Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

(၂၃၂) ကြိမ်မြောက် အမေရိကန် လွတ်လပ်ရေးနေ့ ဆင်နွှဲ

05 July 2008
Kant Klein in Burmese - အစီအစဉ်ကိုရယူရန် (MP3) audio clip
Kant Klein in Burmese - နားဆင်ရန် (MP3) audio clip

President Bush at Monticello's 46th annual Independence Day celebration and naturalization ceremony, in Charlottesville, Va., 04 Jul 20008<br />
အမေရိကန်နိုင်ငံသား ခံယူပွဲ အခမ်းအနား မိန်ခွန်းပြောကြားနေသည့် သမ္မတ ဘုရှ်
(ဇူလိုင်လ ၄၊ ၂၀၀ဂ)
အင်္ဂလိပ်ကိုလိုနီ လက်အောက်က လွတ်မြောက်ခဲ့တဲ့ (၂၃၂) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို မြို့တော် ၀ါရှင်တန်ဒီစီ အပါအ၀င် အမေရိကန်နိုင်ငံ အ၀ှမ်းမှာ ကျင်းပနေကြပါတယ်။ ဒီလို လွတ်လပ်ရေးနေ့မှာ မြို့တွင်း လှည့်လည် ချီတက်ပွဲတွေ၊ မိသားစုလိုက်ထွက်ကြတဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ မီးရှူးမီးပန်း ပစ်လွှတ် ခဲ့ကြသလို အမေရိကန် နိုင်ငံသားတွေ အဖြစ် အသိအမှတ် ပြုခံရတဲ့သူတွေအတွက်တော့ ဒီလိုနေ့ဟာ အထူး အရေးပါတဲ့နေ့တနေ့ ဖြစ်ပါတယ်လို့ ဗွီအိုအေ သတင်းထောက် Kent Klein ရဲ့ သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

လွတ်လပ်ရေး ကြေညာစာတမ်းကို ရေးသားခဲ့တဲ့ အမေရိကန် သမ္မတ သောမတ်စ် ဂျက်ဖာဆင် ရဲ့ ဗာဂျီးနီးယား နေအိမ်ရှိရာ မွန်တီဆဲလိုး (Monticello) မှာ နိုင်ငံသားပေးအပ်တဲ့ အခမ်းအနားအတွင်း အမေရိကန် နိုင်ငံသားဖြစ်လာသူ ၇၂ ယောက်တို့ကို အမေရိကန် သမ္မတ ဘုရှ်က ကြိုဆိုလိုက်ပါတယ်။

"ဒီကနေ့ အခမ်းအနားမှာ အမေရိကန်နိုင်ငံသားတွေအဖြစ် ခံယူကြတဲ့ ခင်ဗျားတို့တွေဟာ နိုင်ငံပေါင်း ၃၀ ကျော်ကနေ အမေရိကန်ပြည်ထောင်စုကို အသီးသီး ရောက်လာကြတဲ့သူတွေပါ။ ခင်ဗျားတို့ဟာ မတူခြားနားတဲ့ လူမျိုးစု မျိုးနွယ်တွေ၊ ကွဲပြားတဲ့ ဘာသာတရားတွေကို ကိုယ်စားပြုကြပါတယ်။ ဒါပေမယ့် အားလုံးအတွက် တူတာတခုကတော့ လွတ်လပ်ခြင်းမှာ မြတ်နိုးမှုပါပဲ။ ဒီလို လွတ်လပ်ခြင်းမှာ မြတ်နိုးမှုက ကျနော်တို့ကို အခုလို အတူတကွ တည်ရှိခွင့် ပေးနေတာ ဖြစ်သလို ဒီမြတ်နိုးမှုကြောင့်ပဲ ကျနော်တို့အားလုံးဟာ အမေရိကန်နိုင်ငံသားတွေ ဖြစ်နေကြတာပါ။"

လွတ်လပ်ရေးကြေညာစာတမ်းမှာ ရေးသားဖော်ပြခဲ့တဲ့ သမ္မတဟောင်း သောမတ်စ် ဂျက်ဖာဆင်ရဲ့ ယုံကြည်ချက်တွေကို အတွက် မကြာခင် သမ္မတသက်တမ်း ကုန်ဆုံးမှာဖြစ်တဲ့ သမ္မတ ဘုရှ်က အလေးအနက် ဂါရ၀ ပြုခဲ့ပါတယ်။

"လွတ်လပ်ရေး ကြေညာစာတမ်းမှာ သောမတ်စ် ဂျက်ဖာဆင် ဖော်ပြခဲ့တဲ့ သူ့ရဲ့ ယုံကြည်ချက်နဲ့ အခြေခံမူဝါဒတွေဟာ နိုင်ငံသစ်တခုကို ဦးဆောင်လမ်းပြပေးတဲ့ အခြေခံ လူ့ကျင့်ဝတ်စည်းကမ်းတွေ ဖြစ်ခဲ့ပါတယ်။ ဘုရားသခင် ပေးတဲ့ အခွင့်အရေးဖြစ်တဲ့ အသက်ရှင် နေထိုင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ပျော်ရွှင်ငြိမ်းချမ်းစွာ နေထိုင်ခွင့် အစရှိတဲ့ အခွင့်အရေးတွေ လူသားအားလုံးမှာ တန်းတူ ရှိကြတယ် ဆိုတဲ့ ဒီယုံကြည်ချက်ကို ကျနော်တို့ရဲ့ နောင်လာနောက်သားတွေ၊ အမေရိကန်တွေကလည်း အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။"

ဇူလိုင်လ ၄ ရက်နေ့ဟာ အမေရိကန်သမိုင်းမှာ ပြန်ပြောင်း အမှတ်ရစရာ အကောင်းဆုံး နေ့တနေ့ ဖြစ်သလို ဒီနေ့မှာ မြို့တွင်း လှည့်လည်ချီတက်ပွဲတွေ၊ အခမ်းအနားတွေ၊ မီးရှူးမီးပန်း အလှအပတွေနဲ့ ဂုဏ်ပြုကျင်းပကြတာ ဖြစ်တယ်လို့ လွတ်လပ်ရေး ကြေညာစာတမ်းကို လတ်မှတ်ရေးထိုးခဲ့သူ၊ သမ္မတ ဂျက်ဖာဆင် နောက် သမ္မတ အဖြစ် တာဝန်ယူခဲ့တဲ့ ဂျွန် အဒမ် (John Adams) က ဆိုပါတယ်။

မစ္စတာ အဒမ် ပြောသလိုပဲ ဒီလို လွတ်လပ်ရေးနေ့မှာ အထိန်းအမှတ် အခမ်းအနားတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို အမေရိကန် တ၀ှမ်းက ပြည်သူတွေ နှစ်ဆင်နှစ်တိုင်း ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ အခု မြို့တော် ၀ါရှင်တန်ဒီစီမှာလည်း နိုင်ငံအ၀ှမ်းက သောင်းနဲ့ချီ ပြည်သူတွေ စုရုံးပြီး လွတ်လပ်ရေးနေ့ကို ဆင်နွှဲနေကြပါတယ်။

"လွတ်လပ်တဲ့ တိုင်းပြည်မှာနေပြီး ကျမတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးဖြစ်တဲ့ လွတ်လပ်မှုကို ခံစားရပါတယ်။" – လို့ လွတ်လပ်ရေးနေ့ပွဲကို ရောက်လာတဲ့ သူ အမျိုးသမီးတယောက်က ဆိုသလို တခြား အမျိးသမီးတဦးကလည်း -

"ဒါကို လွတ်လပ်ခြင်း လို့ ခေါ်တာပါပဲ။" - လို့ ဆိုပါတယ်။

"စားစရာတွေနဲ့ သောက်စရာတွေလေ။" လို့လည်း တခြား တယောက်က ပြောပြနေတာပါ။

"တိုင်းပြည်တပြည်မှာ လွတ်လပ်ခွင့် ရှိတာကနေ ကမ္ဘာတ၀ှမ်း လွတ်လပ်ခွင့်တွေ ရှိလာအောင်လည်း ပိုပြီးတော့ လုပ်နိုင်ပါတယ်။ အမေရိကန်နိုင်ငံသားတယောက် ဖြစ်ရတာ ဂုဏ်ပါတယ်။" - လို့လည်း လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်လာသူ တဦးက ပြောဆိုခဲ့ပါတယ်။

အီရတ်နိုင်ငံမှာ စစ်မှုထမ်းနေတဲ့ အမေရိကန် တပ်သား ၁,၂၀၀ ကျော်ကလည်း လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုရင်း အီရတ်စစ်ဆင်ရေးမှာ ဆက်ပြီး တာဝန်ထမ်းဆာင်ဖို့ စာရင်းပေးခဲ့ကြပါတယ်။

ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ဘားရက် အိုဘားမား လည်း အနောက်မြောက်ပြည်နယ် မွန်တားနား (Montana) က လွတ်လပ်ရေးနေ့ မြို့တွင်း လှည့်လည်ပွဲကို တက်ရောက်ခဲ့သလို ရီပက်ပလစ်ကန် ပါတီဘက်က သမ္မတလောင်း ကလည်း သူ့ရဲ့ မွေးရပ်ဇာတိ အရီဇိုးနား ပြည်နယ်မှာ လွတ်လပ်ရေးနေ့ကို ဆင်နွှဲခဲ့ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အာရှ စတော့ရှယ်ယာ ဈေးကွက် ထပ်ပြီး ကျဆင်းနေ  Audio Clip Available

  More From VOA
ဖင်လန် သမ္မတဟောင်း မာတီအက်ရှ်တီ ဆာရီ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ  Audio Clip Available
မယ်လမင်းပါသည့် နို့မုန့်များ မြန်မာနိုင်ငံကို တင်သွင်းခွင့် ပိတ်ပင်  Audio Clip Available
ကုလသမဂ္ဂ စောင့်ရှောက်ခံ ဒုက္ခသည် သုံးပုံတပုံ အခြေခံလိုအပ်ချက် မပြည့်  Audio Clip Available
အမေရိကန် အစုရှယ်ယာဈေး အဖတ်မဆယ်နိုင်သေး  Audio Clip Available
ဒေါ်စု နေအိမ်အကျယ်ချုပ်အတွက် အယူခံလွှာ တင်လိုက်ပြီ  Audio Clip Available
မြန်မာ့လူ့အခွင့်အရေး နိုင်ငံတကာစံတွေနဲ့ အလှမ်းဝေးနေဆဲ  Audio Clip Available
မလေးရှားဝန်ကြီးချုပ် ဘာဒါဝီ နုတ်ထွက်မည်  Audio Clip Available
ဒီမိုကရေစီလမ်းပြမြေပုံအတွက် လူ့အခွင့်အရေးလိုအပ်ချက် ကင်တားနား ထောက်ပြ  Audio Clip Available
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အတိုက်အခံ အင်အားစု အပေါ် စစ်အစိုးရ ဖိနှိပ်မှု ပိုဆိုးလာ  Audio Clip Available
ဗဟိုဘဏ်ကြီးတွေ အတိုးနှုန်းလျော့ချဖို့ ၀ိုင်းဝန်း ညှိုနှိုင်း  Audio Clip Available
အာဆီယံပဋိညာဉ် လက်မှတ်ရေးထိုးရန် အင်ဒိုနီးရှား လွှတ်တော် သဘောတူ  Audio Clip Available