Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

၂၀၅၀ မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထက်ဝက်လျှော့ချရေး စက်မှုထိပ်သီးများ သတ်မှတ်

08 July 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

G8 leaders exchange talks at the G8 Hokkaido Toyako Summit in Toyako, Japan, 08 Jul 2008
G-8 ထိပ်သီးအစည်းအဝေးတွင်
တွေ့ရသော ကမ္ဘာ့ခေါင်းဆောင်များ။
ဇူလိုင် ၈၊ ၂၀၀၈။
သက္ကရာဇ် ၂၀၅၀ ခုနှစ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့
ထုတ်လွှတ်မှု တ၀က်ထိလျှော့ချဖို့ ရည်မှန်းချက်
တရပ်ကို G-8 လို့ခေါ်တဲ့ ကမ္ဘာ့စက်မှုထိပ်သီး
နိုင်ငံ ၈ နိုင်ငံခေါင်းဆောင်တွေ သဘောတူ
ချမှတ်လိုက်ကြပါပြီ။

G-8 အစည်းအဝေးကို ဂျပန်နိုင်ငံက အိမ်ရှင်
အဖြစ်လက်ခံပြီး နိုင်ငံမြောက်ပိုင်းက
ဟော့ကိုင်းဒိုးကျွန်း အပန်းဖြေစခန်းမှာ ကျင်းပ
နေတာပါ။ သဘောတူညီချက်ကို အိမ်ရှင်
ဂျပန်ဝန်ကြီးချုပ် ယဆုအို့ ဖုကုဒ (
Yasuo Fukuda) က ဒီကနေ့ ကြေညာခဲ့တာဖြစ်ပါ
တယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ရေးကို ရှေးရှုပြီး နိုင်ငံတခုချင်းစီ
ဟာ သတ်မှတ်ကာလ တ၀က်အတွက် သူတို့ရဲ့ကိုယ်ပိုင် အားကောင်းတဲ့ ရည်မှန်းချက်
တွေကို ချမှတ်နိုင်ရေး သဘောတူညီချက်က ခွင့်ပြုထားတယ်လို့ မစ္စတာဖုကုဒက
ပြောပါတယ်။

ဒီသဘောတူညီချက်ဟာ အိန္ဒိယနဲ့ တရုတ်လို တိုးတက်လာနေတဲ့ နိုင်ငံတွေလည်း
ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး ကြိုးပမ်းမှုတွေမှာ ပါဝင်ဖို့ သဘောတူရမယ်ဆိုတဲ့
အမေရိကန်သမ္မတဘုရှ် (Bush) ရဲ့ တောင်းဆိုချက်နဲ့ လိုက်လျောညီထွေရှိတယ်လို့
မစ္စတာဘုရှ်ရဲ့ ပတ်ဝန်းကျင်ရေးရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် ဂျင်မ် ကွန်နော်တန်က
ပြောပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available