Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ပါကစ္စတန်မြို့တော်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ၁၅ဦးသေဆုံး

07 July 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့က ဗလီနီအနားမှာ ရဲတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး လူ ၁၅ဦး သေဆုံးပြီး ၂၂ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ထိခိုက်သေဆုံးသူ အတော်များများကတော့ ရဲတွေဖြစ်တယ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဗလီနီကို စစ်တပ်က စီးနင်းတိုက်ခိုက်ခဲ့တဲ့ တနှစ်ပြည့်အနေနဲ့ တောင်နဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေ စုဝေးပြီး အထိမ်းအမှတ်လုပ်ကြပြီးနောက် မကြာခင်မှာပဲ အခုလို တိုက်ခိုက်မှုဖြစ်ခဲ့တာပါ။

ဒီ အထိမ်းအမှတ်လူထုစုဝေးပွဲကို စောင့်ကြည့်လုံခြုံရေးယူထားကြတဲ့ ရဲတွေကို အသေခံဗုံးခွဲသူက ပစ်မှတ်ထား တိုက်ခိုက်တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်ဆိုပြီး သမတ ပါဗာဇ် မူရှရတ်ကတော့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဗလီနီမှာလုပ်တဲ့ အထိမ်းအမှတ် စုဝေးပွဲကြောင့် ပါကစ္စတန်မှာ တင်းတင်းကြပ်ကြပ်လုံခြုံရေးယူထားပါတယ်။ အဲဒီ ဒေသကို ယဉ်သွားယဉ်လာတွေ ပိတ်ဆို့ထားသလို အတားအဆီးတွေ ချထားပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အာရှ စတော့ရှယ်ယာ ဈေးကွက် ထပ်ပြီး ကျဆင်းနေ  Audio Clip Available

  More From VOA
ဖင်လန် သမ္မတဟောင်း မာတီအက်ရှ်တီ ဆာရီ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ  Audio Clip Available
မယ်လမင်းပါသည့် နို့မုန့်များ မြန်မာနိုင်ငံကို တင်သွင်းခွင့် ပိတ်ပင်  Audio Clip Available
ကုလသမဂ္ဂ စောင့်ရှောက်ခံ ဒုက္ခသည် သုံးပုံတပုံ အခြေခံလိုအပ်ချက် မပြည့်  Audio Clip Available
အမေရိကန် အစုရှယ်ယာဈေး အဖတ်မဆယ်နိုင်သေး  Audio Clip Available
ဒေါ်စု နေအိမ်အကျယ်ချုပ်အတွက် အယူခံလွှာ တင်လိုက်ပြီ  Audio Clip Available
မြန်မာ့လူ့အခွင့်အရေး နိုင်ငံတကာစံတွေနဲ့ အလှမ်းဝေးနေဆဲ  Audio Clip Available
မလေးရှားဝန်ကြီးချုပ် ဘာဒါဝီ နုတ်ထွက်မည်  Audio Clip Available
ဒီမိုကရေစီလမ်းပြမြေပုံအတွက် လူ့အခွင့်အရေးလိုအပ်ချက် ကင်တားနား ထောက်ပြ  Audio Clip Available
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အတိုက်အခံ အင်အားစု အပေါ် စစ်အစိုးရ ဖိနှိပ်မှု ပိုဆိုးလာ  Audio Clip Available
ဗဟိုဘဏ်ကြီးတွေ အတိုးနှုန်းလျော့ချဖို့ ၀ိုင်းဝန်း ညှိုနှိုင်း  Audio Clip Available
အာဆီယံပဋိညာဉ် လက်မှတ်ရေးထိုးရန် အင်ဒိုနီးရှား လွှတ်တော် သဘောတူ  Audio Clip Available