Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဇင်ဘာဘွေ အကျပ်အတည်း ဖြေရှင်းဖို့ မူဂါဘီနှင့် တောင်အာဖရိက သမ္မတ တွေ့ဆုံ

06 July 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

ဇင်ဘာဘွေနိုင်ငံက နိုင်ငံအရေး အကျပ်အတည်းတွေကို ကူညီဖြေရှင်းဖို့ တောင်အာဖရိကနိုင်ငံ သမ္မတ သန်ဘို အမ်ဘီကီ (Thabo Mbeki) ဟာ ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီ (Robert Mugabe) နဲ့ တွေ့ဆုံခဲ့ပါတယ်။

စနေနေ့တုန်းကလည်း အတိုက်အခံ ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုအဖွဲ့က နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မစ္စတာ အမ်ဘီကီ တွေ့ဆုံခဲ့ပါသေးတယ်။ ဒါပေမယ့် အတိုက်အခံ ပါတီခေါင်းဆောင် မော်ဂန်ရှန်ဂရိုင်း ကတော့ အဲဒီ တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ငြင်းဆိုခဲ့ပါတယ်။

နှစ်ဖက်ပါတီအကြား စေ့စပ်ညှိနှိုင်းမှုမှာ အာဖရိက သမဂ္ဂ AU ပါဝင်လာတာကို အတိုက်အခံ ပါတီက စောင့်နေတာ ဖြစ်တယ်လို့ အတိုက်အခံပါတီ ပြောခွင့်ရသူက ပြောပါတယ်။ မစ္စတာ အမ်ဘီကီရဲ့ စေ့စပ်ညှိနှိုင်းမှုက သမ္မတ မူဂါဘီကို ဘက်လိုက်တာမျိုးတွေ ရှိတယ်လို့ အတိုက်အခံအဖွဲ့က ဝေဖန်ပါတယ်။

မစ္စတာ မာဘီကီကတော့ စေ့စပ်ညှိနှိုင်းမှု အမြန်ဆုံး ရှေ့ဆက်နိုင်ဖို့ လိုလားတယ်လို့ စနေနေ့က ဆွေးနွေးမှုအပြီးမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒီအစည်းအဝေးကို မစ္စတာ ရှန်ဂရိုင်း မတက်ရောက်တာနဲ့ပတ်သက်လို့ ဒါဟာ လေးစားမှုမဲ့ရာ ရောက်တယ်လို့ ဖြစ်တယ်လို့ ဇင်ဘာဘွေ အစိုးရအရာတွေက ဝေဖန်ကြပါတယ်။

မစ္စတာ ရှန်ဂရိုင်းဟာ သူ့ကို ထောက်ခံသူတွေအပေါ် အစိုးရဖက်က စနစ်တကျ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်နေတာကြောင့် ဇွန်လထဲမှာလုပ်တဲ့ တကြော့ပြန် သမ္မတ ရွေးကောက်ပွဲကနေ နုတ်ထွက်ခဲ့တာပဲ ဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Related Stories
 
  Top Story
ရန်ကုန်မှာ ခရီးသည်တင်လိုင်းကား ပေါက်ကွဲ၊ လူ ၇ ဦး သေဆုံး

  More From VOA
ငွေကြေးပြဿနာ ကြုံနေရတဲ့ ဘဏ်များအတွက် အစိုးရများ ၀ိုင်းကူညီမည်
ဘဏ္ဍာရေး အကျပ်အတည်း ပြေလည်ရေး ကမ္ဘာ့ ခေါင်းဆောင်တွေ ဆက်လက် ကြိုးပမ်းနေ  Audio Clip Available
နိုင်ငံရေး တက်ကြွလှုပ်ရှားသူ (၈) ဦး ဖမ်ဆီးခံရ  Audio Clip Available
စီးပွားရေး အကျပ်အတည်း ဖြေရှင်းရေး ငွေကြေးဆိုင်ရာ ကမ္ဘာ့ ခေါင်းဆောင်များဆွေးနွေး  Audio Clip Available
စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရေး အတူတကွ လုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းခဲ့ဖူး  Audio Clip Available
မြောက်ကိုရီးယားကို အကြမ်းဖက်ဝါဒ နာမည်ပျက်စာရင်းက ဖယ်ရှား  Audio Clip Available
ငွေကြေးဈေးကွက် တည်ငြိမ်ရေး စီမံချက် ထိပ်သီး နိုင်ငံများ သဘောတူ  Audio Clip Available
ဒေါ်စု နေအိမ်အကျယ်ချုပ် အယူခံ လျှောက်လဲချက် ပေးခွင့် ရှေ့နေတွေ မျှော်လင့်  Audio Clip Available
ဘဏ္ဍာရေး အကျပ်အတည်း ဖြေရှင်းရေး စက်မှု ထိပ်သီးများ ဆွေးနွေး  Audio Clip Available