြူအခမ်းအနားမှာ သမ္မတကတော် လော်ရာဘုရှ်က အီရတ်နဲ့ အာဖဂန်နစ်စတန်မှာ နေထိုင်တဲ့ မိသားစု အများအပြားဟာ ခြိမ်းခြောက်မှု ခံနေရတုန်းပဲလို့ ပြောပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုတွေကို ဒုက္ခသည်စခန်းတွေဆီရောက်အောင် ဖိနှိပ်ချုပ်ချယ်တဲ့ မြန်မာစစ်အစိုးရက တွန်းထုတ်ခဲ့တယ်လို့ သမ္မတကတော်က ဆက်လက်ပြောကြားပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available